ဧပြီလမှ စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၄ ဘီလျံအထိ ဝင်ရောက်ရန်ခန့်မှန်


25 April, 2018

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၄ ဘီလျံအထိ ဝင်ရောက်နိုင်ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးကပြောခဲ့ပါသည်။

လက်ရှိအချိန်သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်ဆုံးပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မစတင်သေးသည့် ကြားကာလ ၆လဖြစ်ပြီး ၎င်းကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ကုန်ထုတ်လုပ်ငန်း၊ အိမ်ရာအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အများဆုံး ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် ကုန်ဆုံးမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် ပတ်သက်သည့်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

Daily Eleven

Investment/Divestment Read 507 times