မြန်မာနဲ့ အမေရိကန်အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အာဆီယံဒေသတွင်းနိုင်ငံများတွင် ပထမဆုံးအဖြစ် အမေရိကန်စီးပွားရေး Corner ကို မန္တလေးမြို့မှာ မတ်လ ၁၂ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
အမေရိကန်စီးပွားရေး Corner ကို မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုအသင်းရုံးမှာ ရုံးခန်းတစ်ခုဖွင့်လှစ်ကာ နှစ်နိုင်င်ငံစီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
ဒီ Corner ကနေ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံအကြားက စီးပွားရေးလုပ်ငန်းအသိုင်းအဝန်းတွေနဲ့ နိုင်ငံသားတွေအချင်းချင်း ဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့ ဆန္ဒရှိပါတယ်။ ဒါ့ပြင် အမေရိကန်စီးပွားရေးအသိုင်းအဝန်းနဲ့ မြန်မာ့စီးပွားရေးအသိုင်းအဝန်း လက်တွဲချိတ်ဆက်နိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ မန္တလေးမြို့ကို ရွေးချယ်ရခြင်းမှာ မန္တလေးဟာ တိုင်းပြည်ရဲ့ စီးပွားရေးအတွက် အချက်အချာကျတဲ့ နေရာမှာရှိပြီး စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာလုပ်ကိုင်နိုင်မယ့် နယ်ပယ်တစ်ခုဖြစ်အောင် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးနေသောကြောင့်ဖြစ်ပါတယ်။
အမေရိကန်ဟာ အာရှတိုက်အတွင်းမှာ ပထမဆုံး အမေရိကန်စီးပွားရေး Corner ကို ၂၀၁၁ ခုနှစ်အတွင်းက အိန္ဒိယနိုင်ငံမှာ ဖွင့်လှစ်ခဲ့ပြီး အခု ၂၀၁၉ မှာတော့ အာဆီယံဒေသတွင်း နိုင်ငံများထဲမှ မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်ခြင်းဖြစ်ပါတယ်။
7day daily