AGD ဘဏ်ရဲ့ ATM စက်အသုံးပြုသူ Customer များအား အသိပေးကြေညာခြင်း။


04 October, 2020

AGD ဘဏ်၏ ဘဏ်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ဆောင်ရွက်မည် ဖြစ်ပါသောကြောင့်

အောက်တိုဘာ (၁) ရက်နေ့မှစတင်ပြီး အောက်တိုဘာ (၉)ရက်နေ့အထိ

AGD ဘဏ်​၏ MPU/UPI ကတ်ဖြင့် ငွေထုတ်ယူမည်ဆိုပါက AGD ဘဏ် ATM စက်တစ်ခုတည်းမှာသာ ငွေထုတ်ယူနိုင်မှာဖြစ်ပါသည်။ 

AGD ဘဏ်​၏ MPU/UPI ကတ်ဖြင့် အခြားသော ATM စက်များတွင် ငွေထုတ်ယူခြင်း ပြုလုပ်လို့ရမည်မဟုတ်ပါ။


အခြားဘဏ်ကတ်များအသုံးပြုပြီး AGD ATM စက်များတွင် ငွေထုတ်ယူခြင်းကိုလည်း ပြုလုပ်လို့ရမည်မဟုတ်ပါ။


System error ဟု စက်မှာ အသိပေးမည် ဖြစ်ပြီး ကတ်ကို စက်ထဲမှ ပြန်အန်ထုတ်ပေးပါလိမ့်မည်။

ယခု ဝန်ဆောင်မှုနှင့်ပက်သက်ပြီး ပြန်လည်အသုံးပြုလို့ရရှိမည့်အချိန်ကို ထပ်မံကြေညာထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်စဉ်ကာလအတွင်း Customer များအနေဖြင့် အဆင်မပြေမှုများ ရှိခဲ့ပါက နားလည်ပေးပါရန် AGD ဘဏ်မှ မေတ္တာရပ်ခံပန်ကြားထားပါသည်။

Stay Home ကာလမှာ အရေးတကြီး ငွေထုတ်ယူဖို့ လိုအပ်လာခဲ့ရင်တော့ လူကိုယ်တိုင်ဘဏ်သို့ လာရောက်စရာမလိုပဲ နီးစပ်ရာ AGD ဘဏ်ရဲ့ ATM စက်တွေမှာ အဆင်ပြေစွာနဲ့ ငွေထုတ်ယူနိုင်ရာ၌ တစ်ရက်လျှင် အများဆုံး ကျပ်သိန်း (၃၀) အထိ ငွေထုတ်ယူနိုင်ကြောင်း သိရသည်။

Banking & Loan Read 402 times