အောက်တိုဘာ (၁) ရက်မှစ၍ အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခလစာ တိုးမြှင့်ပေးမည်


22 August, 2023

လာအိုနိုင်ငံ၌ လူနေမှုစရိတ် မြင့်မားလာမှုကို လိုက်လျောညီထွေ ဖြစ်စေရန်အတွက် အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာကို ကစ်ပ် ၁,၃၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆၆ ဒေါ်လာ) မှ ကစ်ပ် ၁,၆၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၈၂ ဒေါ်လာ) သို့ တိုးမြှင့်သတ်မှတ်ရန် လာအိုအစိုးရက အတည်ပြုလိုက်ပြီ ဖြစ်သည်။

ဇူလိုင်လအတွင်း ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့၏ လစဉ်အစည်းအဝေးအပြီးတွင် လာမည့် အောက်တိုဘာ (၁) ရက်ကစ၍ လာအိုနိုင်ငံရှိ အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခလစာတိုးမြှင့်ရေး ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း လာအိုပတ္တနာ သတင်းဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းကြောင့် လာအိုတွင် လူနေမှုကုန်ကျစရိတ်အပေါ် သိသာစွာ သက်ရောက်မှု ရှိစေသောကြောင့် အနည်းဆုံး အခကြေးငွေကို တိုးမြှင့်ရန် ၂၀၂၃ ခုနှစ် ဇွန်လတွင် အမျိုးသားလွှတ်တော်က အဆိုပြုခဲ့သည်။
 

Advertisement

Click Here > Meditech Co., Ltd.

 

လာအိုငွေကြေးတန်ဖိုး ကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းသည် လာအိုနိုင်ငံသားများ အိမ်နီးချင်းနိုင်ငံများတွင် အလုပ်အကိုင် ရှာဖွေရန်အတွက် အဓိကအကြောင်းရင်း ဖြစ်လာပြီး လာအိုတွင် လုပ်သားရှားပါးမှုကို ဖြစ်ပေါ်စေခဲ့သည်။

အခြားနိုင်ငံများတွင် လစာပိုကောင်းသော အလုပ်အကိုင်များ ရရှိရန် လာအိုနိုင်ငံမှ ထွက်ခွာသူ ပိုများလာသဖြင့် နိုင်ငံ၏ စီးပွားရေး ဆက်လက်ဆိုးရွားနေမည်ကို စိုးရိမ်နေရကြောင်း အမျိုးသားလွှတ်တော် အဖွဲ့ဝင်များက ထုတ်ဖော် ပြောကြားသည်။

ယခုနှစ်အတွင်း လာအိုနိုင်ငံမှ ကျွမ်းကျင်လုပ်သား ၃၁,၃၉၄ ဦးခန့် ပြည်ပသို့ ထွက်ခွာခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသူ ၃၀,၂၀၀ ကျော် ရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် လာအိုနိုင်ငံသား ၅၀၀,၇၁၂ ဦးသည် နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြောင်း အလုပ်သမားနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။

Source : Xinhua

Labour Affairs Read 613 times