အလုပ်ခွင်မှာ coronavirusကူးစက်မှုဒဏ်မှ သင့်ကိုကာကွယ်နိုင်မည့် ကိရိယာအသစ်


30 July, 2020

အလုပ်ခွင်မှာ အလုပ်သမားတွေကို coronavirus ရောဂါကူးစက်ခြင်းမှ ကယ်တင်ရန် ကိရိယာအသစ်တစ်ခုကို ဖန်တီးလိုက်ပါသည်။

ဒီကိရိယာဟာ လည်ပင်းမှာ ဆွဲထားလို့ရမှာဖြစ်ပြီး လူတွေဟာ တစ်ဦးနဲ့တစ်ဦးအကြား ၂ မီတာအကွာအဝေးမှာရှိနေတယ်ဆိုရင် အပြာရောင်မီး အချက်ပြနေမှာ ဖြစ်ပြီး လူတွေက ၂ မီတာထက် ပိုနီးကပ်တဲ့နေရာမှာရှိပါက လူတွေကို သတိပေးဖို့ အနီရောင်မီး အချက်ပြနေမှာဖြစ်ပါတယ်။

စက်ပစ္စည်းကို ၀တ်ဆင်ထားတဲ့ လူတွေက သူတို့ရဲ့ သတင်းအချက်အလက်တွေကို ကွန်ပျူတာပေါ်မှာလည်း ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်ခွင်မှာ တစ်စုံတစ်ယောက်က Covid-19ကူးစက်ခံရပါက အဲ့လူဟာဘယ်သူတွေနဲ့အဆက်အသွယ်ရှိတယ်ဆိုတာကို ကုမ္ပဏီက တွေ့နိုင်မှာ ဖြစ်ပါတယ်။

Coventryရှိ ကုန်ထုတ်လုပ်မှုနည်းပညာစင်တာမှ ၀န်ထမ်းတွေကစက်ပစ္စည်းအသစ်ကို ၀တ်ဆင်ထားပြီး developerတွေအတွက် စမ်းသပ်ခံနေကြပါတယ်။

"ကုမ္ပဏီရဲ့ ၀န်ထမ်းတွေက ယူကေမှာ ကုန်ထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင် လည်ပတ်နေရန် စိတ်အားထက်သန်ကြပြီး ကျွန်တော်တို့က စက်ရုံတွေနဲ့ရုံးတွေမှာအလုပ်လုပ်ရသူတွေ၊ သူတို့ရဲ့နေ့စဉ်ဘ၀ကို ဖြတ်သန်းနေတဲ့လူတွေကို ပတ်၀န်းကျင်မှာ အားလုံခြုံစိတ်ချရတဲ့နည်းလမ်းတွေနဲ့ ဖန်တီးလုပ်ဆောင်နေကြမှာဖြစ်တယ်" လို့ ကုန်ထုတ်လုပ်မှုနည်းပညာစင်တာမှ အင်ဂျင်နီယာချုပ် Mark Irelandက ပြောကြားခဲ့သည်။

 

Global News Read 559 times