အလုပ်အကိုင် ၄,၅၀၀ နီးပါး ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၅ ခု ခွင့်ပြု


31 December, 2020

(English Version Below)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းသစ် ၅ ခုကို ခွင့်ပြုခဲ့သည်။
အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၃၈.၁၇၈ သန်းနှင့် ကျပ် ၁၀၉,၂၀၄ သန်း ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၄၇၅ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
ယနေ့အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် လုပ်ငန်းများအနက် စစ်ကိုင်းတိုင်းဒေသကြီး၌ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ၂ ခုနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ရေငန်ပုစွန်မွေးမြူ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ၁ ခု တို့လည်း အပါအဝင် ဖြစ်ပါသည်။
ခွင့်ပြုပေးခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်) လုပ်ငန်းသည် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရာသီဉတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (Nationally Determined Contribution- NDC) ကို ယခုနှစ်မကုန်မီ ဆောင်ရွက်သွားမည့် ရည်မှန်းချက်အရလည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည့် Climate Ambition Summit ၌ ပြောကြားခဲ့သည့် ဗီဒီယိုမိန့်ခွန်းတွင် ပါရှိသည့် လမ်းညွှန်ချက်အရ လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၁ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆.၁၁ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆.၀၃ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄.၅၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

 

<eng>
MIC Greenlights Five New Investment Proposals
Approved Projects Include Two 30 MW Solar Projects
30 December 2020
The Myanmar Investment Commission (MIC) held its final meeting for the year today via video conference.
The meeting, chaired by Union Minister for Investment and Foreign Economic Relations and Chairman of the MIC U ThaungTun, was attended by Vice-Chairman Dr.Than Myint, Union Minister for Commerce and members of the Commission.
The meeting approved 5 new investments proposals and an increase in capital in 4 existing projects. The approved investments covered the energy, fishery, hotel and services sectors and totaled US$ 138.178 million and K109.204 billion.The projects are expected to create over 4,000 job opportunities.
The new projects approved by the MIC include two 30 MW solar power projects in Sagaing Region and a shrimp farm project in Tanintharyi Region.
The solar power projects are in keeping with the commitment made by State Counsellor Daw Aung San Suu Kyi to tackle climate change in her address to the virtual Climate Ambition Summit held on 12 December 2020. In her statement, the State Counsellor announced Myanmar’s intention to submit its Nationally Determined Contribution (NDC) by the end of the year.
The NDC will aim to reduce over 243 million tonnes of carbon dioxide by increasing the share of renewable energy to 39% and reducing the net emission from the forestry sector by 25%.
It is learnt that Singapore, People’s Republic of China and Thailand currently head the list of 51 countries/regions investing in Myanmar. Investments in 12 sectors include -- 26.11 % in the electricity sector, 26.03 % in the oil and gas sector and 14.58 in the manufacturing sector.

Investment/Divestment Read 474 times