မြန်မာလေအေးပေးစက်ဈေးကွက် Split Type မင်းမူ


13 August, 2020

၂၀၂၅ ခုနှစ်တွင်မြန်မာလေအေးပေးစက်ဈေးကွက်သည်ဒေါ်လာသန်း ၂၅၀ အထိရှိလိမ့်မည်ဟုခန့်မှန်းထားကြောင်း ResearchAndMarkets.com မှ စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။မြို့ပြလူ ဦး ရေတိုးပွားလာခြင်းနှင့် လေအေးပေးစက်ဖြင့် နေထိုင်သည့် ဓလ

တစ်ချိန်တည်းတွင် လူလတ်တန်းစား ၀င်ငွေအုပ်စု၏ နေထိုင်ရာတိုက်ခန်းများတွင် လေအေးပေးစက် ရှိမှ ပြည့်စုံသည်၊ လေအေးပေးစက် မရှိဘဲ နွေရာသီကို ဖြတ်သန်းဖို့ ခက်သည်ဟု ဆုံးဖြတ်ချက်ချခြင်းများ တိုးလာခြင်းသည် တိုင်းပြည်၏လေအေးပေးစက်ဈေးကွက်ကို တိုးပွားစေသောအဓိကအချက်များဖြစ်သည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ နည်းလာသည်နှင့်အမျှ လေအေးပေးစက်ကို မဖွင့်မဖြစ် သုံးစွဲကြခြင်းဟူသည့် လူနေမှုပုံစံပြောင်းလဲခြင်းနှင့်စားသုံးသူများ၏ ဦးစားပေးမှုများသည် မြန်မာနိုင်ငံရှိလေအေးပေးစက်စျေးကွက်အပေါ်အပြုသဘောသက်ရောက်စေသည်။မြန်မာလေအေးပေးစက်စျေးကွက်ကို ထုတ်ကုန်အမျိုးအစားအလိုက် ခွဲခြားကြည့်လျှင် Splits, VRFs, Chillers, Indoors,Windows နှင့်အခြားဟူ၍ တွေ့နိုင်သည်။ထိုသို့ ခွဲခြားလိုက်သော အပိုင်းအကန့်များထဲတွင် Split အမျိုးအစား လေအေးပေးစက်များသည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့တွင် စျေးကွက်ဝေစု အများစုကို သိမ်းပိုက်ထားသည်။

လေအေးပေးစက် ဝယ်လိုအား( ၂၀၁၂-၂၀၁၈)

Split အမျိုးအစားသည် Windows အမျိုးအစားကဲ့သို့ တပ်ဆင်ရာ၌ နံရံတွင် အပေါက်ခပ်ကျယ်ကျယ် ရှိဖို့ မလိုခြင်း၊ အခန်းပြင် ထုတ်ထားသဖြင့် အခန်းတွင်း နေရာမယူခြင်း၊ ဆူညံသံ နည်းပါးခြင်း၊ အဆင့်မြင့် နည်းပညာကြောင့် မီတာခ ကုန်ရကျိုးနပ်ခြင်း၊ ရွေးချယ်စရာ နည်းပညာအဆင့်မြင့် လေအေးပေးစက် မူကွဲအမျိုးမျိုး Brand အမျိုးမျိုး ရှိနေခြင်းတို့ကြောင့် Split အမျိုးအစား လေအေးပေးစက်ကို အများဆုံး ရွေးချယ်သုံးစွဲကြသည်။

 အဆုံးသတ် သုံးစွဲသူအရ ကြည့်လျှင် လူနေအိမ်ခန်း၊ ရုံးခန်း၊ စက်ရုံအလုပ်ရုံ၊ စားသောက်ဆိုင်ကဲ့သို့သော လုပ်ငန်းသုံး ဟူ၍ အကြမ်းအားဖြင့် ခွဲခြားနိုင်သည်။၎င်းတို့တွင် လူနေအိမ်ရာအပိုင်းသည် ၂၀၁၉ ခုနှစ်တွင် တိုင်းပြည်၏လေအေးပေးစက်ဈေးကွက်တွင် ဈေးကွက်ဝေစုအများစုကိုရရှိခဲ့ပြီး ကြိုတင်ခန့်မှန်းနိုင်သည့်ကာလတစ်လျှောက်လုံး ဈေးကွက်ကို ဆက်လက် ဦးဆောင်ရန်မျှော်လင့်ရသည်။မြို့ပြလူဦးရေမြင့်မားခြင်းနှင့်အတူ နေထိုင်ရာအခန်း သိပ်သည်းခြင်း မြင့်မားခြင်းရှိသည့် နေရာဒေသတို့သည် လေအေးပေးစက်များ အများဆုံး သုံးနေသည့် နေရာဒေသများ ဖြစ်သည်။

 

Export, Import Read 711 times