ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်ထောက်ပံ့


29 December, 2017

ဒိန်းမတ်နိုင်ငံမှ ပြည်တွင်း နယ်ပယ်ခုနစ်ခုရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများအား ထောက်ပံ့ငွေပေးအပ်မည်ဖြစ်၍ လျှောက်ထားလိုသူများအနေဖြင့် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်

စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ရုံး၌ ဇန်နဝါရီလ ၁ ရက်မှ ၁၇ ရက်အတွင်း လျှောက်ထားနိုင်ပြီး ဧပြီလအတွင်း ထောက်ပံ့ငွေများ ပေးအပ်မည်ဖြစ်ကြောင်း အဆိုပါ အသင်း ဥက္ကဋ္ဌထံမှ သိရပါသည်။

ထိုအသင်းမှ အချက်အလက်ဖြည့်ရန် ပုံစံများပေးထားပြီး ထိုအချက်များကိုဖြည့်ပြီးပါက ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၇ ရက်အတွင်း  ပြန်ပေးပို့ရမည်ဖြစ်ပါသည်။

ထို့နောက် ထိုရုံးမှ စစ်ဆေးပြီး လိုချင်သောပုံစံဝင်ပါက စီမံချက်ရေးပြီး တင်ပေးရပါမည်။

ပထမဦးစွာ ပုံစံတင်ပြီး အရွေးခံရမှသာ စီမံချက်ရေး၍ ပေးမည်ဖြစ်ပါသည်။

ထို့အပြင် စိစစ်ရွေးချယ်မှုများကို Responsible Business Fund, Myanmar မှ ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကြောင်း သိရပါသည်။

စိစစ်ရွေးချယ်ခံရပြီး စီမံချက်ရေးပြီးပါက ဧပြီလအတွင်းတွင် ထောက်ပံ့ငွေပေးမည်ဖြစ်ပါသည်။

ထောက်ပံ့ငွေဖြစ်သည့်အတွက် အပြီးပေးမည်ပြီး ချေးယူခြင်းပုံစံမဟုတ်ကြောင်းသိရပါသည်။

ငွေကျပ် သိန်း ၆၀၀၊ သိန်း ရ၀၀ တင်ပါက မိမိလုပ်ငန်း၏ အောင်မြင်မှုကို ပြပေးရမည်ဖြစ်ပါသည်။

ထောက်ပံ့ငွေလျောက်ထားနိုင်သည့်လုပ်ငန်းနယ်ပယ်များမှာ စွမ်းအင် အလေအလွင့်လျော့နည်းရေး၊ ရေအရင်းအမြစ်အသုံးချမှု၊ စွန့်ပစ်ပစ္စည်းနှင့် အညစ်ကြေးများအသုံးချမှု၊ ကျန်းမာရေးနှင့် လုံခြုံရေးလုပ်ငန်းစဉ်များ၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကြီးကြပ်ခြင်းနှင့် ကွပ်ကဲခြင်း နည်းပညာများ၊ လက်တွေ့နှင့် ပညာရပ်ဆိုင်ရာနည်းပညာများနှင့် ပတ်သတ်သည့် နယ်ပယ်ခုနစ်ခုကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရပါသည်။

Source:myawaddy newspaper

Banking & Loan Read 1698 times