Alibaba တည်ထောင်သူ Jack Ma တိုကျိုတွင် နေထိုင်လျက်ရှိ


30 November, 2022

Alibaba တည်ထောင်သူ Jack Ma တိုကျိုတွင် နေထိုင်လျက်ရှိ
TO GET INSTANT UPDATE  
Join Telegram Channel  https://t.me/Guid4U
 

Alibaba တည်ထောင်သူ Jack Ma သည် တရုတ်အစိုးရက နည်းပညာလုပ်ငန်းများကို အရေးယူမှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်ပြီးနောက်တွင်တိုကျိုမှာ နေထိုင်လျက်ရှိသည်။
ဘီလျံနာ ဂျက်မားသည်  လူအများမြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် ဂျပန်နိုင်ငံတွင် နေထိုင်လျက် ရှိသည်မှာ ခြောက်လနီးပါးကြာခဲ့ပြီဖြစ်သည်။
.    
Alibaba တည်ထောင်သူ Jack Ma သည်  တရုတ်နိုင်ငံတွင် တစ်ချိန်တစ်ခါက အချမ်းသာဆုံး စီးပွားရေးခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။
.
ဂျက်မားသည် သူ့မိသားစုနှင့်အတူ ဂျပန်တွင် လကြာမြင့်စွာ နေထိုင်ခဲ့စဉ်  တိုကျိုအပြင်ဘက်ရှိကျေးလက်ဒေသမှ ရေပူစမ်းများနှင့် နှင်းလျှောစီးအပန်းဖြေစခန်းများသို့ သွားရောက်လေ့ရှိပြီး 
အမေရိကန်နှင့် အစ္စရေးသို့ ပုံမှန်ခရီးစဉ်များ သွားရောက်လေ့ရှိသည်ဟု သူ့၏ ခရီးစဉ်များကို တိုက်ရိုက်သိရှိသည့် သတင်းရင်းမြစ်များက ပြောကြားသည်။
.
ဂျက်မားသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က တရုတ်အစိုးရ၏ ငွေကြေးကဏ္ဍ ကြီးကြပ်ကွပ်ကဲသူများကို  ဝေဖန်ခဲ့ပြီးနောက် လူအများအမြင်မှ ပျောက်ကွယ်သွားခဲ့သည်။ 
နိုင်ငံပိုင်ဘဏ်များသည်  အပေါင်ပစ္စည်း မပေးနိုင်လျှင် ငွေထုတ်မချေးသည့်  "အပေါင်ဆိုင် စိတ်ဓာတ်" ရှိသူဟု သူက ဝေဖန်ခဲ့သည်။ အပေါင်ပစ္စည်းမဲ့ ဆင်းရဲသားများကို အကြွေးအသစ်များ ထပ်‌ေချးပေးဖို့ ရဲရင့်သည့် ကစားသမားသစ်တွေကို နေရာပေးဖို့ သူက တောင်းဆိုခဲ့ပါသည်။
ထိုစဉ်မှစ၍ သူတည်ထောင်ခဲ့သော ကုမ္ပဏီနှစ်ခုဖြစ်သည့် Ant နှင့် ecommerce လုပ်ငန်းစု Alibaba တို့သည် အစိုးရ၏ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အတားအဆီးများစွာကို ရင်ဆိုင်ခဲ့ရသည်။
 အများပြည်သူတို့ကို အစုရှယ်ယာများ ကန်ဒေါ်လာ ၃၇ ဘီလံဖိုး ကနဦးရောင်းချမည့် Ant ၏ အစီအစဉ်ကို တရုတ်အစိုးရ၏ ကြီးကြပ်ကွပ်ကဲသူများက ပယ်ဖျက်ခိုင်းခဲ့သဖြင့် နောက်ဆုတ်လိုက်ရသည်။ 
 ယမန်နှစ်က Alibaba ကို လက်ဝါးကြီးအုပ် လုပ်ကိုင်မှုများအတွက်  ဒဏ်ငွေ ၃၇ ဘီလီယံ ချမှတ်ခဲ့သည်။ 

 

ဂျက်မားကို နယ်သာလန်နိုင်ငံတွင် တွေ့ရစဉ်

 

တရုတ်အာဏာပိုင်များနှင့် ရန်စ ရှိသွားပြီးးသည့် နောက်ပိုင်းတွင် ဂျက်မားကို စပိန်နှင့် နယ်သာလန်အပါအဝင် နိုင်ငံအချို့တွင် တွေ့ရှိခဲ့ရသည်။
.
Shanghai အနီးရှိ Alibaba ရုံးချုပ် တည်ရှိရာ Hangzhou တွင် Jack Ma ၏  နေအိမ် တည်ရှိပါသည်။
တရုတ်နိုင်ငံရှိ ၎င်း၏နေအိမ်တွင် နေထိုင်သည့်အချိန် နည်းပါးခြင်းသည်  Jack Ma သည် နိုင်ငံတွင်းသို့ ဝင်ရောက်လာသူတိုင်းအပေါ် ချမှတ်ထားသည့် ပြင်းထန်သော Covid-19 ကွာရင်တိုင်း အစီအစဉ်များကို ရှောင်လို၍ ဖြစ်နိုင်သည်။ပြည်ပခရီး တစ်ခေါက်ထွက်ပြီး ပြန်လာတိုင်း ကွာရင်တိုင်း ဝင်ဝင်နေရမည့်အရေးကို မလိုလား၍ ဖြစ်နိုင်သည်။ ထို့ပြင် တရုတ်နိုင်ငံတွင် ဩဇာတိက္ကမ ကြီးမားလွန်းသူ ဖြစ်နေသဖြင့် ငြိုငြင်မှုများ ရှိနေသည်ကို ရန်ရှောင်ခြင်းလည်း ဖြစ်နိုင်ပါသည်။

ျက်မားပိုင်ဆိုင်သည့် Zen ဟု အမည်ပေးထားသော superyatch ကို စပိန်နိုင်ငံတွင် တွေ့ရစဉ်

 

Ma သည် တိုကျိုတွင် နေထိုင်စဉ်အတွင်း သိုသိုသိပ်သိပ်ဖြင့် နေထိုင်သည်။ သူ့ပင်တိုင် စားဖိုမှူးနှင့်  လုံခြုံရေးတို့နှင့် အတူနေသည်။ လူအများနှင့် လုပ်ကိုင်ရသော လှုပ်ရှားလုပ်ကိုင်မှုများကို အနည်းဆုံး ဖြစ်စေသည်ဟု သူ မည်သည့်နေရာတွင် ရှိနေကြောင်းတိုက်ရိုက်သိသူများက ပြောကြားကြသည်။
.
သူ သွားလာသည့် လူမှုဝန်းကျင်များသည်  လက်တစ်ဆုပ်စာအသင်းဝင်များသာရှိသော သီးသန့်ကလပ်များတွင် ဗဟိုပြုနေသည်။ ကလပ်တစ်ခုသည် စည်ကားသည့် Ginza ခရိုင်တွင် တည်ရှိသည်။ နောက်ကလပ်တစ်ခုသည် Marunouchi ငွေရေးကြေးရေး အချက်အချာ ခရိုင်တွင် အင်ပါယာနန်းတော်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ 
Ginza အခြေစိုက် သီးသန့်ကလပ်သည် လူများသော်လည်း ချမ်းသာသော တရုတ်သူ‌ေဌးများအတွက် အပြောအဆို အနေအထိုင် လိမ္မာသိုသိပ်သော လူမှုအချက်အချာ ဖြစ်သည်။ ၎င်းတရုတ်သူဌေးများသည် တိုကျိုတွင် အခြေချနေထိုင်သူများ၊ ဗီဇာသက်တမ်းတိုးပြီး နေထိုင်ကြသူများ ဖြစ်သည်။
.
ဂျပန်နိုင်ငံ၏ ခေတ်ပေါ်ပန်းချီတွင် ပါဝင်ပတ်သက်သူများက ဂျက်မားသည် ပန်းချီကားများကို  စိတ်အားထက်သန်စွာ စုဆောင်းသူဖြစ်လာသည်ဟု ဆိုသည်။

ဘီလျံနာသူဌေးကြီး ဂျက်မားနှင့် တရုတ်နိုင်ငံတွင် နီးစပ်သော မိတ်ဆွေများက တရုတ်နိုင်ငံရှိ ထိပ်တန်းအရာရှိများ၊ ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းအရာရှိများတို့နှင့် အစည်းအဝေးများ တက်ရောက်ရန်  ဂျက်လေယာဉ်ဖြင့် ဥဒဟို မနေမနား သွားလာနေရခြင်းကို မလုပ်ကိုင်ရတော့သည့် နောက်ပိုင်း၊ လူအများ ရှေ့မှောက် မထွက်ရတော့သည့် နောက်ပိုင်း အချိန်များ ပိုနေသည်ကို အချိန်ကုန်စေရန် ဂျက်မားသည် ရေဆေးပန်းချီ ရေးခြယ်ခြင်း ပြုနေခဲ့သည်ဟု ဆိုသည်။ 
.
ဂျက်မားသည် Alibaba နှင့် Ant တို့၏ အဓိက အီလက်ထရွန်းနစ်နည်းပညာများကို ကျော်လွန်ပြီး ရေရှည်တည်တံ့ခိုင်မြဲနယ်ပယ်သို့ ၎င်း၏စီးပွားရေးစိတ်ဝင်စားမှုကို ချဲ့ထွင်ရန် ဂျပန်နိုင်ငံတွင် ၎င်း၏အချိန်ကို အသုံးပြုခဲ့ကြောင်း အချို့က ဆိုသည်။
သူသည် ကုမ္ပဏီနှစ်ခုစလုံးတွင် မျိုးဆက်သစ်ခေါင်းဆောင်များထံ ဦးဆောင်ရမည့်တာဝန်များ လက်လွှဲပြောင်းပေးခဲ့သည်။

ဂျက်မားကို ချက်နိုင်ငံတွင် တွေ့ရစဉ်

ဂျက်မား မည်သည့်နေရာတွင် ရှိနေသည်ကို ထင်ကြေးအမျိုးမျိုး ပေးခဲ့ကြသည်။
ယမန်နှစ်က စပိန်နိုင်ငံ Mallorca ကျွန်းမှာ ဂျက်မားကို  တွေ့ခဲ့ရကြောင်း ဒေသခံ မီဒီယာ သတင်းများအရ သိကြရသည်။ 
ဇူလိုင်လတွင် ဂျက်မ သည် ရေရှည်တည်တံ့သောစားနပ်ရိက္ခာထုတ်လုပ်မှုအကြောင်း လေ့လာရန် နယ်သာလန်ရှိ တက္ကသိုလ်တစ်ခုသို့ သွားရောက်ခဲ့သည်။
လွန်ခဲ့သည့် ခုနစ်နှစ်က သူတည်ထောင်ခဲ့သော အထက်တန်းစား Hupan တက္ကသိုလ် အမှုဆောင် လေ့ကျင့်ရေး အစီအစဉ်သည် အစုိးရ ထိပ်တန်းအရာရှိအချို့က ၎င်းသည် ဂျက်မားအတွက် ၎င်း၏ကွန်ရက်ကို တိုးချဲ့ရန် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ခံရပြီးနောက်တွင် လုပ်ကိုင်ဆောင်ရွက်မှုများ ငြိမ်သက်သွားခဲ့သည်။

ဂျက်မားက Alibaba မှ အနားယူပြီးနောက် နှစ်မြှုပ်လုပ်ကိုင်သည့် Jack Ma Foundation သည် ကိုဗစ်ကပ်ဘေး အစပိုင်းမှာ ကမ္ဘာတစ်လွှား မတ်စ်များ လှူဒါန်းခဲ့သဖြင့် ကမ္ဘာ့အမှတ်တံဆိပ် ဂျက်မား တည်ဆောက်နေသည်ကို အထောက်အကူ ဖြစ်ခဲ့ပြီးနောက် လူသိရှင်ကြားဖြစ်ခြင်းကိုလျှော့ချခဲ့သည်။
.
 ဂျပန်မှ SoftBank သည် ကမ္ဘာ့နည်းပညာနယ်ပယ်၌ ရင်းနှီးမြှုပ်နှံမှုများ ယခုနှစ်အစောပိုင်းတွင် ခွက်ခွက်လန် ရှုံးခဲ့ပြီးသည့်နောက်တွင် ဂျပန်နိုင်ငံတွင် ဂျက်မ နေထိုင်နေသည့် ခြောက်လတာကာလအတွင်း SoftBank သည် ကာလရှည်ကြာ ပိုင်ဆိုင်ခဲ့သည့် Alibaba ရှယ်ယာများကို ရောင်းထုတ်ပစ်ခြင်းနှင့်လည်း တိုက်ဆိုင်နေပါသည်။
Source ft.com
TO GET INSTANT UPDATE  
Join Telegram Channel https://t.me/Guid4U

Global News Read 528 times