အပြည်ပြည်ဆိုင်ရာလေဆိပ်များမှာ ဆိုက်ရောက်၊ ထွက်ခွာ ပုံစံစာရွက်များ ဖြည့်သွင်းစရာမလိုတော့


13 September, 2018

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ခရီးသွားတွေအနေနဲ့ ဆိုက်ရောက်၊ ထွက်ခွာ ပုံစံစာရွက်များကို ဖြည့်သွင်းစရာမလိုတော့ဘူလို့ သိရပါတယ်။

ဒီစည်းမျဉ်းတွေဟာ စက်တင်ဘာ ၁၂ ရက်နေ့က စပြီး အကျုံးဝင်မှာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီလိုဖောင်ဖြည့်သွင်းကို ရပ်ဆိုင်းလိုက်ခြင်းဟာ နိုင်ငံခြားမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရန် ပိုမိုလွယ်ကူစေရေးအတွက်ဖြစ်တယ်လို့ အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အကောင်အထည်ဖော်

*******

အစိုးရအနေနဲ့ ပြည်ပမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်ဖို့အတွက် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံမှ ခရီးသွားများကို ဗီဇာကင်းလွတ်ခွင့်၊ တရုတ်၊ ဟောင်ကောင်နှင့် မက္ကာအိုနိုင်ငံများမှ ခရီးသွားများကိုတော့ ဆိုက်ရောက်ဗီဇာ ပြုလုပ်ခွင့်ပေးသွားမယ်လို့ သိရပြီး အဆိုပါ သတ်မှတ်ချက်ကိုတော့ အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

အကျိုးကျေးဇူး

*******

“ တကယ်လို့သာ အစိုးရက နိုင်ငံတော်တော်များများကို ဗီဇာကင်းလွတ်ခွင့်ပေးနိုင်မယ်ဆိုရင်တော့ ခရီးသွားဧည့်သည်တော်တော်များများ ကျွန်တော်တို့နိုင်ငံကို လာရောက်လည်ပတ်ကြမှာပါ။" လို့ Diethelm Travel ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးဖြိုးဝေရာဇာ က ပြောကြားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘောအတွက် အခွန်ခလျှော့ချခြင်း၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နယ်စပ်မြို့များဖြစ်တဲ့ တာချီလိတ်၊ မြဝတီ၊ ထီးခီး၊ ကော့သောင်းမြို့များသို့ ထိုင်းနိုင်ငံဘက်မှ ဖြတ်သန်းသွားလာခွင့်ပြုခြင်းများ ဆောင်ရွက်ပေးလိုက်လျှင် ခရီးသွားဧည့်သည်ဝင်ရောက်မှုနှုန်း ပိုမိုများပြားလာမှာ ဖြစ်တယ်လို့ ဦးဖြိုးဝေရာဇာက ဆက်လက်ပြောပါတယ်။

နိုင်ငံခြားခရီးသည်ဦးရေး

*******

ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ မှတ်တမ်းများအရ ယခုနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားခရီးသည်ဦးရေ ၁,၉၇၀,၀၁၃ ယောက် လာရောက်လည်ပတ်ထားပြီး ယခင်နှစ်နဲ့ ယှဉ်ရင်တော့ ၂ ရာခိုင်နှုန်းခန့် နည်းပါးနေသေးတယ်လို့ သိရပါတယ်။

ထိုဆိုက်ရောက်၊ ထွက်ခွာ ပုံစံစာရွက်များကို ဖြည့်သွင်းတာကို ဖျက်သိမ်းခြင်းနဲ့ ပတ်သတ်ပြီး ဘယ်လိုဖျက်မလဲဆိုတာ မသိရသေးပေမယ့် ခရီးသွားများရဲ့ အချိန်ကို သက်သာစေရန် ၎င်းနည်းလမ်းကို ဆောင်ရွက်နေပါတယ်။

နယူးဇီလန်

*******

လွန်ခဲ့သော လအနည်းငယ်က နယူးဇီလန်တွင် ထွက်ခွာခွင့်ကတ်ပြားကို ဖျက်သိမ်းလိုက်တဲ့အခါမှာ နိုင်ငံမှထွက်ခွာချိန်တွင် ခရီးသွားများ၏ အချိန်ကြန့်ကြာမှုများ လျှော့နည်းသွားကြောင်း နယူဇီလန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါတယ်။ သို့သော် နယူးဇီလန်တွင် ဆိုက်ရောက်ကတ်ပြားကို ဖြည့်သွင်းရန် လိုအပ်နေတုန်းဖြစ်ပါတယ်။

  

Source: myanmar times

Local News Read 376 times