အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေ ဆုတ်ယုတ်မှု ဇွန်လတွင် အားပျော့လာ


09 July, 2020

အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေ  ဆုတ်ယုတ်မှု ဇွန်လတွင် အားပျော့လာကြောင်း တွေ့ရသည်။

အဓိက တွေ့ရှိချက်များ

  • အဓိကအကျဆုံး PMI အညွှန်းမှာ လေးလအတွင်း အမြင့်ဆုံး ဖြစ်လာသော်လည်း ကျဆင်းမှု နယ်မြေထဲ ရှိမြဲရှိနေခြင်း
  • ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ကျဆင်းမှုမှာ သိသာသော်လည်း အားပျော့လာခြင်း
  • အလုပ်ဖြတ်တောက်ခံရမှုများ ရှိနေသေးခြင်း

IHS Markit ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI™) နောက်ဆုံး ဒေတာအရ  (ဒေတာကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၂-၂၄ ရက်များတွင် စုစည်းခဲ့သည်။)

အာဆီယံ ထုတ်လုပ်ရေး အခြေအနေများမှာ မေ‌လ နောက်ပိုင်းတွင် ကျဆင်းမှုနှုန်း အားပျော့လာခဲ့သော်လည်း ဇွန်လတွင် ဆက်လက် ဆုတ်ယုတ်နေဆဲဖြစ်သည်။ 

စက်ရုံများ၏ ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များမှာ ရှေ့ဆက် ကျဆင်းလာခဲ့ရာ ကျဆင်းမှုနှုန်း သိသာခဲ့သော်လည်း ယခင်လထက် သိသာစွာ အားပျော့လာခဲ့သည်။ ဝယ်လိုအား အခြေအနေများ အားပျော့လာသည်နှင့်အညီ ကုမ္ပဏီများသည် ဇွန်လတွင်  လုပ်သားအင်အားကို ဆက်ပြီး လျှော့ချခဲ့ကြရာ အလုပ်ဖြုတ်ခံရမှု နှုန်းမှာ ခြုံပြောရလျှင် များခဲ့သည်။ 

အဓိကကျဆုံး PMI အညွှန်းသည် မေလ၏ ၃၅.၅ မှေနပြီး  ဇွန်လတွင်  ၄၃.၇ တွင် မှတ်တမ်းတင်ခဲ့ပြီး တစ်လအတွင်း စံချိန်တင် ၈.၂ အထိ မြင့်တက်လာခဲ့သည်။ အညွှန်းက လက်ရှိကျဆင်းမှုမှာ ဒုတိယသုံးလပတ် အဆုံးတွင် အားပျော့လာကြောင်းကို ညွှန်ပြနေသည်။ မည်သို့ပင်ဖြစ်စေ အညွှန်းသည် အကျနယ်ပယ်ထဲတွင် အခိုင်အမာ ရှိနေသေးပြီးအာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ လေးလမြောက်ဆက်လက် ဆုတ်ယုတ်လာနေခြင်းကို အချက်ပြနေသည်။ 

ထုတ်လုပ်မှုနှင့် အော်ဒါ အသစ် နှစ်ရပ်စလုံး ကျဆင်းမှု နှေးလာခြင်းက အဓိက အကျဆုံး အညွှန်းကို တွန်းတင်ပေးရန် ပံ့ပိုးခဲ့သော်လည်း ကျဆင်းမှုမှာ ၎င်းတို့အသီးသီး၏ ကိုရိုနာဗိုင်းရပ်စ် မတိုင်မီ မှတ်တမ်းများထက် ပိုပြင်းထန်ခဲ့ပါသည်။ ဝယ်လိုအားနည်းနေခဲ့သောကြောင့် ကုမ္ပဏီများသည် ဝန်ထမ်းဦးရေကို ဆက်လက်ပြီး တဟုန်ထိုး လျှော့ချခဲ့ကြသည်။

နိုင်ငံအလိုက်ဆိုရလျှင် ပါဝင်သည့် ခုနစ်နိုင်ငံအနက် နှစ်နိုင်ငံတို့က လုပ်ကိုင်မှု အခြေအနေများ ဇွန်လတွင် တိုးတက်လာခဲ့သည်ဟု ဆိုကြသည်။ 

အလားတူပင် မ‌လေးရှား ထုတ်လုပ်သူတို့ကပါ ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလမှစပြီး ပထမဆုံးအကြိမ် ကဏ္ဍ၏ အခြေအနေ တိုးတက်လာကြောင်း အစီရင်ခံခဲ့ကြသည်။ ဇွန်လတွင် ၅၁.၀ မှာ ရှိနေရာ အဓိကအကျဆုံး အညွှန်းက အနည်းအကျဉ်း တိုးတက်မှုကိုသာ ထောက်ပြနေသည်။

ဗီယက်နမ်က အားအကောင်းဆုံး တိုးတက်မှုကို မှတ်တမ်း တင်ခဲ့သော်လည်း အဓိက အကျဆုံး အညွှန်း (၅၁.၁) မှာ ထုတ်လုပ်ရေး အခြေအနေများ အနည်းငယ်မျှသာ တိုးတက်လာခြင်းကို ညွှန်ပြနေပေသည်။ 

ဖိလစ်ပိုင်မှာ ဇွန်လတွင် ထုတ်လုပ်ရေး အခြေအနေများ လေးလဆက်တိုက် ဆုတ်ယုတ်လာမှုကို မှတ်တမ်းတင်ခဲ့သည်။ သို့သော် အဓိက အကျဆုံး အညွှန်း (၄၉.၇) မှာ မသိမသာ ကျဆင်းမှုကိုသာပြနေပါသည်။ 

မြန်မာနိုင်ငံတွင်ပါ အခြေအနေများ  အားနည်းလာခဲ့ပြီး အဓိက အကျဆုံး အညွှန်း (၄၈.၇) ဖြင့် ကြားနေအမှတ် ၅၀.၀ အောက်တွင် ငါးလ ဆက်တိုက် ရှိနေပါသည်။ သို့သော်လည်း ကျဆင်းမှုမှာဖေဖေါ်ဝါရီလမှစပြီး အနည်းဆုံး ဖြစ်ခဲ့ကာ အသင့်အတင့်မျှသာ ရှိခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံတွင် ထုတ်လုပ်ရေးကဏ္ဍ ဆက်လက်ကျဆင်းခဲ့ပြီး အဓိက အကျဆုံး အညွှန်း (၄၃.၅) မှာ မေလထက် မြင့်တက်လာသော်လည်း သိသာသည့် ဆုတ်ယုတ်မှုကို အချက်ပြနေသည်။ 

အလားတူစွာ အင်ဒိုနီးရှား နိုင်ငံကပါ ရှေ့ဆက် ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့သော်လ ည်း ကျဆင်းမှု နှုန်းမှာမူ ယခင် စစ်တမ်းကာလထက် သိသိသာသာ အားပျော့ ခဲ့ပြီး အဓိက အကျဆုံး အညွှန်းမှာ ၃၉.၁ သို့ တက်လှမ်းလိုက်သည်။

နောက်ဆုံးအနေနှင့် စင်ကာပူ၏ လုပ်ကိုင်မှု အခြေအနေများပါ ဆုတ်ယုတ်လာခဲ့ပြီး ကျဆင်းမှုမှာ စောင့်ကြည့်ခံရသည့် နိုင်ငံများထဲတွင် အသိသာဆုံး ဖြစ်ခဲ့သည်။ အဓိက အကျဆုံး အညွှန်း (၃၈.၈) မှာ မေလကထက် ၁၂.၄ အထိ မြင့်တက်လာခဲ့သည့်တိုင်အောင် တဟုန်ထိုး ကျဆင်းမှုကို အချက်ပြနေသည်။

အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ တစ်ရပ်လုံး၏ လုပ်ကိုင်မှု အခြေအနေများမှာ ခြုံပြောရလျှင် ဇွန်လတွင် ဆက်ပြီး သိသာစွာ ဆုတ်ယုတ်လာခဲ့သည်။ စက်ရုံ ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ ကျဆင်းမှု အားပျော့လာခြင်းက အဓိက အကျဆုံး အညွှန်းကို မြှင့်ပေးခဲ့ကြသော်လည်း  PMI မှာ ကိုရိုနာဗိုင်းရပ်စ် မတိုင်မီ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ၏ နိမ့်ကျခဲ့သည့် ၄၇.၆ ထက် သိသာစွာ နိမ့်ကျေနဆဲဖြစ်သည်။ 

ဖောက်သည်များဘက်မှ ဝယ်လိုအား ကျလာခဲ့သောကြောင့်  ကုမ္ပဏီများက လုပ်သားအင်အားကို ထပ်ပြီး ဖြတ်တောက်ခဲ့ကြသည်။ အလုပ် ဖြတ်တောက်ခံရမှု နှုန်းမှာ မေလထက် အားပျော့ လာခဲ့သော်လည်း မှတ်တမ်းထဲတွင် တတိယ အများဆုံး ဖြစ်ခဲ့သည်။

တချိန်တည်းမှာပင် အာဆီယံ ကုန်စည်ထုတ်လုပ်သူတို့က ထည့်ကုန်များကို လျှော့ဝယ်ခဲ့ကြရာ ဝယ်ယူမှုများ သိသာစွာ ကျဆင်းလာခဲ့သည်။ ထုတ်လုပ်မှု အကြိုနှင့် ထုတ်လုပ်ပြီး ကုန်စည် နှစ်မျိုးစလုံးတို့၏ လက်ကျန်စာရင်းများလည်း ကျဆင်းလာခဲ့သည်။ ပစ္စည်းပေးသွင်းမှု ကွင်းဆက်များ ပြတ်တောက်မှု ဆက်လက်ရှိနေခဲ့သော်လည်း လုပ်ငန်းပြီးဆုံးရန် ကြာမြင့်ချိန်များ တိုးလာခဲ့မှုမှာမူ ေဖေဖါ်ဝါရီလမှစပြီး ပြင်းထန်မှုအနည်းဆုံး ဖြစ်ခဲ့သည်။

ဤအတောအတွင်း ကုန်ကျစရိတ်၏ ဝန်ထုပ်များမှာ သုံးလဆက်တိုက် မြင့်တက်လာခဲ့ရာ ငွေကြေးဖောင်းပွနှုန်းမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာမှစပြီး အမြင့်ဆုံး ဖြစ်ခဲ့သည်။ နောက်ဆုံး ဒေတာက ပျမ်းမျှ ရောင်းဈေးများ ထပ်မံပြီး ကျဆင်းလာမှုကို မီးမောင်းထိုးြပေနေသာ်လည်း အရှိန်မှာ မသိမသာမျှသာဖြစ်သည်။

အနာဂတ် ၁၂-လ အတွက် ထုတ်လုပ်မှု မျှော်မှန်းချက်မှာ ဇွန်လတွင် ရှေ့ဆက် အားကောင်းလာခဲ့ပြီး 

အ‌ကေင်းမြင်မှုမှာ လေးလတွင်း အမြင့်ဆုံး ဖြစ်ပါသည်။

သို့သော် သမိုင်းစဉ် ဒေတာနှင့် ယှဉ်ကြည့်လျှင် ယုံကြည်မှုမှာ အားနည်းလျက် ရှိနေဆဲဖြစ်သည်။

 

သုံးသပ်ချက်

စစ်တမ်း၏ နောက်ဆုံး ရလဒ်များကို သုံးသပ် ဖေါ်ပြသွားရာတွင်၊ IHS Markit မှ စီးပွားရေး ပညာရှင် Lewis Cooper က ပြောကြားခဲ့သည်မှာ-

"အာဆီယံ ထုတ်လုပ်ရေးကဏ္ဍသည် ဇွန်လတွင် လေးလမြောက် ဆက်ပြီးကျဆင်းခဲ့သည်။ လုပ်ကိုင်မှု အခြေအနေများ ဆုတ်ယုတ်လာမှုမှာ ဖေါ်ပြပါ ကာလထဲတွင် အားအပျော့ဆုံး ဖြစ်ခဲ့သော်လည်း ကဏ္ဍထဲက လုပ်ငန်းကြီးများကို ပြန်ဖွင့်လာကြပြီး စတင် လုပ်ကိုင်ထုတ်လုပ်လာကြရာ ထုတ်လုပ်မှုနှင့် အော်ဒါမှာယူမှု ပမာဏ ကျဆင်းမှုနှုန်း အားပျော့လာခဲ့သည်။

"သို့သော်လည်း ဝယ်လိုအား အခြေအနေများ သိသာစွာ အားနည်းလျက် ရှိနေပြီး ယင်းအချက်ကြောင့် ကုမ္ပဏီများက လုပ်သားဦးရေကို ထပ်မံ လျှော့ချခဲ့ကြပြန်သည်။

 အလုပ်ဖြတ်တောက်ခံရမှု နှုန်းမှာ မသိမသာ နည်းလာခဲ့သော်လည်း မြင့်မားနေဆဲ ဖြစ်သည်။

"လာမည့် ၁၂-လအတွက် ထုတ်လုပ်မှု မျှော်မှန်းချက်များ အားကောင်းလာခြင်းမှာ  အားရဖွယ်ကောင်းပြီး အကောင်းမြင်မှုမှာ ဖေဖေါ်ဝါရီလမှစပြီး အမြင့်ဆုံးအဆင့်မှာ  ရှိနေပါသည်။ မည်သို့ပင်ဖြစ်စေ ဤကဏ္ဍသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါမှ ပြန်နာလန်ထူနိုင်ရန် ဆက်လက် အားထုတ်ရပါဦးမည်။ ဗိုင်းရပ်စ်ပိုးကြောင့် ကန့်သတ်ချက်များကို ယေဘုယျအားဖြင့် ဖြေလျော့ပေးခဲ့သည့်အတွက် ထုတ်လုပ်မှုနှင့် အော်ဒါ သစ် ကျဆင်းမှု နှုန်းများမှာ ဧပြီနှင့် မေလများ၏ မကြုံစဖူး ကျဆင်းမှုထက် အားနည်းလာသော်လည်း အာဆီယံ ကုန်စည် ထုတ်လုပ်သူတို့သည် ပြည်တွင်းနှင့် ပြည်ပတွင်  ဝယ်လိုအား အားနည်းမှုကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ ဖောက်သည်များဘက်မှ ဝယ်လိုအား ပြန်ပြီး နာလန်ထူမလာမချင်း လာမည့် လများအတွင်း ကဏ္ဍ၏ အခြ‌ေအနေများ သိသာစွာ တိုးတက်လာမှာကို မြင်တွေ့ရနိုင်ဖွယ် မရှိပါ။"

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံ စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။

Investment/Divestment Read 699 times