A Bankနှင့်  Kasikorn Bank တို့ကို ဘတ်/ကျပ် တိုက်ရိုက်ပေးချေခြင်း ဆောင်ရွက်ခွင့်ရသည့်ဘဏ်များအဖြစ်


13 March, 2022

A Bankနှင့်  Kasikorn Bank တို့ကို ဘတ်/ကျပ် တိုက်ရိုက်ပေးချေခြင်း ဆောင်ရွက်ခွင့်ရသည့်ဘဏ်များအဖြစ် ရွေးချယ်


မြန်မာနိုင်ငံမှ  A Bank (ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်) နှင့် ထိုင်းနိုင်ငံမှ Kasikorn Bank တို့အား ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုအတွက် Designated Bank အဖြစ် သတ်မှတ်ကြောင်း သိရသည်။


ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီနှင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်တို့မှဦးဆောင်၍ ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင်  ဘတ်/ ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေး ဆိုင်ရာ လုပ်ငန်းစဉ်များရှင်းလင်းညှိနှိုင်းခြင်း အစည်းအဝေးကို (၉.၃.၂၀၂၂)ရက်နေ့၊ တွင်  Virtual Meeting  ကျင်းပခဲ့ပါသည်။ 

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသများဖြစ်သည့် မြဝတီနှင့် တာချီလိတ်ဒေသများ တွင် ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုစနစ်အား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးကို တင်ပြခဲ့ပါသည်။
စမ်းသပ်ကာလ (Pilot Period) အဖြစ်  ၂၀၂၂ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့မှစတင်၍ (၃)လစမ်းသပ်ဆောင်ရွက်မည် ဖြစ်ပါသည်။
မြေပြင်တွင်ဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေး အတွက်အထောက်အကူပြုအဖွဲ့ ထားရှိမည် ဖြစ်ပါသည်။
ကုန်သည်လုပ်ငန်းရှင်များသို့ နယ်စပ် ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးဆိုင်ရာ လမ်းညွှန်ချက်  (Guideline) အား ရှင်းလင်းခြင်းအစီအစဉ် (Public Awareness) ကို ၂၀၂၂ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ဆောင်ရွက်မည် ဖြစ်ပါသည်။
ဘတ်/ကျပ် ဈေးကွက်ငွေလဲလှယ်နှုန်းကို အသုံးပြုမည် ဖြစ်သည်ဟု သိရပါသည်။ 
ကုန်သွယ်မှုမှရရှိသည့် ဘတ်ငွေအား မြန်မာကျပ်သို့လဲလှယ်၍ ငွေသားပြန်လည်ထုတ်ယူရာ တွင် အဆင်ပြေချောမွေ့စေရေးကို ဆောင်ရွက်မည် ဖြစ်ပြီး ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီနှင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်တို့မှ ကြီးကြပ်သွားမည်ဟု သိရပါသည်။ 

တရုတ်နယ်စပ်ဂိတ်များ ပုံမှန်အားဖြင့် ဖွင့်လှစ်ထားခြင်း မရှိတော့သည့်အပြင် ကိုဗစ်ကာကွယ်ရေး စီမံချက်များ တင်းကျပ်ထားခြင်းနှင့် ပိတ်ထားခြင်း များကြောင့် ထိုင်း-မြန်မာ ကုန်သွယ်မှုပမာဏ မြင့်တက်စေခဲ့သည်ဟု သိရပါသည်။

Banking & Loan Read 599 times