နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုအလေးပေးမည့် ဥပဒေတစ်ရပ်ကို မြန်မာနိုင်ငံမှ ရွှေ့ဆိုင်းထားမည်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား တံခါးဖွင့်ပေးမည့် ရေရှည်စောင့်မျှော်နေကြသည့် ပြုပြင်ပြောင်းလဲမှုတစ်ရပ်ကို မြန်မာနိုင်ငံက ရွေ့ပြောင်းထားမည်ဖြစ်ကြောင်းသက်ဆိုင်ရာ တာဝန်ရှိသူနှစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာကုမ္ပဏီများတွင် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ရှယ်ယာ၃၅ရာခိုင်နှုန်းအထိထည့်ဝင်ခြင်းအား ခွင့်ပြုမည့် ကော်ပိုရေးရှင်းများနှင့်ပတ်သက်သော ပြုပြင်ပြောင်းလဲမှုအား ရွေ့ဆိုင်းလိုက်ခြင်းသည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုအပေါ် ထိုးနှက်ချက်အသစ်တစ်ရပ်ဖြစ်စေဖွယ်ရှိသည်။
စစ်အုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ်များချီလျက်ကြာဆယ်စုနှစ်များချီလျက်ကြာအောင် အထီးကျန်ခဲ့ရပြီး နောက်စီးပွားရေးပြုပြင်ပြောင်းလဲမှုသည် မြန်မာနိုင်ငံ၏ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဖော်ဆောင်ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏အဓိက ရည်မှန်းချက်တစ်ရပ်လည်းဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်မည့် ပြုပြင်ပြောင်းလဲရေးအစိုးရတစ်ရပ်ဖြစ်စေရမည်ဟု ကတိပြုထားသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် တုန်လှုပ်ဖွယ် စိန်ခေါ်မှုအား ရင်ဆိုင်နေရကြောင်း မီးမောင်းထိုးပြသည့် ယင်းရွေ့ဆိုင်းမှုမှာခြိမ်းခြောက်မှုအောက်သို့ရောက်ရှိနေကြောင်း သိရသည်။
ဘင်္ဂါလီ လူနည်းစုအပေါ်ဆက်ဆံခဲ့ပုံနှင့် ပတ်သက်၍ ရေရှည်ချည့်နဲ့ခဲ့သည့်မြန်မာနိုင်ငံ၏စီးပွားရေးကို မူလနေရာသို့ပြန်လည်ရောက်ရှိရန် ပိတ်ဆို့မှုများချမှတ်မည်ကို ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်နေကြပြီး မြန်မာနိုင်ငံအတွက် အချို့သောအကူအညီအထောက်အပံ့များကို ဆိုင်းငံထားနှင့်ပြီးဖြစ်သည်။
ယခင် စစ်အစိုးရဟောင်းမှ စီမံခန့်ခွဲမှုအလွဲများဖြင့် ဆယ်စုနှစ်များချီလျက်ကြာအောင် အုပ်ချုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့များစွာလိုအပ်နေသော နိုင်ငံခြားအရင်းအနှီးများကိုဆောင်ကြဉ်းပေးနိုင်သည့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေတစ်ရပ်ကိုလွန်ခဲ့သည့်သီတင်းပတ်အတွင်းက အစပြုမည့်နေ့စွဲမပါပဲ နိုင်ငံတော်သမ္မတမှ အတည်ပြုပေးခဲ့ကြောင်း သိရသည်။
သို့သော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီအုပ်ချုပ်မှုဆိုင်ရာ မြန်မာနိုင်ငံညွှန်ကြားမှုအဖွဲ့(DICA)အကြီးအကဲမှ မြန်မာအာဏာပိုင်များသည် ယင်းဥပဒေစည်းမျဉ်းအသစ်များအား ၂ဝ၁၈ ခုနှစ်သြဂုတ်လအထိ အကောင်အထည်ဖော်ရန်အဆင်သင့်ဖြစ်နိုင်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။
ဥပဒေနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများအား အဆင်အသင့်ပြင်ခြင်းနှင့် အကောင်အထည်ဖော်ရန် အဓိက ကျသော ကုမ္ပဏီမှတ်ပုံတင်ခြင်းတို့ ပြီးပြည့်စုံပြီးမှသာအကောင်အထည်ဖော်မည်ဟု သိရသည်။
DICA ၏ညွှန်ကြားရေးမှူးသည် အာရှဖွံ့ဖြိုးရေးဘဏ်မှ ပွင့်လင်းမြင်သာမှုအား မြှင့်တင်ရန် မြန်မာနိုင်ငံ၏ ကုမ္ပဏီမှတ်ပုံတင်ခြင်းကို အီလက်ထရွန်နစ်နည်းဖြင့်မွမ်းမံရန်စတင် တွန်းအားပေးမှုဖြစ်သော ပထမဆုံးခေတ်သစ် အွန်လိုင်းမှတ်ပုံတင်မှုအတွက်လမ်းညွှန်မှုနှင့် ကျင့်သုံးရေးလက်စွဲပြုစုရန် အာဏာပိုင်များအနေဖြင့် အချိန်ရှစ်လယူရမည်ဖြစ်ကြောင်း သိရသည်။
ဥပဒေတွင် ခေတ်သစ် ကော်ပိုရေးရှင်းများအုပ်ချုပ်မှုဆိုင်ရာ ပထမဆုံးစည်းမျဉ်းတစ်စုံပါဝင်ပြီး အချို့အပိုင်းများတွင် ရာစုနှစ်တစ်ခုကျော် ကြာပြီးဖြစ်သည့် စည်းမျဉ်းစည်းကမ်းများကို နိုင်ငံတကာစံနှုန်းများနှင့် နီးစပ်သောစည်းမျဉ်းစည်းကမ်းဆိုင်ရာလုပ်ငန်းမူဘောင်ဖြစ်ရန်အစားထိုးပြုပြင်ထားကြောင်း သိရသည်။
နိုင်ငံခြားသားများအားပြည်တွင်းကုမ္ပဏီများတွင် ရှယ်ယာ၃၅ရာခိုင်နှုန်းအထိ ထည့်ဝင်မှုအားခွင့်ပြုသည့် အပိုဒ်တစ်ပိုဒ်သည် ပြည်တွင်းလုပ်ငန်းများအား အရင်းအနှီးပို၍များစွာသုံးစွဲခွင့်ရနိုင်စေပြီးဘဏ်လုပ်ငန်းမှသည် အိမ်ခြံမြေလုပ်ငန်းအထိငွေကြေးထည့်ဝင်ရန် အရေးပေါ်လိုအပ်နေသည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မည့်သူများနှင့် အရင်းအနှီးရှာမည့်သူများအား တံခါးဖွင့်ပေးနိုင်သည်။
Source:Daily Eleven