ဆော်ဒီအာရေဗျ ရေနံဈေးနှုန်း အာရှအတွက် ဈေးချလိမ့်မည်ဟု ခန့်မှန်း


30 November, 2022

ဆော်ဒီအာရေဗျ ရေနံဈေးနှုန်း အာရှအတွက် ဈေးချလိမ့်မည်ဟု ခန့်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံ၏ ဝယ်လိုအား နှေးကွေးမှုနှင့် ဒီဇင်ဘာ ၅ ရက်နောက်ပိုင်း အာရှတွင် ရုရှားရေနံများ တိုးလာမည်ကို စိုးရိမ်ခြင်းအပြင် အရှေ့အလယ်ပိုင်းဈေးကွက်တွင် ကုန်သွယ်မှုစက်ဝန်း အကျဘက်ရောက်နေသောကြောင့် ထိပ်တန်းရေနံတင်ပို့သည့် ဆော်ဒီအာရေဗျသည် အာရှအတွက် ရေနံစိမ်းစျေးနှုန်းများကို ဇန်နဝါရီတွင် လျှော့ချလိမ့်မည်ဟု ခန့်မှန်းထားသည်။

အထင်ကရ ရေနံစိမ်းအကြဲ Arab Light တရားဝင်ရောင်းဈေး  official selling price ဈေးကို တစ်စည်လျှင် $2 ခန့် လျှော့ချဖွယ် ရှိသည်ဟု ခန့်မှန်းထားကြသည်။ 
 အဆိုပါ ဈေးလျှော့ချခြင်းသည် ၂၀၂၃ ဇန်နဝါရီစျေးနှုန်းကို ၁၀ လတာတွင် အနိမ့်ဆုံးသို့ ရောက်ရှိမည်ဖြစ်သည်။
 မတ်လ အိုမန်/ဒူဘိုင် ရေနံစိမ်း တစ်စည် ပျမ်းမျှ ဈေးနှုန်းအထက် $2.80 တွင် ရှိမည်ဖြစ်သည်။
 
တရုတ်နိုင်ငံတွင် ကိုဗစ်လော့ဒေါင်းများကြောင့် ရေနံ သုံးစွဲမှုများ လျော့ကျနေသည်မှာ ၂၀၂၃ မတ်လကျမှ ပုံမှန် ပြန်ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။ 
ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) နှင့် OPEC+ ဟုခေါ်သော ၎င်းတို့၏ မဟာမိတ်အဖွဲ့တို့သည် ရေနံဈေးနှုန်းကို ထိန်းရန်အတွက် နိုဝင်ဘာလမှ စတင်၍ ထုတ်လုပ်မှု လျှော့ချထားသည်။ သို့တိုင်အောင် ရေနံပိုလျှံမည်ဟု  ဈေးကွက်က ခန့်မှန်းထားသည်။
G7 နိုင်ငံများသည် ရုရှားရေနံစိမ်းရောင်းချမှုအပေါ် စျေးနှုန်းကန့်သတ်ချက်ကို ဒီဇင်ဘာ ၅ ရက်တွင် ချမှတ်မည်ဖြစ်သည်။

စျေးနှုန်းကန့်သတ်ရန် ရေချိန်ကို အနောက်နိုင်ငံများက သဘောတူညီထားခြင်းမရှိသေးသော်လည်း အဆိုပြုထားသည့် စျေးနှုန်းသည် တစ်စည်လျှင် ၆၅ ဒေါ်လာမှ ၇၀ ဒေါ်လာအထိဖြစ်ပြီး လက်ရှိ ရောင်းဝယ်နေကြသည့် ဈေးနှုန်းရေချိန်ထက် နိမ့်သည်။

 Saudi Aramco က ၎င်း၏ ရေနံစိမ်း OSP များကို လတစ်လ၏ ၅ ရက် ဝန်းကျင်တွင် လစဉ် ထုတ်ပြန်ပါသည်။ ၎င်းဈေးနှုန်းအရ အီရန်၊ ကူဝိတ်၊ အီရတ် ရေနံစိမ်းဈေးနှုန်းများကို ချိန်ညှိသတ်မှတ်ကြသည်။ ထိုဈေးနှုန်း သတ်မှတ်ချက်သည် အာရှသို့ တင်ပို့သည့် ရေနံစိမ်း တစ်ရက် စည် ၉ သန်းအပေါ် သက်ရောက်မှု ရှိပါသည်။
Saudi Aramco အရာရှိများသည်  လစဉ် OSP များနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်မပေးသည့် မူဝါဒကို အစဉ်တစိုက် ကျင့်သုံးပါသည်။
၂၀၂၃ ဇန်နဝါရီလအတွက် ခန့်မှန်းဈေးနှုန်းဇယားကို ဖော်ပြအပ်ပါသည်။ 
(အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးနှုန်း အထက် တစ်စည်အတွက်  ကန်ဒေါ်လာ ရောင်းဈေးများ ဖြစ်ပါသည်)

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 231 times