နိုင်ငံ့ဝန်ထမ်းများ ညွှန်ကြားချက် ၄ ချက်ဖြင့် အင်အား ၅၀%သာ တာဝန်ထမ်းဆောင်စေမည်


06 September, 2020

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသအမျိုးသားအဆင့်ဗဟိုကော်မတီမှ  နိုင်ငံ့ဝန်ထမ်းများ ညွှန်ကြားချက် ၄ ချက်ဖြင့် အင်အား ၅၀%သာ တာဝန်ထမ်းဆောင်စေရန် ညွှန်ကြားချက် ထုတ်ပြန်ထားပါသည်။ 

 နိုင်ငံ့ဝန်ထမ်းများသို့ COVID-19 ရောဂါ ကူးစက် မခံရစေရေး၊ ရုံးလုပ်ငန်းတာဝန်များ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်စေရေးတို့အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်သွားရန် ဖြစ်ပါသည်

(က) ရုံးဌာနများအနေဖြင့် ရုံးချိန်အတွင်း လက်ရှိဝန်ထမ်းအင်အား၏ (၅၀)ရာခိုင်နှုန်းကိုသာ တာဝန်ထမ်းဆောင်စေရန်။ 

(ခ) ကျန်ဝန်ထမ်း(၅၀)ရာခိုင်နှုန်းအား မိမိတို့ ဝန်ထမ်းအိမ်ရာ၊ အဆောင်နှင့် နေအိမ်စသည့်နေရာများတွင် တာဝန်ချိန်အဖြစ် သတ်မှတ်နေထိုင်စေရန်နှင့် လိုအပ်၍ ခေါ်ယူပါက အချိန်နှင့်တစ်ပြေးညီ ရုံးသို့ လာရောက်တာဝန်ထမ်းဆောင် နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်။ '

(ဂ)ရုံး/ဌာနဝန်ထမ်းအိမ်ရာ၊ အဆောင်နှင့် မိမိတို့နေအိမ်နှင့် အနီးပတ်ဝန်းကျင်တွင်  COVID-19 သံသယရှိသူကို တွေ့ရှိလျှင်သော်လည်းကောင်း၊ မိမိကိုယ်တိုင် covID-19 ရောဂါလက္ခဏာ ခံစားသည်ဟု သံသယရှိလျှင်သော်လည်းကောင်း သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှတစ်ဆင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနသို့ အချိန်နှင့်တစ်ပြေးညီ အသိပေးအကြောင်းကြားပြီး ကြည်ဖြူလိုလားစွာ ဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ရန်။ 

(ဃ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်လျက်ရှိသော  COVID-19နှင့်စပ်လျဉ်းသည့် ကျန်းမာရေးဆိုင်ရာသတိပေးချက်၊ ညွှန်ကြားချက်များကို ၊တိကျစွာလိုက်နာဆောင်ရွက်ရန်။ 

အထက်ပါညွှန်ကြားချက်များကို (၉-၉-၂၀၂၀)ရက်တွင် စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် မိမိလက်အောက်ဌာနအဆင့်ဆင့်ရှိ ဝန်ထမ်းများမှ တိကျစွာ လိုက်နာ ဆောင်ရွက်ရေး တာဝန်ရှိသူအဆင့်ဆင့်ကလည်း ကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန်မှုအရ အကြောင်းကြားပါသည်။ ။

Local News Read 984 times