ဧပြီ-ဇူလိုင် သဘာဝဓာတ်ငွေ့ တင်ပို့မှု ဒေါ်လာ သန်း ၈၀၀ ရရှိ 


26 August, 2022

ဧပြီ-ဇူလိုင် သဘာဝဓာတ်ငွေ့ တင်ပို့မှု ဒေါ်လာ သန်း ၈၀၀ ရရှိ 

မြန်မာနိုင်ငံသည် ဧပြီလမှ ဇူလိုင်လအတွင်း သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို အဓိက တင်ပို့ခဲ့ကြောင်း ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း သဘာဝဓာတ်ငွေ့ ကီလိုလီတာ ၇၇ ဒသမ ၈၉ သန်းကို ဓာတ်ငွေ့ပိုက်လိုင်းများမှတစ်ဆင့် တင်ပိုခဲ့ပြီး အဓိကအားဖြင့် ကမ်းလွန်စီမံကိန်း လေးခုဖြစ်သည့် ရတနာ၊ ရေတံခွန်၊ ရွှေနှင့် ဇောတိက ထုတ်လုပ်ရေးတူးစင်များထံမှ ဓာတ်ငွေ့များ ဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီးဌာန၏ အဆိုအရ သဘာဝဓာတ်ငွေ့ တင်ပိုမှုမှ ၀င်ငွေသည် ယမန်နှစ် အလားတူကာလထက် ဒေါ်လာ ၆၀ ဒသမ ၇ သန်း ပိုများသည်။

ထိုင်းနိုင်ငံ၏ PTT Exploration and Production Pcl သည် ရတနာ၊ ရဲတံခွန်နှင့် ဇောတိက လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို ပိုက်လိုင်းဖြင့် တင်ပို့လျက် ရှိသည်။

ထိုင်းနိုင်ငံ၏ သဘာဝဓာတ်ငွေ့ လိုအပ်ချက်၏ ၁၄%ခန့်ကို မြန်မာနိုင်ငံမှ ရယူလျက်ရှိပါသည်။
#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U

Energy News Read 5687 times