လယ်ယာမြေများကို အခြားနည်း အသုံးပြုခွင့် ရမည်လား


17 October, 2018

လယ်ယာမြေကို အခြားနည်းသုံး၍ မြို့ရွာများ ဖွံ့ဖြိုးတိုးတက်လာမှု၊ စက်ရုံအလုပ်ရုံများ တိုးချဲ့ဆောက်လုပ်မှုကြောင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးမြှင့်လာမှုများ ရှိပါသည်။

သို့သော် အခြားတစ်ဖက်တွင် လျော့နည်းဆုံးရှုံးသွားသော လယ်ယာမြေများအတွက် လယ်ယာမြေ အစားထိုးဖော်ထုတ်ရေးနှင့် အဆင့်မြင့် စိုက်ပျိုးမှု နည်းပညာများ အသုံးပြု၍ သီးနှံထုတ်လုပ်မှုစွမ်းအားတိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပေသည်။

ထို့ကြောင့် လယ်ယာမြေ အခြားနည်း သုံးစွဲခွင့်လျှောက်ထားမှုများ၏ အနည်းဆုံး လိုအပ်ချက်ကိုသာ စိစစ်ခွင့်ပြုရန်နှင့် ခွင့်ပြုချက်မဲ့ အသုံးပြုခြင်းများကို ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ဆောင်ရွက်ရေး အထူးကြပ်မတ် ဆောင်ရွက်ရန် အရေးကြီးပါသည်။

အဆိုပါ အကြောင်းအရာများနှင့် ပတ်သတ်သော ကိစ္စရပ်များကို အောက်တိုဘာ ၁၇ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေး ပြောဆိုခဲ့ကြသည်။

ထို့ပြင် လယ်ယာမြေများအား နည်းလမ်းအလိုက် တရားဝင် ခွင့်ပြုမိန့် ရရှိနိုင်ရေး ကိစ္စရပ်များ၊ လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်မရရှိဘဲ ကြိုတင်အသုံးပြုခြင်းများ လုပ်ဆောင်ခြင်းမပြုရန် အသိပေးကြေညာချက် မူကြမ်းနှင့် ခွင့်ပြုမိန့်မရရှိဘဲ အသုံးပြုခြင်း အပေါ် ဒဏ်ကြေးငွေသတ်မှတ် အရေးယူဆောင်ရွက်ရန် စသည့် ကိစ္စရပ်များကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။

 

Local News Tips Read 660 times