ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်ရာတွင် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားခွင့်ပြု


14 January, 2019

ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို အွန်လိုင်းစနစ်ဖြင့် လျှောက်ထားရန် ယခုလကစတင်ခွင့်ပြုခဲ့သည် ဟု စက်မှုကြီးကြပ်ဌာနညွှန်ကြား ရေးမှူးဦးတင်ရွှေဦးကပြောသည်။စက်မှုဝန်ကြီးဌာန ဝက်ဘ် ဆိုက်စာမျက်နှာ disi.gov.mm တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အနှံ့၌ လုပ်ကိုင်ဆောင်ရွက်နေ သည့် ပုဂ္ဂလိကစက်မှုလုပ်ငန်း အားလုံးအွန်လိုင်းစနစ်ဖြင့် မှတ် ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ဆောင် ရွက်နိုင်ခြင်းဖြစ်သည်။

ယင်းဝန်ဆောင်မှုကို စမ်း သပ်လုပ်ဆောင်ခဲ့သည်မှာ ၁၀ လခန့်ရှိပြီဖြစ်ပြီး လက်ရှိအချိန်ထိ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင် သည့် ပုဂ္ဂလိကစက်မှုလုပ်ငန်း ၉၅၀ ကျော်ရှိပြီဟု ဦးတင်ရွှေဦးက ပြောသည်။စက်မှုဝန်ကြီးဌာနသည် ပုဂ္ဂ လိကစက်မှုလုပ်ငန်း မှတ်ပုံတင် သည့်စနစ်ကို အွန်လိုင်းစနစ်အ ဖြစ် ပြောင်းလဲခဲ့သော်လည်း ပုံမှန် အတိုင်းစာရွက်စာတမ်းများဖြင့် ရုံးဌာနသို့လာရောက်မှတ်ပုံတင်မှု ကိုလည်း နှစ်မျိုးတွဲ၍ ဝန်ဆောင်မှု ပေးသည်ဟု ၎င်းကပြောသည်။‘‘အချိန်အတိုင်းအတာတစ် ခုအထိ သူတို့ကိုတွဲခေါ်ရဦးမယ်’’ ဟု ဦးအောင်ရွှေဦးက ပြောသည်။

စက်မှုဝန်ကြီးဌာန၏ အွန် လိုင်းစနစ်မှတ်ပုံတင်ရာတွင် မှတ် ပုံတင်ကြေးပေးသွင်းခြင်းကို အွန် လိုင်းစနစ်ဖြင့် လက်ခံနိုင်ခြင်းမရှိ သေးသဖြင့်ကြားခံဘဏ်ဖြင့် ချိတ်ဆက်ထားသည်။‘‘အခုက ပထမအဆင့်ပါ။ ငွေပေးချေတာတွေ မလုပ်နိုင်သေး ဘူး။ နောက်တစ်ဆင့်လုပ်ရမှာပါ’’ ဟု ဦးတင်ရွှေဦးကပြောသည်။နှစ်စဉ် ပုဂ္ဂလိကစက်မှုလုပ် ငန်းလိုင်စင်ငါးထောင်ကျော်အ သစ်တိုး၍ လာရောက်လျှောက် ထားလေ့ရှိသည်။

လက်ရှိ၌ ပုဂ္ဂလိကစက်မှု လုပ်ငန်းမှတ်ပုံတင်လျှောက်ထား ပြီးသူ ငါးသောင်းတစ်ထောင် ကျော်ရှိသည်။ ပုဂ္ဂလိကစက်မှု လုပ်ငန်းဆိုသည်မှာ ဆန်စက်၊ ဆီ စက်ကအစပြု၍ အိမ်သုံးကုန် ထုတ်လုပ်ခြင်း၊ လူသုံးကုန်ထုတ် လုပ်ခြင်းစသည်ဖြင့် ကဏ္ဍ ၁၃ ခု ရှိသည်။

7 Day Daily

Tips Read 491 times