ရေကြီးမှုကြောင့် ဘတ်ငွေ သန်းပေါင်း ၅ ထောင်ခန့် နစ်နာနေ


06 August, 2018

မြန်မာပြည်က ရေကြီးရေလျှံနေသည့် သဘာဝဘေးဒဏ်များကြောင့် ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးကို အဓိကလုပ်ကိုင်နေကြသည့်မြဝတီ-မဲဆောက် ကုန်သွယ်ရေးစီးဆင်းမှုများ ရပ်တန့်နေသဖြင့် နိုင်ငံ ကုန်သွယ်မှုမှ ဘတ်ငွေ သန်းပေါင်း ၅ ထောင်ခန့် နစ်နာနေကြောင်း သိရပါသည်။

ကုန်သွယ်ရေးအခြေအနေ

********************

ထိုနိုင်ငံဘက်မှ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ၊ သံထည်ပစ္စည်းများကို အဓိကတင်ပို့နေပြီး မြန်မာဘက် နွားနှင့် ကွမ်းများကဲ့သို့သော ပစ္စည်းများကိုသာ တင်ပို့နေခြင်းဖြစ်ပါသည်။

သို့သော် ယခုအခါ ကရင်ပြည်နယ်တွင် သီတင်းနှစ်ပတ် ခန့်ကြာအောင် ရေကြီးနေသည့်အတွက် ထိုင်းဘက်မှ တင်သွင်းမည့် ကုန်စည်များက ရပ်နားထားရသည်။ ကုန်စည်စီးဆင်းမှု ရပ်တန့်ရခြင်းမှာ ရေကြီးမှုများဖြစ်နေသည့်အပြင် မြန်မာ့ငွေဈေးကျဆင်းနေသည့်အတွက်ကြောင့်လည်း အရောင်းအဝယ်လုပ်၍မရကြောင်း သိရပါသည်။

သဘာဝရေကြီးရေလျှံမှုကြောင့် ကုန်သွယ်မှုက ကားကြီးများဆင်း၍မရအောင် ပိတ်ထားသဖြင့် ကုန်စည်စီးဆင်းမှုများ မရှိဘဲ ငွေဈေးများကျနေသောကြောင့်လည်း အရောင်းအဝယ်လုပ်မရဘဲရှိနေကြောင်းသိရပါသည်။ ထို့အပြင် ယခုကဲ့သို့ ရေကြီးနေသည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိုင်းဘက်မှ ထိခိုက်မှုများ ရှိနေကြောင်းသိရပါသည်။

မြန်မာ့ငွေဈေးသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ထိုင်းငွေ တစ်ဘတ်ကို မြန်မာငွေကျပ် ၄၁ ကျပ်ဝန်းကျင်ရှိခဲ့ပြီး ယခုနှစ်မတ်လရောက်လာသည့်အခါတွင် ၄၃ ဝန်းကျင်ခန့်သို့ ဈေးတက်လာခဲ့သည်။ ထိုအပြင် ယနေ့ မြန်မာ-ထိုင်း ငွေကြေးလဲလှယ်နှုန်သည် ထိုင်းငွေတစ်ဘတ်လျှင် မြန်မာငွေကျပ် ၄၄ ဝန်းကျင်တွင်ရှိကြောင်း သိရပါသည်။

ထိုင်းနှင့်မြန်မာတွင် မြန်မာဘက်မှ ကုန်ပစ္စည်းတင်ပို့မှုနည်းပြီး ထိုင်းဘက်မှ အစားအသောက်ကအစ မြန်မာပြည်ဘက်ကို ကုန်ပစ္စည်းများ တင်သွင်းနေခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ ရေကြီးရေလျှံနေခြင်းများကြောင့် ကုန်စည်စီးဆင်းရန်မလွယ်သေးကြောင်းသိရပါသည်။

ကုန်သွယ်မှုပမာဏ

***************

ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြဝတီ ကုန်စည်စီးဆင်းမှုက တစ်နှစ်ကို ဘတ်ငွေ သန်းပေါင်း ၁ သိန်း ၂ သောင်းကျော်ရှိကြောင်း ထိုင်းဘက်မှ တွက်ချက်ထားပါသည်။ မြန်မာဘက်မှလည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆိုလျှင် မဲဆောက်-မြဝတီ ကုန်သွယ်စီးဆင်းမှု ပမဏ ပိုများကြောင်း သိရပါသည်။

ယခုကဲ့သို့ ကုန်စည်စီးဆင်းမှု ရပ်နားနေသည့်အတွက် သီတင်းနှစ်ပတ်အတွင်း ဘတ်ငွေ သန်းပေါင်း ၅ ထောင်ခန့် နစ်နာနေရကြောင်း ကုန်သည်မာျးက ပြောပါသည်။

ယခုအခါ မြန်မာပြည်၏ ရေဘေးကြောင့် နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှုများ ရပ်နားထားရဆဲဖြစ်ကြောင်းသိရပါသည်။

VOA news

ေရႀကီးမႈေၾကာင့္ ဘတ္ေငြ သန္းေပါင္း ၅ ေထာင္ခန္႔ နစ္နာေန

 

ျမန္မာျပည္က ေရႀကီးေရလွၽံေနသည့္ သဘာဝေဘးဒဏ္မ်ားေၾကာင့္ ထိုင္းျမန္မာနယ္စပ္ကုန္သြယ္ေရးကုိ အဓိကလုပ္ကိုင္ေနၾကသည့္ ျမဝတီ-မဲေဆာက္ ကုန္သြယ္ေရးစီးဆင္းမႈမ်ား ရပ္တန္႔ေနသျဖင့္ ႏုိင္ငံ ကုန္သြယ္မႈမွ ဘတ္ေငြ သန္းေပါငး္ ၅ ေထာင္ခန္႔ နစ္နာေနေၾကာင္း သိရပါသည္။

 

ကုန္သြယ္ေရးအေျခအေန

 

ထုိႏုိင္ငံဘက္မွ အစားအေသာက္ႏွင့္ လူသံုးကုန္ပစၥည္းမ်ား၊ သံထည္ပစၥည္းမ်ားကို အဓိကတင္ပို႔ေနၿပီး ျမန္မာဘက္ ႏြားႏွင့္ ကြမ္းမ်ားကဲ့သို႔ေသာ ပစၥည္းမ်ားကိုသာ တင္ပို႔ေနျခင္းျဖစ္ပါသည္။ 

 

သုိ႔ေသာ္ ယခုအခါ ကရင္ျပည္နယ္တြင္ သီတင္းႏွစ္ပတ္ ခန္႔ၾကာေအာင္ ေရႀကီးေနသည့္အတြက္ ထုိင္းဘက္မွ တင္သြင္းမည့္ ကုန္စည္မ်ားက ရပ္နားထားရသည္။ ကုန္စည္စီးဆင္းမႈ ရပ္တန္႔ရျခင္းမွာ ေရႀကီးမႈမ်ားျဖစ္ေနသည့္အျပင္ ျမန္မာ့ေငြေစ်းက်ဆင္းေနသည့္အတြက္ေၾကာင့္လည္း အေရာငး္အဝယ္လုပ္၍မရေၾကာင္း သိရပါသည္။

 

သဘာဝေရႀကီးေရလွၽံမႈေၾကာင့္ ကုန္သြယ္မႈက ကားႀကီးမ်ားဆင္း၍မရေအာင္ ပိတ္ထားသျဖင့္ ကုန္စည္စီးဆငး္မႈမ်ား မရွိဘဲ ေငြေစ်းမ်ားက်ေနေသာေၾကာင့္လည္း အေရာင္းအဝယ္လုပ္မရဘဲရွိေနေၾကာင္းသိရပါသည္။ ထို႔အျပင္ ယခုကဲ့သို႔ ေရႀကီးေနသည့္ သဘာဝေဘးအႏၱရာယ္ေၾကာင့္ ထိုင္းဘက္မွ ထိခိုက္မႈမ်ား ရွိေနေၾကာင္းသိရပါသည္။

 

ျမန္မာ့ေငြေစ်းသည္ ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာလတြင္ ထုိင္းေငြ တစ္ဘတ္ကုိ ျမန္မာေငြက်ပ္ ၄၁ က်ပ္ဝန္းက်င္ရွိခဲ့ၿပီး ယခုႏွစ္မတ္လေရာက္လာသည့္အခါတြင္ ၄၃ ဝန္းက်င္ခန္႔သို႔ ေစ်းတက္လာခဲ့သည္။ ထုိအျပင္ ယေန႔ ျမန္မာ-ထုိင္း ေငြေၾကးလဲလွယ္ႏႈန္သည္ ထုိင္းေငြတစ္ဘတ္လွွွၽင္ ျမန္မာေငြက်ပ္ ၄၄ ဝန္းက်င္တြင္ရွိေၾကာင္း သိရပါသည္။

 

ထုိင္းႏွင့္ျမန္မာတြင္ ျမန္မာဘက္မွ ကုန္ပစၥညး္တင္ပုိ႔မႈနည္းၿပီး ထုိင္းဘက္မွ အစားအေသာက္ကအစ ျမန္မာျပည္ဘက္ကုိ ကုန္ပစၥည္းမ်ား တင္သြင္းေနျခင္းျဖစ္ပါသည္။ ယခုကဲ့သို႔ ေရႀကီးေရလွၽံေနျခင္းမ်ားေၾကာင့္ ကုန္စည္စီးဆင္းရန္မလြယ္ေသးေၾကာင္းသိရပါသည္။

 

ကုန္သြယ္မႈပမာဏ

 

ထုိငး္ျမန္မာနယ္စပ္ မဲေဆာက္-ျမဝတီ ကုန္စည္စီးဆင္းမႈက တစ္ႏွစ္ကို ဘတ္ေငြ သန္းေပါငး္ ၁ သိန္း ၂ ေသာင္းေက်ာ္ရွိေၾကာင္း ထိုင္းဘက္မွ တြက္ခ်က္ထားပါသည္။  ျမန္မာဘက္မွလည္း တစ္ႏုိင္ငံလံုးအတုိင္းအတာႏွင့္ဆုိလွၽင္ မဲေဆာက္-ျမဝတီ ကုန္သြယ္စီးဆငး္မႈ ပမဏ ပိုမ်ားေၾကာင္း သိရပါသည္။

 

ယခုကဲ့သို႔ ကုန္စည္စီးဆင္းမႈ ရပ္နားေနသည့္အတြက္ သီတင္းႏွစ္ပတ္အတြင္း  ဘတ္ေငြ သန္းေပါင္း ၅ ေထာင္ခန္႔ နစ္နာေနရေၾကာင္း ကုန္သည္မာ်းက ေျပာပါသည္။

 

ယခုအခါ ျမန္မာျပည္၏ ေရေဘးေၾကာင့္ ႏွစ္ႏုိင္ငံ ကုန္သြယ္စီးဆင္းမႈမ်ား ရပ္နားထားရဆဲျဖစ္ေၾကာင္းသိရပါသည္။

Local News Export, Import Read 704 times