အမေရိကန်၊ ဂျပန် ကုမ္ပဏီများအပါအဝင် နိုင်ငံခြား အသက်အာမခံကုမ္ပဏီငါးခုကို ပြည်တွင်းမှာ ပထမဦးဆုံး လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဟောင်ကောင်အခြေစိုက် AIA ကုမ္ပဏီ၊ အမေရိကန်အခြေစိုက် Chubb Tempest Reins- urance ကုမ္ပဏီ၊ ဂျပန်အာမခံကုမ္ပဏီ Dai Ichi Life Insur- ance ၊ ကနေဒါအခြေစိုက် Manu- factures Life ကုမ္ပဏီနဲ့ Prude-ntial ဟောင်ကောင်ကုမ္ပဏီတို့ လုပ်ကိုင်ခွင့်ရထားပြီး ၂၀၁၉ နှစ်ကုန်မှာ လုပ်ငန်းစတင်ခွင့်ရမှာ ဖြစ်ပါတယ်။
ရွေးချယ်မခံရသော ကျန်ကုမ္ပဏီများလည်း ပြည်တွင်းရှိ အသက်အာမခံလုပ်ငန်း ကုမ္ပဏီများနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မှာဖြစ်ပြီး အကျိုးတူပူးပေါင်းမှုမှာ နိုင်ငံခြားကုမ္ပဏီများက ရှယ်ယာ ၃၅ ရာခိုင်နှုန်းပိုင်ဆိုင်မှာ ဖြစ်ပါတယ်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ကြေညာချက်အရ နိုင်ငံခြားကုမ္ပဏီများဟာ အာမခံလုပ်ငန်း နှစ်မျိုးဖြစ်တဲ့ အသက်အာမခံနဲ့ အထွေထွေအာမခံလုပ်ငန်းတို့ လုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်။
အသက်အာမခံမှာ ရွေးချယ်ခွင့်နှစ်ခုရှိပြီး တစ်ခုက နိုင်ငံခြားသား အာမခံကုမ္ပဏီအဖြစ် ၁၀၀ ရာခိုင်နှုန်းပြည့် ဆောင်ရွက်နိုင်မှာဖြစ်ပြီး နောက်တစ်ခုက ပြည်တွင်းမှာ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ထားတဲ့ နိုင်ငံခြား အာမခံကုမ္ပဏီနဲ့ ပြည်တွင်း အသက်အာမခံကုမ္ပဏီတို့ ဖက်စပ် ဆောင်ရွက်နိုင်ပါတယ်။
အထွေထွေအာမခံမှာ နိုင်ငံခြားကုမ္ပဏီများကို ပြည်တွင်းကုမ္ပဏီများနဲ့သာ လုပ်ကိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းကို ပုဂ္ဂလိကသို့ ၂၀၁၃ မှာ လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ကုမ္ပဏီ ၁၁ ခုကို စတင်ခွင့်ပြုခဲ့ပါတယ်။
7Day Daily