ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ကျပ် ၅၀၀ တန် ထုတ်ဝေမယ်


18 June, 2020

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုပ်ပုံနဲ့ ကျပ် ၅၀၀ တန် ပုံစံသစ် ငွေစက္ကူတွေကို ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ စတင်ထုတ်ဝေမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူ ငွေကျပ် ၅၀ တန်၊ ငွေကျပ် ၁၀၀ တန်၊ ငွေကျပ် ၅၀၀ တန်၊ ငွေကျပ် ၅၀၀၀ တန်နှင့် ငွေကျပ် ၁၀၀၀၀ တန်စသည့် ငွေစက္ကူများကို ဆက်လက် ထုတ်ဝေသွားမည်ဟု ဗဟိုဘဏ်ဥက္ကဌဦးကျော်ကျော်မောင်ကပြောခဲ့ပြီး နိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၀ ပြည့် နှစ် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ဂုဏ်ပြုသည့်အနေဖြင့် ငွေကျပ် တစ်ထောင်တန် ငွေစက္ကူပုံစံသစ်ကို ဂုဏ်ပြု ထုတ်ဝေ ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စတုတ္ထတစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများ အပါအဝင် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြီးခဲ့သည့် ဧပြီလက ပြည်သူကိုအစီရင်ခံ တင်ပြရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်ဥက္ကဌက အထက်ပါငွေစက္ကူပုံစံသစ် များအား ထုတ်ဝေဖို့အတွက် စီစဉ်ခဲ့သည်မှာကြာပြီဟု ထည့်သွင်းပြောဆိုခဲ့သေးသည်။

သတင်းများ

Banking & Loan Read 1508 times