IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ အဓိက တွေ့ရှိချက်များ
ဒေတာကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၂-၂၄ ရက်များတွင် စုစည်းခဲ့သည်။
နောက်ဆုံး IHS Markit ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ဒေတာအရ အာဆီယံ ထုတ်လုပ်ရေး အခြေအနေများမှာ နိုဝင်ဘာလတွင် တည်ငြိမ်လာပြီး ရှစ်လကြာ ကျဆင်းမှုကို အဆုံးသတ်လိုက်သည်။ ထုတ်လုပ်မှုသည် ဇန်နဝါရီလမှစပြီး ပထမအကြိမ် တိုးလာခဲ့ရာ အော်ဒါ မှာယူမှု အသစ်တဖန် တိုးရလာမှုအကြားတွင် နှစ်နှစ်ခွဲနီးပါး အတွင်း အများဆုံး နှုန်းဖြစ်သည်။
သို့ဖြစ်၍ အလုပ်နေရာ ဖြတ်တောက်ခံရမှုမှာ ကိုးလအတွင်း အညင်သာဆုံး ဖြစ်ခဲ့ပြီး ခြုံပြောရလျှင် သိသာလျက် ရှိနေဆဲဖြစ်သည်။ အဓိကအကျဆုံး PMI အညွှန်းကိန်းသည် အောက်တိုဘာလတွင် ၄၈.၆ ရှိခဲ့ရာမှ နိဝင်ဘာတွင် ကြားနေအမှတ် ၅၀.၀ သို့ တက်လှမ်းလိုက်ပြီး အာဆီယံ ထုတ်လုပ်ရေး အခြေအနေများ တည်ငြိမ်လာမှုကို အချက်ပြလိုက်ကာ မတ်လတွင် စတင်ခဲ့သည့် ရှစ်လကြာ ကျဆင်းမှုကာလကို အဆုံးသတ်လိုက်သည်။
နိုင်ငံများအလိုက် ဆိုရလျှင် ပါဝင်သည့် ခုနစ်နိုင်ငံအနက် သုံးနိုင်ငံတို့က လုပ်ကိုင်မှု အခြေအနေများ နိုဝင်ဘာလတွင် တိုးတက်လာကြောင်း မှတ်တမ်းတင်ခဲ့ကြသည်။ အားအကောင်းဆုံး ဦးမော့မှုကို စင်ကာပူတွင် တွေ့မြင်ရပြီး အဓိကကျဆုံး PMI အညွှန်းကိန်းသည် နှစ်လဆက်တိုက် အရေးကြီး အမှတ် ၅၀.၀ ၏ အထက် (၅၁.၇) မှာ မှတ်တမ်း တင်ခဲ့သည်။ ထိုင်းနိုင်ငံတွင်ပါ ယခင်လနှင့်စာလျှင် တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့သော်လည်း အဓိက အကျဆုံး အညွှန်းကိန်း (၅၀.၄) က ဒသမဂဏန်းမျှတိုးလာမှုကိုသာ ညွှန်ပြနေသည်။
အင်ဒိုနီးရှားမှာမူ နိုဝင်ဘာလတွင် တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့သည့် တစ်ခုတည်းသော နောက်တစ်နိုင်ငံဖြစ်သည်။ ၅၀.၆ မှာ ရှိနေသော အဓိက အကျဆုံး အညွှန်းကိန်းက ထုတ်လုပ်ရေး အခြေအနေများ သုံးလ အတွင်း ပထမဦးဆုံး တိုးတက်မှုကို အချက်ပြနေသော်လည်း ခြုံပြောရလျှင် အသင့်အတင့်သာ ရှိပါသည်။
အခြားနိုင်ငံများကို ကြည့်လျှင် မြန်မာနိုင်ငံတွင် အဓိက အကျဆုံး အညွှန်းကိန်းမှာ အောက်တိုဘာ၏ ၃၀.၆ မှ ၄၃.၂ သို့ တက်လှမ်းလိုက်ပြီး သိသာစွာ နာလန်ထူလာခဲ့သော်လည်း အခြေအနေများ ဆက်လက်ဆုတ်ယုတ်လာသည်။ သို့ဖြစ်သည့်တိုင်အောင် နောက်ဆုံး အညွှန်းကိန်းမှာ ကိုရိုနာဗိုင်းရပ် ရောဂါ (COVID-19) ဆိုင်ရာ ဆောင်ရွက်မှုများ တင်းကျပ်လာမှုကြောင့် ထုတ်လုပ်ရေး အခြေအနေများ ပြင်းထန်စွာ ဆုတ်ယုတ်လာမှုနှင့် တပြေးညီ ရှိနေပါသည်။
ဤအတောအတွင်း မလေးရှားက လေးလဆက်တိုက် ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့ပြီး နောက်ဆုံး ကျဆင်းမှုမှာ လက်ရှိကာလအတွင်း အများဆုံး ဖြစ်ခဲ့သော်လည်း ခြုံပြောရလျှင် အသင့်အတင့်မျှပါ။ နောက်ဆုံးအနေဖြင့် ဖိလစ်ပိုင်နိုင်ငံက အခြေအနေများမှာ နိုဝင်ဘာလတွင် အဓိကအားဖြင့် တည်ငြိမ်လာပြီး အဓိက အကျဆုံး အညွှန်းကိန်းမှာ ကြားနေအမှတ် ၅၀.၀ ၏ အောက်နား ၄၉.၉ မှာ ရှိနေသည်။
ဗီယက်နမ်နိုင်ငံတွင်လည်း အညွှန်းကိန်းမှာ ထပ်တူ ဖြစ်ခဲ့သော်လည်း စက်တင်ဘာနှင့် အောက်တိုဘာ နှစ်လဆက်တိုက် တိုးတက်မှု နောက်ပိုင်း အခြေအနေများမှာ အဓိကအားဖြင့် တိုးတက်မလာခဲ့ပါ။ အဓိကကျဆုံး PMI အညွှန်းကိန်း မြင့်တက်လာခြင်း၏ အဓိက အကြောင်းရင်းမှာ နှစ်ဆန်းမှစပြီး စက်ရုံ ထုတ်လုပ်မှု ပထမအကြိမ် တိုးလာခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လမှစပြီး အမြင့်ဆုံး တိုးတက်မှုနှုန်း ဖြစ်ခဲ့ခြင်းနှင့် အော်ဒါသစ်များ ပြန်ပြီး တိုးရခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အော်ဒါ မှာယူမှု ပမာဏသည် ဒသမဂဏန်းမျှ တိုးလာခဲ့ပြီး နိုင်ငံခြား တင်ပို့ရမှုများ နှေးလာသော်လည်း ရှေ့ဆက် ကျဆင်းခဲ့မှု၏ ဖိစီးမှုကို ခံခဲ့ရသည်။ တစ်ချိန်တည်းမှာ ကုမ္ပဏီများက ဝန်ထမ်းဦးရေကို ဆက်လက်လျှော့ချခဲ့ကြပြီး အလုပ်နေရာ လျော့နည်းလာသည့် လက်ရှိ အစဉ်ကို တစ်နှစ်ခွဲသို့ ဆန့်ပေးလိုက်သည်။ သို့သော်လည်း အလုပ်နေရာ ဖြတ်တောက်ခံရသည့် နေရာများမှာ ဖေဖေါ်ဝါရီလမှစပြီး အနည်းဆုံး ဖြစ်ခဲ့သည်။
ဤအတောအတွင်း လက်ကျန်လုပ်ငန်းများ၏ ပမာဏ ထပ်ပြီး ကျဆင်းလာရာ ကုန်ထုတ်စွမ်းအားအပေါ် ဖိစီးမှုများ အားနည်းလျက် ရှိနေဆဲဖြစ်သည်။ လက်ကျန်အလုပ်များ ကုန်ခမ်းလာမှု နှုန်းမှာ ယခုလတွင် အနည်းငယ်သာ ပြောင်းလဲခဲ့ပြီး အသင့်အတင့်မျှသာဖြစ်သည်။ ဖောက်သည်များထံမှ ဝယ်လိုအား သိသာစွာ တိုးမလာသည့်အတွက် ကုမ္ပဏီများသည် နိုဝင်ဘာတွင် ဝယ်ကုန်များ ဝယ်ယူမှုကို ဆက်ပြီး ဖြတ်တောက်ခဲ့ကြသည်။
ကိုဗစ်-၁၉ ဆိုင်ရာ အရေးယူ လုပ်ဆောင်မှု များကြောင့် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ ရှေ့ဆက်အခက်အခဲများ ရင်ဆိုင်ရပြီး ဝယ်ကုန် ပေးသွင်းရန် ကြာမြင့်ချိန်မှာ သြဂုတ်လမှစပြီး အကြာဆုံး ဖြစ်လာသည်။ သို့သော်လည်း ကြန့်ကြာမှုများမှာ နွေဦး လော့ဒေါင်း အကျပ်တည်းဆုံး ကာလကဲ့သို့ မပြင်းထန်ခဲ့ပါ။ ဈေးနှုန်းများကို လေ့လာကြည့်လျှင်မူ စရိတ်စက ငွေကြေးဖောင်းပွမှု နှုန်းသည် သြဂုတ်မှစပြီး အများဆုံး ဖြစ်ချိန်မှာ ကုမ္ပဏီများက သုံးလအတွင်း ပထမဦးဆုံးအကြိမ် ၎င်းတို့၏ ပျမ်းမျှရောင်းဈေးများကို မြှင့်ခဲ့ကြသည်။
အနာဂတ်ကို မျှော်မှန်းရာတွင် အာဆီယံ ကုန်စည်ထုတ်လုပ်သူတို့မှာ လာမည့် တစ်နှစ်အကြာတွင် ထုတ်လုပ်မှုကို အကောင်းမြင်လျက် ရှ ိကြပါသည်။ သို့သော်လည်းအကောင်းမြင်စိတ်မှာ အောက်တိုဘာနှင့် စာလျှင် မသိမသာ ထိုးကျသွားသော်လည်း သမိုင်းဝင် ဒေတာနှင့် ဆက်စပ်ကြည့်လျှင် အားနည်းခဲ့သည်။
သုံးသပ်ချက်
နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြသွားရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper ပြောကြားသွားသည်မှာ-
"နိုဝင်ဘာ ဒေတာက အာဆီယံ ထုတ်လုပ်ရေးကဏ္ဍအတွက် အပြုသဘော မျှော်လင့်ချက် အနည်းငယ်ကို ပြသနေသည်။ အော်ဒါ မှာယူမှု အသစ်တဖန် တိုးရလာချိန်မှာ ထုတ်လုပ်မှုသည် ဇန်နဝါရီလမှစပြီး ပထမဦးဆုံး အကြိမ်အဖြစ် နှစ်နှစ်ခွဲနီးပါး အတွင်းမှာ အများဆုံးနှုန်းဖြင့် တိုးလာခဲ့သည်။ ကုမ္ပဏီများက သူတို့၏ ဝန်ထမ်း ဦးရေကို ဆက်လက် လျှော့ချခဲ့ကြသော်လည်း အလုပ်နေရာ ဖြတ်တောက်ခံရမှုများမှာ ဖေဖေါ်ဝါရီလမှစပြီး အနည်းဆုံး ဖြစ်ခဲ့သည်။
"နိုဝင်ဘာလတွင် ၅၀.၀ မှာ ရှိနေသည့် အဓိကအကျဆုံး အညွှန်းကိန်းက ယင်းလ၏ အခြေအနေများ တည်ငြိမ်မှုကို အချက်ပြနေသော်လည်း အခြေအနေများမှာ အောက်တိုဘာလထက် ပိုဆိုးမလာခြင်းကိုသာ မီးမောင်းထိုးပြနေသည်။ ထိုသတင်းမှာ သတင်းကောင်းပါဟု ဆိုနိုင်ပြီး ရှစ်လကြာ အကျဘက် ဦးတည်မှုကို အဆုံးသတ်နိုင်ခဲ့သော်လည်း ကပ်ရောဂါကြောင့် စီးပွားရေးအား ထိုးနှက်ခံခဲ့ရမှု ပမာဏကို ပြန်ထူထောင်ပေးနိုင်မည့် အုတ်မြစ်ပေါ်လာရန် သိသိသာသာကြီး အားထုတ်ရန် လိုပါသေးသည်။
"ထို့အပြင် တစ်ကမ္ဘာလုံးမှာ ရောဂါကူးစက်မှု တိုးပွားလာနေပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က လော့ဒေါင်းများကို ပိုမိုတင်းကျပ်စွာ ချမှတ်နေကြရာ ယင်းအရေးယူမှုများကြောင့် ဖောက်သည် ဝယ်လိုအား ကျလာပြီး စက်ရုံများ၏ ထုတ်လုပ်မှု ပြန်ကျလာမည်ဆိုလျှင် အခြေအနေများ ထပ်မံပြီး ဆုတ်ယုတ်လာမှာကို မိမိတို့ မြင်လာရနိုင်ပါသည်။
"မည်သို့ပင် ဖြစ်စေ နောက်ဆုံး ဒေတာက ထုတ်လုပ်ရေးကဏ္ဍသည် နာလန်ထူရေး ဘက်ဆီသို့ ဦးတည်နေခြင်း ဖြစ်နိုင်ဖွယ်ရှိသည့် ရှေ့ပြေးနိမိတ်များကို ပြသနေကြရာ အခြေအနေများမှာ မှန်ကန်သည့် ဦးတည်ချက်ဆီ ရှေးရှုနေပုံ ရပါသည်။
သို့သော် များပြားလှသည့် မရေရာမှုများက မျှော်လင့်ချက်များကို ဖုံးအုပ်ထားရာ မည်သည့်အရာမှ အသေအချာ ပြောမရနိုင်ပါ။"