Airbus A321တပ်ဆင်ထုတ်လုပ်မှုကို တရုတ်နိုင်ငံတွင် စတင်


12 November, 2022

Airbus A321တပ်ဆင်ထုတ်လုပ်မှုကို တရုတ်နိုင်ငံတွင် စတင်



TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဥရောပလေယာဉ်ထုတ်လုပ်သူ Airbus သည် တရုတ်နိုင်ငံမြောက်ပိုင်း ထျန်ကျင်းမြို့ရှိ ၎င်း၏ Final Assembly Line Asia စက်ရုံတွင် Airbus A321 လေယာဉ်တပ်ဆင်ထုတ်လုပ်မှုကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း Airbus က ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၉)တွင် ပြောကြားခဲ့သည်။

မင်းလမ်း တစ်ခုတည်းသာ ပါသည့် A321 လေယာဉ်ပျံကို ထျန်ကျင်းမြို့ ရှိ အဆိုပါ စက်ရုံတွင် နောက်ဆုံးအဆင့် တပ်ဆင်ထုတ်လုပ်ခြင်းကို ဆောင်ရွက်ပါသည်။ ပထမဆုံး A321 လေယာဉ်ကို ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ပြီးစီးမည် ဖြစ်ပါသည်။ 

အဆိုပါ အောင်မြင်မှုသည် တရုတ်နိုင်ငံ၏ လေကြောင်းလုပ်ငန်းနှင့် ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ကာ ပိုမိုနက်ရှိုင်းစေပြီး တရုတ်နိုင်ငံနှင့် ရေရှည်မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ရန် ၎င်း၏ ကတိကဝတ်ကို ပြသသည်ဟု ကုမ္ပဏီက ပြောကြားပါသည်။

 

 

A321 သည် A320 မိသားစုဝင် လေယာဉ်များတွင် အကြီးဆုံးလေယာဉ်ဖြစ်ပြီး ယခုအခါ ကမ္ဘာတစ်ဝှမ်းတွင် ၀ယ်လိုအား အများဆုံး ရရှိနေသည့် Airbus ကိုယ်ထည်ကျဉ်းလေယာဉ် ဖြစ်ပါသည်။ 

ထျန်ကျင်းမြို့တွင် နောက်ဆုံးအဆင့် တပ်ဆင်ထုတ်လုပ်ခြင်းကို ဩဂုတ်လတွင် စတင်ခဲ့ပါသည်။ စက်ရုံကို ၂၀၀၈ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး A321 ကို နောက်ဆုံးအဆင့် တပ်ဆင် ထုတ်လုပ်နိုင်ရန် စက်ရုံကို အဆင့်မြှင့်တင်ပေးခဲ့ပါသည်။

.

ယခင်က အခြား Airbus လေယာဉ်အမျိုးအစားများကို ထုတ်လုပ်ခဲ့ရာ ၂၀၀၉ ခုနှစ်တွင် ပထမဆုံး လေယာဉ်တစ်စီး ပြီးမြောက်ခဲ့ပါသည်။ သက်တမ်း ၁၄ နှစ်အတွင်း လေယာဉ် စီးရေ ၆၀၀ ကျော်ကို ထုတ်လုပ်ခဲ့ပြီးပြီ ဖြစ်ပါသည်။ 

.

 

"Tianjin တွင် နောက်ဆုံးတပ်ဆင်ရေးလိုင်း၏ စွမ်းဆောင်ရည်ကို A321 ထုတ်လုပ်နိုင်အောင် ချဲ့ထွင်ရန် အစီအစဉ်ကို ပြီးခဲ့သော နိုဝင်ဘာလတွင် ကျွန်တော်တို့ ကြေညာခဲ့ပါတယ်"  အဲယားဘတ်စ် အမှုဆောင် ဒု-ဥက္ကဋ္ဌ နှင့်  Airbus China စီအီးအို George Xu၊ က ပြောကြားသည်။

.

အဲဘတ်စ်သည် တစ်ကမ္ဘာလုံးတွင် A320 မိသားစုဝင် လေယာဉ်ပျံများ တပ်ဆင်ရေး စက်ရုံ လေးခုရှိပါသည်။

ပြင်သစ်နိုင်ငံ Toulouse

ဂျာမနီနိုင်ငံ Hamburg

တရုတ်နိုင်ငံ Tianjin

အမေရိကန်နိုင်ငံ  Mobile 

တို့တွင် တည်ရှိပါသည်။ 

ယခုအခါ အဆိုပါ စက်ရုံ ၄ ခုစလုံးသည်  A321 ထုတ်လုပ်ပေးနိုင်သည့် စက်ရုံ အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အဝယ်လိုက်နေသည့်  A321 လေယာဉ်များကို ထုတ်လုပ်ကြမည် ဖြစ်သည်။

.

 

Airbus သည် အင်္ဂါနေ့ (နိုဝင်ဘာ ၈)တွင် Guangdong ပြည်နယ် Zhuhai တွင် ကျင်းပသော 14th China International Aviation and Aerospace Exhibition ပြပွဲမှာ တရုတ်နိုင်ငံတွင် ရေရှည်တည်တံ့သော လေကြောင်း လောင်စာဆီ sustainable aviation fuel SAF အသုံးပြုမှုကို မြှင့်တင်ရန်အတွက် Xiamen Airlines၊ Zhejiang Loong Airlines နှင့် Colorful Guizhou Airlines တို့နှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါသဘောတူညီချက်များနှင့်အတူ Airbus နှင့် Airbus လေယာဉ် သုံးစွဲသော တရုတ်လေကြောင်းလိုင်းများသည်  တရုတ်နိုင်ငံရှိ စိမ်းလန်းစေရေး လေကြောင်းဆိုင်ရာ မဟာဗျူဟာကို ပိုမိုပံ့ပိုးပေးမည်ဖြစ်သည်။

အဆိုပါ လေကြောင်းလိုင်းများအတွက် SAF ကို တရုတ်နိုင်ငံရှိ နိုင်ငံပိုင်လုပ်ငန်း Sinopec Zhenhai Refining and Chemical Co မှ ပြည်တွင်းထုတ် ဟင်းချက်ဆီဖြင့် ရောနှောထုတ်လုပ်ပါသည်။

Source simpleflying

 TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

Global News Read 1848 times