ကုန်းတွင်းလုပ်ကွက်များမှ ထုတ်လုပ်တဲ့ ရေနံစိမ်း တန်ချိန်နှစ်သိန်းခွဲကျော် ချက်လုပ်ခဲ့မှုမှ တစ်နှစ်အတွင်း ဓာတ်ဆီတန်ချိန် ၆၇၀၀၀ ကျော်နှင့် ဒီဇယ်ဆီတန်ချိန် တစ်သိန်းကျော် ထုတ်လုပ်နိုင်ခဲ့တယ်လို့ ဒေါက်တာထွန်းနိုင်က ကုန်းတွင်းမှာထုတ်လုပ်တဲ့ ရေနံစိမ်းတွေကို ကျွန်တော်တို့ကိုယ်တိုင် ချက်လုပ်တဲ့အခါ အခု တတိယတစ်နှစ်တာအတွင်းမှာ ချက်လုပ်ပြီးစီးတဲ့ ရေနံစိမ်းက မက်ထရစ်တန်ပေါင်း ၂၅၁၅၀၉ ဖြစ်ပါတယ်။
အဲ့လိုချက်လုပ်ခဲ့တဲ့အတွက် ဓာတ်ဆီမက်ထရစ်တန် ၆၇၀၈၀ နဲ့ ဒီဇယ်ဆီ ၁၁၀၂၄၂ မက်ထရစ်တန်တို့ ရရှိခဲ့ပါတယ်လို့ ပြောပါတယ်။
ယင်းကဲ့သို့ ရေနံချက်လုပ်ပြီး ထွက်ရှိလာတဲ့ ရေနံထွက်ပစ္စည်းများကို ရောင်းချနိုင်ခဲ့တဲ့အတွက် ဝင်ငွေရရှိမှုမှာ ယခင်နှစ်ကထက် ၃၈ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ပြီး ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။ အစိုးရသစ်ရဲ့ တတိယနှစ်တာအတွင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်များနဲ့ ပတ်သက်ပြီး ဒေါက်တာထွန်းနိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ကမ်းလွန်မှာရှိနေတဲ့ သဘာဝဓာတ်ငွေ့သိုက်များကို ရှာဖွေတွေ့ရှိပါက မြန်မာနိုင်ငံအနေနဲ့ လာမယ့်နှစ် ၂၀ ခန့်မှာ ရှာဖွေရမယ့်ဝင်ငွေမျိုး တိုးတက်ရရှိမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။
Daily Eleven