ရန်ကုန်မြို့ ရှိ CB BANK Customer ကြီးများသို့ အသိပေးကြေညာချက်


01 October, 2020

CB BANK သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း တွင် ဘဏ်ခွဲပေါင်း (၉၀) ကျော် ဖွင့်လှစ် ထားရှိပြီး COVID-19 ကူးစက် ရောဂါဖြစ်ပွားနေစဉ်အတွင်း ဘဏ်ခွဲ အဆောက်အဦးများ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဘဏ်ခွဲဝန်ထမ်းများမှ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များ အတိုင်း ဝန်ဆောင်မှုများပေးလျှက်ရှိပါသည်။

CB BANK ၏ Business Continuity Plan ( BCP ) အဆင့်ဆင့် အရ COVID-19 ရောဂါ ကူးစက်မှု ပြင်းထန်နေချိန် အတွင်း( ၂၈.၉.၂၀၂၀ ) ရက်နေ့မှစတင်၍ ဘဏ်ခွဲ ( ၂၄ ) ဘဏ်၏ ဘဏ် လုပ်ငန်းဝန်ဆောင်မှုများအား ယာယီ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

သို့သော် အဆိုပါဘဏ်ခွဲများရှိ ATM (ငွေထုတ်စက်)၊ CRM (ငွေသွင်း /ငွေထုတ်စက်) များ အပြင် အခြား နေရာများရှိ ATM /CRM စက်အားလုံးကို 24 နာရီ ဖွင့်လှစ်ပေးထားခြင်း နှင့် CB BANK i Banking , CB Pay နှင့် CB Bank Mobile Agent များမှတဆင့်လည်း ပိတ်ရက်မရှိ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေမည်ဖြစ်ပါသည်။

မြို့နယ်တူ နီးစပ်ရာ ဘဏ်ခွဲကြီးများအပြင် ရန်ကုန်မြို့ပေါ်ရှိ ကျန်ဘဏ်ခွဲများ အားလုံးတွင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ အား Centralized Core Banking System အသုံးပြု၍ ပုံမှန်အတိုင်း အပြည့်အဝ ဝန်ဆောင် မှုပေးမည် ဖြစ်ပါကြောင်း အသိပေး ကြေညာ အပ်ပါသည်။

CB BANK

Banking & Loan Read 603 times