အလုပ်အကိုင် ၉၀၀၀ ခန့် ရရှိမည့် ဒေါ်လာ သန်း ၂၀၉ ကျော် ရင်းနှီးမြှုပ်နှံမှု ၁၁ ခု အတည်ပြု


29 October, 2020

အမှတ်စဉ် (၁၂/၂၀၂၀) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ``ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၀) အပါအဝင် ရက်သတ္တပတ်အတွင်း

နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အဆိုပြုလုပ်ငန်း (၃)ခု၊

အတည်ပြုလုပ်ငန်း (၈)ခု

စုစုပေါင်း (၁၁)ခု ခွင့်ပြုခဲ့ပါသည်။

 

အဆိုပါ လုပ်ငန်းများအနက်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်း (၃)ခု၊ အတည်ပြုလုပ်ငန်း (၁)ခုနှင့်

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း (၇)ခု ခွင့်ပြုခဲ့ပါသည်။

အဆိုပါ လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂၉၀.၉၀၇) သန်းကို ခွင့်ပြု အတည်ပြုပေးခဲ့ပါသည်။

အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့် အလမ်းပေါင်း (၈,၇၄၄)ဦး ကို ဖန်တီးပေးမည်ဖြစ်ပါသည်။

ခွင့်ပြု/အတည်ပြုလုပ်ငန်း (၁၁)ခုမှာ စက်မှုကဏ္ဍမှ (၉)ခု နှင့် အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍမှ (၂)ခု ဖြစ်ပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၄၅)ခု၊ ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၄,၂၃၅.၂၈၇) သန်း ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၅,၅၂၅.၉၇၃) သန်းဖြစ်ပါသည်။

အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၁၆၃.၂၇၇) သန်း ဖြစ်ပါသည်။ ။

ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက် နေ့အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၅,၆၈၉-၂၅၀) သန်း ဖြစ်ပါ သည်။

အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၀) အပါအဝင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း (၁)ခုနှင့် အတည်ပြုလုပ်ငန်း (၅)ခု စုစုပေါင်း လုပ်ငန်း (၆)ခု ခွင့်ပြုခဲ့ ပါသည်။

အဆိုပါလုပ်ငန်းများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်း (၁) ခု၊ အတည်ပြုလုပ်ငန်း (၂)ခု၊ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း(၂)ခု နှင့် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း(၁)ခု ခွင့်ပြုပေးခဲ့ပါသည်။

အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၀.၇၃၀) သန်း အပါအဝင် ကျပ် (၂၉,၀၆၆.၇၅၅) သန်း ဖြစ်ပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂၅၀) ဦးကို ဖန်တီးပေးမည် ဖြစ်ပါသည်။

ခွင့်ပြု/ အတည်ပြု လုပ်ငန်း (၆)ခု မှာ အခြားကဏ္ဍမှ (၂)ခု၊ ဟိုတယ်ကဏ္ဍမှ(၂)ခု နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဏ္ဍမှ (၂)ခု ဖြစ်ပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၃၀)ခု၊ အမေရိကန် ဒေါ်လာ (၂၆၇.၀၀၆)သန်း အပါအဝင် ကျပ် (၁,၅၃၅,၀၇၅.၁၆၅) သန်း ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၄၁၃.၆၁၈) သန်း အပါအဝင် ကျပ် (၁,၈၈၁,၄၅၉.၅၀၇) သန်း ဖြစ်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ အာမခံကုမ္ပဏီ (၂၄)ခုမှ မတည်ရင်းနှီးငွေပမာဏ အမေရိကန်ဒေါ်လာ (၁၅၂.၁၁၇) မီလီယံ၊ ကျပ်ငွေ (၆၇.၃၁၇) ဘီလီယံဖြင့် လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါသည်။

Investment/Divestment Read 781 times