မူဆယ်နယ်စပ်ဂိတ် နွားအကောင် ၇ ထောင် သောင်တင်နေ


06 July, 2021

စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှ ကုမ္ပဏီတစ်ခုစီအား တိရစ္ဆာန်တင်ပို့မှု ၁၀၀ အတွက် ခွင့်ပြုချက်ပေးပြီး ခွင့်ပြုချက်သည် သုံးလသက်တမ်းရှိသည်။ သုံးလအတောအတွင်း ကျွဲနွားများကိုမရောင်းပါကကုမ္ပဏီများအားတရား ၀င်အရေးယူနိုင်သည်။

COVID-19 ရောဂါအခြေနေတွေကြောင့် အတွက် တရုတ်နယ်စပ်လုံခြုံရေးတိုးမြှင့်လာတာကြောင့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီ ရောင်းဝယ်မှု ရပ်တန့်သွားပြီး မူဆယ်မြို့တွင် နွားအကောင် ၇ ထောင်လောက် ခန့် သောင်တင်နေသည်။

"COVID-19 မတိုင်ခင်က တရုတ်ဘက်မှကုန်သည် ၁၀ ယောက်လောက်က တနေ့ကို နွား အကောက် ၁ ထောင်ကျော်ဝယ်ယူရန် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့သည်။ COVID-19 ပြန်လည်ပေါ်ပေါက်လာခြင်းကြောင့်တရုတ်နိုင်ငံသည်မြန်မာနိုင်ငံနှင့်နယ်စပ်ဒေသကိုပိုမိုတင်းကျပ်လာစေသည်။ အကျိုးဆက်အားဖြင့်တိရိစ္ဆာန်များရောင်းဝယ်မှုကိုရပ်တန့်ရန်ခုနစ်လကြာခဲ့သည်။ ကျွဲနွားရောင်းဝယ်မှုဟာပုံမှန်ပြန်ဖြစ်လာမယ်ဆိုတာမသေချာဘူး” ဟုကုန်သည်တစ်ဦး ကရှင်းပြသည်။

ထို့အပြင် တရုတ်ကုန်သည်များသည် မြန်မာနှင့်တရုတ်နယ်စပ်ဖြတ်ကျော်ပြီ မှောင်ခိုဈေးကွက်တွင် နွားများကို အဆက်မပြတ်ဝယ်ယူနေကြသည်ဟု မန္တလေးတိုင်းကျွဲနွားတင်ပို့သူများအသင်း ဥက္ကဌ  ဦးစိုးနိုင်ကပြောကြားသည်။

မြန်မာနိုင်ငံ၏ တိရိစ္ဆာန်များတင်ပို့မှုသည် စျေးနှုန်းချိုသာမှုကြောင့် တရုတ်ဈေးကွက်အပေါ်  မှီခိုနေရသည်။ သို့သော်မြန်မာနိုင်ငံသည်လာအို၊ ထိုင်း၊ မလေးရှား နှင့် ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော အခြားပြင်ပစျေးကွက်များရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှ ကုမ္ပဏီတစ်ခုစီအား တိရစ္ဆာန်တင်ပို့မှု ၁၀၀ အတွက် ခွင့်ပြုချက်ပေးပြီး ခွင့်ပြုချက်သည် သုံးလသက်တမ်းရှိသည်။ သုံးလအတောအတွင်း ကျွဲနွားများကိုမရောင်းပါကကုမ္ပဏီများအားတရား ၀င်အရေးယူနိုင်သည်။

တရားမ၀င် တိရိစ္ဆာန်များ တင်ပို့မှုကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် တိုက်ဖျက်နိုင်ခဲ့ပြီ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသည် တိရစ္ဆာန်များ အပါအ၀င်တိရိစ္ဆာန်ထုတ်ကုန်များ၏တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၃၆၀ ကိုပြင်ပစျေးကွက်သို့တင်ပို့ခဲ့သည်။

COVID-19 ၏ ဆိုးကျိုးသက်ရောက်မှုများကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၀-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိရိစ္ဆာန်ထုတ်ကုန်တင်ပို့မှု၏ တန်ဖိုးဒေါ်လာသန်း ၁၀၀ ကျဆင်းခဲ့သည်။

Local News Read 673 times