၁၆ ကြိမ်မြောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေး


05 February, 2021

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှမှု ဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၆/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ခွင့်ပြု (၄) ခုကို ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။

ခွင့်ပြု (၄) ခုထဲတွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၃) ခု၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု (၁) ခု ပါဝင်ပါသည်။

 

ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

(၁) Dawei Shrimp Farming Company Limited၊ ပုစွန်မွေးမြူထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း။

ကံပြင် (၂/အေ)၊ ကွင်းအမှတ် (၄၄၆)၊ ကနက် သီရိကျေးရွာအုပ်စု၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီး။

(၂) Best Eternity Recycle Pulp And Paper Company Limited။ စက္ကူပျော့ဖတ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း။

စက္ကူစက်ရုံ (ရေနီ)၊ ရေနီမြို့၊ ရေတာရှည် မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။

(၃) NSKRE Residence (Myanmar) Co., Ltd။ Construction, Leasing and Management of Service Apartment လုပ်ငန်း။

မြေကွက်အမှတ် (၇၇၊ ၇၇ အေ)၊ မြေတိုင်းရပ်ကွပ် အမှတ် ၃၄ စီ၊ သာယာရွှေပြည်လမ်း၊ တာမွေလေးရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

 

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု

(၁) Yatanarpon Aviation Support Co.,Ltd။ ရဟတ်ယာဉ်ဖြင့် လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း။

မန္တလေးချမ်းမြသာစည်လေဆိပ်၊ မန္တလေးတိုင်းဒေသကြီး ။

ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၊ လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/ အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင်အစည်းအဝေးမှ စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၁၆/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း (၁၂၁၂) ခု ဖန်တီးပေးနိုင်ခဲ့ပါသည်။

Investment/Divestment Read 590 times