နှမ်းမျိုးစုံ နဲ့ စပါး ဈေးပြန်တက်လာ


26 December, 2018

သည်တစ်ပတ်မှာတော့ နှမ်းမျိုးစုံနဲ့ စပါး ဈေးတွေ ပြန်တက်လာပါတယ်။

ပဲမျိုးစုံ

******

လက်ရှိမှာ ပဲစင်းငုံက တက်ဈေးမှာရှိနေပြီး ကုလားပဲဈေးကတော့ ကျနေပါတယ်။ပဲစင်းငုံအသစ်က အရင်တစ်ပတ်မှာ တစ်တင်းကိုကျပ် ၂၃,ဝဝဝ ဖြစ်ပြီး လက်ရှိမှာတော့ ကျပ် ၂၆,၂ဝဝ အထိဖြစ်လာတဲ့အတွက် တစ်တင်းကို ကျပ် ၃၂ဝဝ လောက် ဈေးတက်သွားပါတယ်။ အဟောင်းကလည်း အရင်တစ်ပတ်ကဆိုရင် ကျပ် ၂၃,၄ဝဝ ဖြစ်ပါတယ်။လက်ရှိမှာတော့ တစ်တင်း ကိုကျပ် ၂၄,ဝဝဝ ဖြစ်ပြီး ကျပ် ၆ဝဝ တက်သွားတယ်လို့ ပဲဈေးကွက်က သိရပါတယ်။

ကုလားပဲ (၉၂၉ )က အရင်တစ်ပတ်မှာ ၁၉ ပိဿာဝင်တစ်အိတ်ကိုကျပ် ၂၆,၃ဝဝ ကနေ လက်ရှိတစ်အိတ်ကို ကျပ် ၂၅,ရဝဝ သာ ရှိနေပြီး ကျပ် ၆ဝဝ လောက်ကျသွားပါတယ်။မကွေးကုန်စည်ဒိုင်အတွင်းရေးမှူး ဦးကျော်ထွန်းက “ပဲဈေး တွေကတက်လဲ ဝယ်လိုအားသိပ်မပါလို့ အရမ်းကြီးမတက်နိုင်ပါဘူး”လို့ ပြောပါတယ်။မတ်ပဲဈေးကတော့၂၀ ပိဿာဝင်တစ်တင်းကို အရင်တစ်ပတ်က ကျပ် ၂၆,ဝဝဝ အတိုင်း ပြောင်းလဲမှုမရှိပါဘူး။

နှမ်းမျိုးစုံ

******

အရင်တစ်ပတ်က ဈေးပြန်ကျသွားတဲ့ နှမ်းမျိုးစုံဈေးကွက်က အခုတစ်ပတ်မှာတော့ ပြန်တက်လာပါတယ်။စမုံနက်နှမ်းက ပြီးခဲ့တဲ့အ ပတ်က ၄၅ ပိဿာဝင်တစ်အိတ် ကိုကျပ် ၂၂၃,ဝဝဝ ကနေ လက်ရှိမှာတော့ ကျပ် ၂၂၅,ဝဝဝ အထိမြင့်တက်ခဲ့ပါတယ်။တစ်အိတ်ကို ကျပ် ၂ဝဝဝ အထိ တက်သွား ပါတယ်။နှမ်းဖြူ (ရေသွင်း) ဈေးကတော့ အရင်တစ်ပတ်က ကျပ် ၁၆၁,ဝဝဝ ကနေ ယခုကျပ် ၁၆၅,ဝဝဝ အထိရှိပြီးကျပ် ၄ဝဝဝ တက်သွားပါတယ်။ဂွနက်/ရိုးရိုးကတော့ အရင်တစ်ပတ်က ကျပ် ၁၈၀,ဝဝဝ ကနေလက်ရှိမှာ ကျပ် ၁၉၀,ဝဝဝ အထိ ရှိပါတယ်။တစ်အိတ်ကိုကျပ် ၁၀,ဝဝဝ အထိ တက်သွားပါတယ်။

နှမ်းနီကတော့ အရင်တစ်ပတ်မှာ တစ်အိတ်ကို ကျပ် ၁၆၅,ဝဝဝ ကနေ လက်ရှိ ကျပ် ၁၆၆,ဝဝဝ အထိကျပ် ၁ဝဝဝ တက်သွားပါတယ်။နှမ်းညိုကတော့ အရင်တစ်ပတ် တစ်အိတ်ကို ကျပ် ၁၆၀,ဝဝဝ အတိုင်း ဈေးငြိမ်နေပါတယ်။

မြေပဲ

****

မြေပဲကတော့ဈေးအနည်းငယ်စီ တက်သွားပါတယ်။မကွေးကုန်စည်ဒိုင်မှာ မြေပဲ တောင့် ၂၅ ပေါင်ကို အရင်တစ် ပတ်က ကျပ် ၁ ၁,ဝဝဝ သာ ရှိပြီး လက်ရှိမှာကျပ် ၁၂,ဝဝဝ အထိ ကျပ် ၁ဝဝဝ တက်သွားတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ မြေပဲဆန် လုံး (ဖြူ) တစ်ပိဿာကို ကျပ် ၃ဝဝဝ ရှိပြီး မြေပဲဆန်လုံး(နီ) က ကျပ် ၂ရဝဝ သာရှိကာ ဈေးအနည်း ငယ်သာတက်သွားတယ်လို့ သိရပါတယ်။

ကြက်သွန်နီဈေး

***********

ကြက်သွန်နီဈေးဟာ လက်ရှိမှာတော့ အသစ်နဲ့အဟောင်းက ဈေးအနည်းငယ်စီ ကျသွားတယ်လို့ သိရပါတယ်။လက်ရှိမှာ ကြက်သွန်နီ အသစ်ဈေးက တစ်ပိဿာကို ရဝဝ ကျပ်ကနေ ၁ဝဝဝ ကျပ်အထိ အမျိုးမျိုးရှိပါတယ်။ အဟောင်းကလည်း တစ်ပိဿာကို ကျပ် ၂၅၀ ကနေကျပ် ၉ဝဝ အထိ ဈေးအမျိုးမျိုးရှိတယ်လို့ သိရပါတယ်။ပျော်ဘွယ်မြို့နယ်က ကြက်သွန်နီကုန်သည် ဦးအေးဆွေက “ဇန်နဝါရီလ ၁၅ နောက်ပိုင်းမှာ ဇွန်မွှားဆိုတာလေး ပေါ်လာမယ်၊အဲဒီကျရင်တော့ နည်းနည်းဖြိုင်လာမယ်၊အဲဒီအခါကျ ဘယ်လိုသွားမလဲတော့မသိဘူးပေါ့၊ အခုတော့ ၇ဝဝ ကနေ ၁ဝဝဝ ကြား ဈေးကွက်က ပြေးနေတာပေါ့” လို့ ပြောပါတယ်။

ပြည်တွင်းစီးပွားရေးကျတော့ တအား ဝယ်မစားနိုင်ကြဘူး။ ထွက်အားကလည်း များလာနေတော့ ကြက်သွန်နီဈေးနှုန်း ကျလာတာလို့လည်း ဦးအေးဆွေက ပြောပါတယ်။ဒီဇင်ဘာ ၁၉ ရက်နေ့က ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီကား ၂၅ စီးဝင်လာပါတယ်။ အသစ်တစ်ဝက် အဟောင်းတစ် ဝက်ဝင်တယ်လို့ သိရပါတယ်။

စပါးဈေး

*******

စပါးဈေးက လက်ရှိမှာတော့ တက်ပါတယ်။စပါးအခြောက်က အရင်တစ်ပတ်ကကျပ် ၆၂၀,ဝဝဝ ခန့်ရှိပြီး လက်ရှိမှာတော့ တင်း ၁ဝဝ ကို ကျပ် ၇ဝဝ,ဝဝဝ ခန့်ပေါက်ဈေးရှိပါတယ်။ ပြီးခဲ့တဲ့ နှစ် သည်လိုချိန် မှာ စပါးအခြောက်က ကျပ် ၆၄၀,ဝဝဝ ကျော်ရုံသာ ရှိပါတယ်။ သည်နှစ်လောက် မတက်ဘူးလို့ သိရပါတယ်။နေပြည်တော်က တောင်သူ ဦးကိုကိုက “နောက်ထပ်တစ်လ နှစ်လအတွင်းတော့ စပါးဈေးက မတက်သေးဘူး၊ နည်းနည်းတောင် ပြန်ကျရင်ကျသွားဦးမှာ”လို့ ပြောပါတယ်။

kumudra

Local News Read 657 times