ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်သည့် ပုံစံနှင့် စပ်လျဉ်း၍ ဗဟိုဘဏ် ကြေညာချက် ထုတ်ပြန်ထားပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်
ညွှန်ကြားချက်အမှတ် (၁၁/၂၀၂၀)
အကြောင်းအရာ၊ ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်သည့်ပုံစံအား ယာယီပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်အား သက်တမ်းတိုးမြှင့်ခြင်း
ရည်ညွှန်းချက် ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၉-၄-၂၀၂၀ ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၇/၂၀၂၀)
၁။ COVID-19 နှင့်ဆက်စပ်သည့် သက်ရောက်မှုများ လျော့ပါးသက်သာစေရေးအတွက် ဘဏ် များအား ဖြေလျှော့ပေးသည့်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးလွယ်ကူမှုအချိုး တွက်ချက်ရာတွင် သက်တမ်းတစ်နှစ်ထက်ပို၍ ကျန်ရှိသော ငွေတိုက်စာချုပ်များတန်ဖိုး၏ ၅၀% ကို ထည့်သွင်းတွက်ချက်ရန် ခွင့်ပြုခဲ့ခြင်းအစား ၂၀-၄-၂၀၂၀ ရက်နေ့မှ ၃၀-၉-၂၀၂၀ ရက်နေ့အထိ ကာလ အတွင်း ၉၀% အထိ ထည့်သွင်းတွက်ချက်ခွင့်ပြုသည့် ယာယီပြင်ဆင်သတ်မှတ်ချက်ကို ရည်ညွှန်းချက်ပါ ညွှန်ကြားချက်အမှတ် (၇/၂၀၂၀) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။
၂။ ရည်ညွှန်းချက်ပါ ညွှန်ကြားချက်အရ ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်မှု ယာယီပြင်ဆင်သတ်မှတ် သည့် ၂၀-၄-၂၀၂၀ ရက်နေ့မှ ၃၀-၉-၂၀၂၀ ရက်နေ့အထိကာလအား ၁-၁၀-၂၀၂၀ ရက်နေ့မှ ၃၁-၃-၂၀၂၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ပေးလိုက်သည်။ ၃။ ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်ခြင်း ယာယီပြင်ဆင်ချက်ကို သက်တမ်းတိုးမြှင့်ပေးခြင်းမှ အပ ငွေကြေးလွယ်ကူမှုအချိုးသတ်မှတ်ချက်ဆိုင်ရာစည်းမျဉ်းပါ ကျန်အချက်များသည် ယခင်အတိုင်း မပြောင်းလဲဘဲ ဆက်လက်တည်ရှိမည်ဖြစ်သည်။
(ပုံ)xxxxxxxxxxxxxxxxx
ဥက္ကဋ္ဌ (ကိုယ်စား)
(စိုးသိန်း၊ ဒုတိယဥက္ကဋ္ဌ)
ဖြန့်ဝေခြင်း
ဘဏ်များအားလုံး
မိတ္တူကို
ရုံးလက်ခံ