ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုခြင်းနှင့် အတည်ပြုခြင်း


13 September, 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၁၈)အစည်းအဝေးမှ အဆိုပြုလွှာတင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ခွင့်ပြုမိန့်(၃)ခုနှင့် အတည်ပြုမိန့် (၃)ခု ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြကြောင်းပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှု ပြုရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၁၈) ကြိမ်မြောက်အစည်းအဝေးကို စက်တင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ကော်မရှင်အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၉) ဦး တက်ရောက်ကြသည်။အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူက တင်ပြလာသော ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် လျှောက်ထားလွှာများအား စိစစ်ခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုမိန့် ရရှိပြီးသော ကုမ္ပဏီ များမှ တင်ပြလာသည့် အထွေထွေ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ခွင့်ပြုမိန့် (၃) ခု

****

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ခွင့်ပြုမိန့်(၃) ခု ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။

ထိုခွင့်ပြုမိန့် (၃) ခုထဲတွင် ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်းများအရ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၂) ခု၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုုပ်နှံမှု (၁) ခု ပါဝင်ပါသည်။

ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

****

(၁) ၂၃၀ ကေဗွီဘဲလင်း ဓါတ်အား ခွဲ စက်ရုံ ၊ ဘဲလင်းကျေးရွှာ ၊စဉ့်ကိုင်မြို့နယ် ၊ ကျောက်ဆည်ခရိုင် မန္တလေးတိုင်းဒေသကြီး ။၁၄၅ .၄၉ မဂ္ဂါဝပ် ဓါတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ။PowerGen Kyaukse Co.,Ltd ။

(၂) ပါချန်ကြိုးဝိုင်း ၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းခရိုင် ၊ တနင်္သာရီ တိုင်းဒေသကြီး ၊Treated Water Supply ၊ Good Water (Kawthoung) Co., Ltd. ။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုုပ်နှံမှု

****

(၁) တနင်္သာရီ တိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ကျွန်းစုမြိုကနယ်၊ မအိုင်ကျွေးရွာ အုပ်စု၊ ပထော်ပထက်ကျွန်း ။ ငါးတင် ငါးချ ဆိပ်ခံတံတား ဝန်ဆောင်မှု့ လုပ်ငန်း။Pyi Phyo Tun International Co., Ltd. ။

မြန်မာနိုင်ငံခြားရင်းနှီးမြှုပ်နံှမှု့ ကော်မရှင် ၁၄/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် ရင်နှီးမြှုပ်နှံမှု့ လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း (၁၈၄) ခု ဖန်တီး ပေးနိုင်ခဲ့ပါတယ်။

အတည်ပြုမိန့် (၃) ခု

****

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား အတည်ပြုမိန့် (၃) ခု ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။

ထိုအတည်ပြုမိန့် (၃) ခု ထဲတွင် အတာ်ပြုခဲ့သည့် ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်းများအရ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၁) ခု၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုုပ်နှံမှု (၂) ခု ပါဝင်ပါသည်။

ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

****

(၁) အမှတ် - ၂၃၈ – ၂၄၀ ၊ မြေကွက်အမှတ် ၊ မြေတိုင်း ရပ်ကွက် အမှတ် - (၁၂-ခ) ။ ဗိုလိချုပ် အောင်ဆန်းလမ်း ၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး ကြယ်စင်မြို့တော် ၊ သန်လျင်မြို့နယ် ။ အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေ စမ်းသပ်ရေးဌါနပါဝင်သည့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု့လုပ်ငန်း ။Yoma Siloam Hospital Pun HlaingLimited။ခွင့်ပြုမိန့် (၃) ခု

မြန်မာနိုင်ငံသားများရင်းနှီးမြှုုပ်နှံမှု

****

(၁) ဦးပိုင် အမှတ် ၁၆ /1 + N ၁၄၈+ N ၁၅၈ ၊ ကွင်းအမှတ် (၁၉၈၆) ငဆော်ကွင်း ၊ အမှတ် (၃) ရပ်ကွက် မြို့မလမ်း ၊ငွေဆောင်မြို့နယ်၊ ပုသိမ်ခရိုင် ၊ ဧရာဝတီတိုင်းဒေသကြီး ။ ဟိုတယ်ဝန်ဆောင်မှု့ လုပ်ငန်း။ Nay Brothers Co., Ltd. ။

(၂) ဦးပိုင် အမှတ်-၁/၂၆၅ ၊ ၂/ ၂၆၅ ၊ ကွင်းအမှတ် (၂၃၆) ။ အိုးလုပ်ပြင် ၊ မြိတ်တောင်ကျေးရွှာ အုပ်စု မြိတ်မြို့နယ် ၊ တနင်္သာရီတိုင်းဒေသကြီး ။ HFO သုံး Generator များ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ။Min Zar Ni Fisheries Co.,Ltd. ။

မြန်မာနိုင်ငံခြားရင်းနှီးမြှုပ်နံှမှု့ ကော်မရှင် ၁၄/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့သည့် ရင်နှီးမြှုပ်နှံမှု့ လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း (၁၄၃) ခု ဖန်တီး ပေးနိုင်ခဲ့ပါတယ်။

Local News Investment/Divestment Read 583 times