အာဆီယံ ခုနစ်နိုင်ငံအနက် မြန်မာတစ်နိုင်ငံသာလျှင် ဇူလိုင်တွင် လု
အဓိက တွေ့ရှိချက်များ
ထုတ်လုပ်မှုနှင့် အော်ဒါ အသစ် နှစ်ရပ်စလုံး ငါးလအတွင်းမှာ ကျဆင်းမှု အညင်သာဆုံး ဖြစ်ခဲ့ခြင်း
ပြည်ပသို့ ရောင်းအား ကျဆင်းမှု အားပျော့လာခြင်း
အလုပ်နေရာများမှာ ဆက်ပြီး တဟုန်ထိုး ကျဆင်းသွားခြင်း
နောက်ဆုံးရ IHS Markit ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ဒေတာအရ ကိုရိုနာဗိုင်းရပ်စ် (COVID-19) နိုင်ငံတကာကူးစက်မြန် ကပ်ရောဂါသည် ကဏ္ဍအပေါ်သက်ရောက်မှု ဆက်လက်ရှ ိနေခဲ့ရာ အာဆီယံ ထုတ်လုပ်မှု အခြေအနေများ ရှေ့ဆက် ဆုတ်ယုတ်လာခဲ့ကြောင်း ဇူလိုင် ဒေတာမှ အချက်ပြနေသည်။
ကျဆင်းမှုနှုန်းမှာ ငါးလ ကျဆင်းလာခဲ့သည့် လက်ရှ ိအစဉ်ထဲတွင် အညင်သာဆုံး ဖြစ်ခဲ့သော်လည်း စက်ရုံများ၏ ထုတ်လုပ်မှုနှင့် အော်ဒါ အသစ် ကျဆင်းမှု နှုန်းမှာမူ နှေးလာခဲ့သည်။
အဓိကကျဆုံး PMI အညွှန်းမှာ ဇွန်လတွင် ၄၃.၇ မှ ဇူလိုင်လတွင် ၄၆.၅ သို့ မြင့်တက်သွားမှုက ကဏ္ဍအခြေအနေ ကျဆင်းမှု အားပျော့လာခြင်းကို အချက်ပြနေသော်လည်း နောက်ဆုံး အညွှန်းမှာ အပြောင်းအလဲမရှိ အမှတ် ၅၀.ဝ အောက်မှာ သိသိသာသာ ရှိနေခြင်းက ထုတ်လုပ်ရေး အခြေအနေများ ငါးလဆက်တိုက် ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။
နောက်ဆုံး ကျဆင်းမှုအတွက် အဓိကမှာ ထုတ်လုပ်မှုနှင့် အော်ဒါ အသစ် နှစ်ရပ်စလုံး ကျဆင်းလာမှု ဖြစ်ခဲ့သော်လည်း ကျဆင်းမှုနှုန်းမှာမူ ငါးလအတွင်း မှတ်တမ်းတင်ခဲ့သည့်အထဲတွင် အညင်သာဆုံးဖြစ်သည်။ ပြည်ပမှအော်ဒါများ သိသာစွာ ထပ်ကျသွားခဲ့၍ လက်ရှိဒေတာကို ကြည်ရခြင်းအားဖြင့် ရောင်းချမှုထဲရှိ တိုးတက်မှု မှန်သမျှကို ပြည်တွင်းမှ ဝယ်လိုအားက အဓိကအားဖြင့် မောင်းနှင်ပေးခဲ့သည်ဟု ယူဆရပါသည်။
သို့ဖြစ်၍ ကုမ္ပဏီများက ဝန်ထမ်းဦးရေကို ဆယ့်လေးလမြောက် ဆက်တိုက် ဖြတ်တောက်ခဲ့ကြရာ အလုပ်နေရာ လျှော့ချခံခဲ့ရသည့် နှုန်းမှာ မြင့်မားပါသည်။
ပါဝင်ကြသည့် ခုနစ်နိုင်ငံအနက် မြန်မာတစ်နိုင်ငံသာလျှင် ဇူလိုင်တွင် လုပ်ကိုင်မှု အခြေအနေများ တိုးတက်ခဲ့ကြောင်း မှတ်တမ်း တင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ အဓိကအကျဆုံး အညွှန်း ၅၁.၇ တွင် ရှိနေရာ ခြောက်လအတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ဘက်စုံတိုးတက်မှုကို အဓိက မောင်းနှင်ပေးခဲ့သည့် အဓိကအချက်မှာ ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ အားကောင်းစွာ တိုးလာခဲ့မှုဖြစ်သည်။
ကျန်နိုင်ငံများကို ကြည့်လျှင် -
မလေးရှားတွင် ဇွန်လထဲ အသင့်အတင့် တိုးတက်မှုရှိခဲ့သည့် နောက်မှာ လုပ်ကိုင်မှု အခြေအနေများ တုံ့ဆိုင်းနေခဲ့ပြီး အဓိကအကျဆုံး အညွှန်းမှာ ဇူလိုင်တွင် အပြောင်းအလဲမရှိ အမှတ် ၅၀.၀ မှာ ရှိနေပါသည်။ ယင်းအတောအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ကျဆင်းမှုမှာ ငါးလဆက်တိုက် ရှေ့ဆက်ခဲ့ပါသည်။ ထို့အပြင် ထုတ်လုပ်မှု အသစ်တဖန် ကျဆင်းလာခဲ့ချ ိန်မှာ အဓိက အကျဆုံးအညွှန်း (၄၈.၄) က ဇွန်လထက် ပိုပြင်းထန်သည့် နှုန်းဖြင့် ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။
ဗီယက်နမ်တွင်ပါ လုပ်ငန်း အခြေအနေ များ ဆုတ်ယုတ်လာကြောင်း တွေ့မြင်ရသည်။ အဓိက အကျဆုံး အညွှန်း (၄၇.၆) မှာ ဇူလိုင်တွင် အမှတ် ၅၀.ဝ အောက်သို့ နိမ့်ဆင်းသွားမှုက အသင့်အတင့် ကျဆင်းမှု နှုန်းကို အချက်ပြနေသည်။
တစ်ချိန်တည်းတွင် အင်ဒိုနီးရှား ထုတ်လုပ်သူတို့က ကုန်စည် ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေ ဆက်လက် ဆုတ်ယုတ်လာမှုကို မှတ်တမ်း တင်ခဲ့ကြပြီး လက်ရှိ ကျဆင်းမှုအစဉ်ကို ငါးလသို့ တိုးမြှင့် ပေးလိုက်ကြသည်။ ဇူလိုင်တွင် ၄၆.၉ သို့ မြင့်တက်လာခဲ့သော အဓိက အကျဆုံး အညွှန်းက ဇွန်နှင့်စာလျှင် ကျဆင်းမှုအားပျော့ခဲ့ပြီး ခြုံပြောရလျှင် အသင့်အတင့်မျှသာ ရှိခဲ့ကြောင်းကို အချက်ပြနေသည်။
အလားတူစွာပင် ထိုင်းနိုင်ငံ၏ ကျဆင်းမှုမှာ ထပ်ပြီး အားပျော့လာခဲ့သော်လည်း ခြုံကြည့်လျှင် အဓိက အကျဆုံး အညွှန်း (၄၅.၉) မှာ ခိုင်မာသည့် ကျဆင်းမှု နှုန်းဖြစ်ပါသည်။
နောက်ဆုံးအနေနှင့် စင်ကာပူ ထုတ်လုပ်သူတို့က နောက်ဆုံး သုံးလအတွင်း မြင်ခဲ့ကြရသည့်အတိုင်း အာဆီယံ ခုနစ်နိုင်ငံ အနက် အဆိုးဝါးဆုံး စွမ်းဆောင်မှုကို ပြသခဲ့သည်။ အဓိက အကျဆုံး အညွှန်းမှာ ဇူလိုင်လတွင် ၃၇.၃ သို့ ထိုးကျသွားရာကဏ္ဍ၏ အခြေအနေ ထပ်ပြီး ဆုတ်ယုတ်လာမှုကို ညွှန်ပြနေသော်လည်း မတ်၊ ဧပြီနှင့် မေလများမှာကဲ့သို့ မပြင်းထန်ခဲ့ပါ။
ဇူလိုင်ဒေတာမှာ ခြုံပြောရလျှင် ၂၀၂၀ ပြည့်နှစ်၏ ဒုတိယနှစ်ဝက်ထဲသို့ ခြေချဝင်လာသည့် အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ အားနည်းလျက် ရှ ိနေခြင်းကို မီးမောင်းထိုးပြလိုက်ကာ ကျဆင်းလာခဲ့မှုမှာ ငါးလဆက်တိုက် ရှ ိနေပြီဖြစ်ပါသည်။
သို့သော်လည်း လုပ်ကိုင်မှု အခြေအနေများ ဆုတ်ယုတ်လာခဲ့မှုမှာ ဖေါ်ပြပါ အစဉ်ထဲတွင် အညင်သာဆုံး ဖြစ်ခဲ့ပြီး ထုတ်လုပ်မှု၊ အော်ဒါ အသစ်များနှင့် အလုပ်နေရာများ အပါအဝင် အဓိကကိန်းဂဏန်းများမှာ ယခင် စစ်တမ်းကာလထက် အားပျော့လာခဲ့ကြသည်။
နိုင်ငံခြားမှ ဝယ်လိုအား သိသာစွာ ကျဆင်းလာခဲ့၍ ပြည်ပပို့ကုန်ဈေးကွက်များမှာ အားနည်းမှု၏ အဓိက အကြောင်းရင်းအဖြစ် ဆက်လက်ရှိနေခဲ့ပါသည်။
ဈေးနှုန်းများကို လေ့လာကြည့်လျှင်မူ ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ ကြီးထွားလာခဲ့ပြီး လက်ရှိ ငွေကြေးဖောင်းပွမှု အစဉ်ကို လေးလသို့ တိုးချဲ့ပေးလိုက်သည်။ နှုန်းမြင့်တက်မှုမှာ ခိုင်မာခဲ့သော်လည်း ဇွန်လနှင့်စာလျှင် မသိမသာ နည်းခဲ့သည်။ ကုမ္ပဏီများက ထည့်ကုန် ကုန်ကျစရိတ် မြင့်တက်လာခြင်းအား ရောင်းဈေးကို မြှင့်ပေးပြီး ဝယ်သူများဆီသို့ ဖို့ချခဲ့ကြသည်။
ရောင်းဈေး ဖောင်းပွလာမှု နှုန်းမှာ တစ်နှစ်နီးပါး အတွင်းမှာ အများဆုံး ဖြစ်ခဲ့သော်လည်း ခြုံကြည့်လျှင် အသင့်အတင့်မျှတပါသည်။
အနာဂတ်ဆီ မျှော်ကြည့်လျှင် လာမည့် ၁၂-လ အတွက် ထုတ်လုပ်မှု မျှော်မှန်းချက်မှာ ဇူလိုင်တွင် အပြုသဘောဆောင်လျက် ရှိနေပါသည်။ သို့သော်လည်း ဇူလိုင်လတွင် အကောင်းမြင်စိတ်မှာ ဇွန်လထက် မသိမသာ အားနည်းလာခဲ့ပြီး သမိုင်းတလျှောက် ဒေတာနှင့် ဆက်စပ်ပြောရလျှင် သိသိသာသာ အားနည်းနေဆဲဖြစ်သည်။
(ဒေတာကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၃-၂၇ ရက်များတွင် စုစည်းခဲ့သည်)
သုံးသပ်ချက်
စစ်တမ်း၏ နောက်ဆုံး ရလဒ်များကို သုံးသပ် ဖေါ်ပြသွားရာတွင်၊ IHS Markit မှ စီးပွားရေး ပညာရှင် Lewis Cooper က ပြောကြားခဲ့သည်မှာ- “အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍထဲက ကျဆင်းမှုမှာ ဇူလိုင်လတွင် ဆက်ခဲ့ပြီး လုပ်ကိုင်မှု အခြေအနေများမှာ ငါးလဆက်တိုက် ဆုတ်ယုတ်လာခဲ့ပါသည်။ ဆုတ်ယုတ်မှု အရှိန်မှာ ဆက်လက် အားပျော့လာခဲ့သော်လည်း၊
အညွှန်းအများအပြားတို့၏ ကျဆင်းမှု နှုန်းများမှာ ဇွန်လထက် အားပျော့လာခဲ့ကြပြီး ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များမှာ ငါးလအတွင်း အနည်းဆုံး နှုန်းဖြင့် ကျဆင်းခဲ့ကြသည်။
"ဝယ်လိုအား အခြေအနေများမှာ အားနည်းလျက် ရှိနေကြပြီး နိုင်ငံခြားမှ အော်ဒါများ သိသာစွာ လျော့နည်းလာမှုက ပြည်ပဈေးကွက်များမှာ ဝယ်လိုအားနည်းလာခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ကြောင်း မီးမောင်းထိုးပြနေပါသည်။
အနီးဆုံး အနာဂတ်တွင် ဝယ်လိုအား အခြေအနေမှာများစွာ မရေရာသောကြောင့် အာဆီယံ ကုန်စည်ထုတ်လုပ်သူတို့က ဝန်ထမ်းဦးရေကို တစ်ဟုန်ထိုး လျှော့ချနေကြချိန်မှာ လာမည့် ၁၂-လ အတွင်း ထုတ်လုပ်မှုဆိုင်ရာ ယုံကြည်မှုသည်လည်း အားနည်းလျက် ရှိနေဆဲဖြစ်ပါသည်။
"နောက်ဆုံး ဒေတာက လက်ရှိနှစ်၏ ဒုတိယခြောက်လပတ်ထဲသို့ ချင်းနင်းဝင်ကြချိန်မှာ အားတက်စရာ လက္ခဏာအချို့ကို ဖေါ်ပြထားရာ ကျဆင်းမှု၏ အဆိုးဆုံး အပိုင်းကို ကျော်လွှားနိုင်ခဲ့ပြီဟု ယူဆနိုင်ပါသည်။
မည်သို့ပင်ဖြစ်စေ ဘက်စုံမှ ဝယ်လိုအား မြင့်တက်လာရန် လိုအပ်သကဲ့သို့ အနှစ်သာရ ရှိသည့် နာလန်ပြန်ထူမှုကို ကျွန်ုပ်တို့ မြင်တွေ့လိုလျှင် စက်ရုံများကပါ ကုန်ထုတ်စွမ်းအား အပြည့်ဆီသို့ ရှေ့ဆက် အရှိန်မြှင့်တင်ရန် လိုပါသေးသည်။
နိုင်ငံတကာကူးစက်မြန် ကပ်ရောဂါ အသစ်တဖန် ဖြစ်ပွားလာနိုင်သည့် အလားအလာ ရှိနေ၍ လော့ခ်ဒေါင်း ပိတ်ချရမှုများ ပြန်ကျင့်သုံးလာရဖွယ် ရှိသောကြောင့် ကျဆင်းနိုင်မည့် အန္တရာယ်များမှာ သိသာစွာ ရှိနေကြပါသေးသည်"
PMI အကြောင်း
ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။
By Myanmar Industry Guide