ASEAN ထုတ်လုပ်ရေးကဏ္ဍမှာ အကျဘက်နွံထဲ ဆက်လက် ရုန်းကန်နေရ


04 November, 2020

ASEAN ထုတ်လုပ်ရေးကဏ္ဍမှာ အကျဘက်နွံထဲ ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်သည်ဟု  IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ တွင် ဖော်ပြထားသည်။

 

အဓိက တွေ့ရှိချက်များ

  • အခြေအနေများမှာ ရှစ်လဆက်တိုက် ဆုတ်ယုတ်လာခဲ့ခြင်း
  • ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ အသင့်အတင့် ကျဆင်းလာခဲ့ခြင်း
  • လုပ်ငန်းဆိုင်ရာ ယုံကြည်မှုမှာ ဇန်နဝါရီလမှစပြီး အမြင့်ဆုံးသို့ တက်လှမ်းလိုက်ခြင်း

(ဒေတာကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁၂-၂၆ ရက်များတွင် စုစည်းခဲ့သည်)

 

IHS Markit ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI™) နောက်ဆုံး ဒေတာအရ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အကျဘက် ဦးလှည့်မှုမှာ အောက်တိုဘာလတွင် ရှေ့ဆက်ခဲ့ပါသည်။ လုပ်ကိုင်မှု အခြေအနေများမှာ ရှစ်လဆက်တိုက်ဆုတ်ယုတ်လာခဲ့သော်လည်း ကျဆင်းမှု နှုန်းမှာ တစ်လအတွင်း မသိမသာ အားပျော့လာခဲ့ပြီးညင်သာခဲ့သည်။ နောက်ဆုံး ကျဆင်းမှုကို တွန်းပို့ခဲ့သည်မှာ ထုတ်လုပ်မှုရော အော်ဒါမှာယူမှု ပမာဏများပါ ရှေ့ဆက် ကျဆင်းခဲ့မှုဖြစ်ပြီး ကျဆင်းမှု နှုန်းမှာ မသိမသာ နည်းလာခဲ့ကာ ခြုံပြောရလျှင် အသင့်အတင့် ရှိခဲ့သည်။ သို့သော်လည်း ကုမ္ပဏီများသည် လာမည့် ၁၂-လအတွက် ထုတ်လုပ်မှုနှင့်ပတ်သက်၍ အကောင်းမြင်နေဆဲ ဖြစ်ပါသည်။ အမှန်စင်စစ်တွင် အကောင်းမြင်စိတ် အဆင့်အတန်းမှာ ဇန်နဝါရီလမှစပြီး အမြင့်ဆုံး ဖြစ်ပါသည်။

အောက်တိုဘာလတွင် အဓိကအကျဆုံး PMI အညွှန်းသည် ၄၈.၆ တွင် ရှိနေရာ စက်တင်ဘာလ၏ ၄၈.၃ ထက် မသိမသာ မြင့်သော်လည်း အရေးပါသည့် ၅၀.၀ အမှတ်ထက် နိမ့်ကျနေပြီး အာဆီယံ ကုန်စည် ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေ အသင့်အတင့် ဆုတ်ယုတ်မှုကို ညွှန်ပြနေသည်။

 

နိုင်ငံများအလိုက် ဆိုရလျှင် ပါဝင်သည့် ခုနစ်နိုင်ငံအနက် လေးနိုင်ငံတို့က လုပ်ကိုင်မှု အခြေအနေများ အောက်တိုဘာလတွင် ဆုတ်ယုတ်လာကြောင်း မှတ်တမ်း တင်ခဲ့ကြသည်။

မြန်မာ

အပြင်းထန်ဆုံး ကျဆင်းမှုကို အဓိကအကျဆုံး အညွှန်းက စံချိန်တင် အနိမ့်ဆုံး (၃၀.၆) သို့ ထိုးကျသွားပြီး ကဏ္ဍတွင်း အခြေအနေများ အရှိန်ရ ကျဆင်းလာနေကြောင်း အချက်ပြနေသည့် မြန်မာနိုင်ငံမှာ မှတ်တမ်းတင်ခဲ့ပါသည်။

အင်ဒိုနီးရှား

ကျန်နိုင်ငံများကို လေ့လာကြည့်လျှင် အင်ဒိုနီးရှားနိုင်ငံတွင် အခြေအနေများ ဒုတိယမြောက်လအဖြစ် ဆုတ်ယုတ်လာခဲ့သည်။ အဓိက အကျဆုံး အညွှန်း (၄၇.၈) မှာ အသင့်အတင့် ကျဆင်းမှုကို ညွှန်ပြနေသော်လည်း စက်တင်ဘာလနှင့်စာလျှင် ညင်သာခဲ့ပါသည်။ 

မလေးရှား
မလေးရှားနိုင်ငံမှာမူ ပြောင်းပြန် ဖြစ်ခဲ့ပြီး ကျဆင်းမှုနှုန်း တိုးလာခဲ့သော်လည်း အဓိက အကျဆုံး အညွှန်း (၄၈.၅) က ခြုံပြောရလျှင် အခြေအနေများ အသင့်အတင့်မျှ ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။

ဖိလစ်ပိုင်
ဖိလစ်ပိုင်နိုင်ငံသည် အောက်တိုဘာလတွင် အဓိကအကျဆုံး PMI အညွှန်း ၅၀.၀ အမှတ်အောက်တွင် မှတ်တမ်းတင်ခဲ့သည့် နောက်တစ်နိုင်ငံ ဖြစ်ပါသည်။ စက်တင်ဘာလတွင် အဓိကအားဖြင့် တည်ငြိမ်နေခဲ့သည့် အခြေအနေများ၏ နောက်မှာ အဓိက အကျဆုံး အညွှန်း(၄၈.၅) သည် အရေးပါသည့် အမှတ် ၅၀.၀ အောက်သို့ ပြန်ထိုးကျသွားခြင်းက ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေများ အသစ်တဖန် ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။

ထိုင်း
တစ်ချိန်တည်းတွင် ထိုင်းနိုင်ငံကမူ ၂၀၁၉ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း ပထမအကြိမ် တိုးတက်မှုကို မှတ်တမ်း တင်ခဲ့သည်။ အဓိက အကျဆုံး အညွှန်း (၅၀.၈) မှာ တစ်နှစ်ခွ ဲအတွင်း အမြင့်ဆုံး ဖြစ်ခဲ့သော်လည်း ကဏ္ဍ၏ အခြေအနေ အသင့်အတင့်မျှသာ တိုးတက်လာမှုကို ထောက်ပြနေသည်။ 

ဗီယက်နမ်
ဤအတောအတွင်း ဗီယက်နမ်မှာ အောက်တိုဘာလတွင် ခိုင်မာသည့် တိုးတက်မှုကို မြင်ခဲ့ရပြီး အဓိကအကျဆုံး PMI အညွှန်း (၅၁.၈) က အသင့်အတင့် တိုးတက်မှုနှုန်းကို ပြသနေသည်။

စင်ကာပူ
နောက်ဆုံးအနေနှင့် စင်ကာပူသည် အောက်တိုဘာလတွင် ၂၀၁၈ ခုနှစ် ဇူလိုင်လမှစပြီး ထုတ်လုပ်ရေး အခြေအနေများ ပထမအကြိမ် တိုးတက်လာခဲ့မှုကို မှတ်တမ်း တင်နိုင်ခဲ့သည်။ အဓိက အကျဆုံး အညွှန်း (၅၂.ဝ) က ထုတ်လုပ်မှု အသင့်အတင့် တိုးလာမှုကို ညွှန်ပြနေသည်။

ခြုံပြောရလျှင် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍထဲက အခြေအနေများမှာ အောက်တိုဘာလတွင် စိန်ခေါ်မှုများ ရှ ိနေဆဲဖြစ်သည်။ စက်ရုံများ၏ ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ ရှေ့ဆက်ကျဆင်းလာခဲ့မှုမှာ အခြေအနေ တစ်ရပ်လုံး ဆုတ်ယုတ်လာမှုအတွက် အဓိက
အကြောင်းရင်းများဖြစ်သည်။ သို့သော်လည်း ကျဆင်းမှု နှုန်းမှာ စက်တင်ဘာလတွင် မြင်ခဲ့ရသကဲ့သို့ မသိသာခဲ့ပါ။ ပြည်ပ တင်ပို့ရေး အော်ဒါ အသစ်များ တဟုန်ထိုး ကျဆင်းလာခဲ့သည်နှင့်အမျှ ပြည်ပတွင် ဝယ်လိုအား အားပျော့လာမှုမှာလည်း နောက်ကိုဆွဲနေသည့် အဓိက အချက်တစ်ချက်ဖြစ်သည်။

လက်ကျန် အလုပ်များ ထပ်မံ ကျဆင်းလာခဲ့၍ နောက်ဆုံး ဒေတာက ကုန်ထုတ်စွမ်းအားအပေါ် ဖိအားများ နည်းလာနေကြောင်း လက္ခဏာများကို ထပ်မံမီးမောင်းထိုးပြလိုက်သည်။ သို့ဖြစ်၍ အလုပ်နေရာများ ဆက်လက် ဖြတ်တောက်ခံခဲ့ရပြီး လွန်ခဲ့သည့် လနှင့်စာလျှင် ဝန်ထမ်းဦးရေ လျှော့ချခံရမှု အရှိန်မှာ အနည်းငယ်သာ ပြောင်းခဲ့ပြီး ခြုံပြောရလျှင် ပြင်းထန်ခဲ့ပါသည်။

ဖောက်သည်များဘက်မှ ဝယ်လိုအား ပျော့လာခဲ့၍ ကုမ္ပဏီများက အောက်တိုဘာလတွင် ၎င်းတို့၏ ဝယ်ယူမှုများကို လျှော့ခဲ့ကြရသည်။ နောက်ဆုံး ကျဆင်းမှုမှာ ဖေဖေါ်ဝါရီလမှစပြီး အညင်သာဆုံး ဖြစ်ခဲ့သော်လည်း ခိုင်မာသည့် နှုန်းဖြစ်နေဆဲဖြစ်သည်။ သို့သော်လည်း

ပစ္စည်းများ ပေးသွင်းရာတွင် အခက်အခဲများ ဆက်ရှိခဲ့ပြီး လုပ်ငန်းပြီးဆုံးရန် ပျမ်းမျှကြာမြင့်ချိန်များမှာ စက်တင်ဘာလနှင့် စာလျှင် ပိုကြာလာခဲ့သည်။

ထုတ်လုပ်မှု စရိတ်များ စက်တင်ဘာလထက် အရှိန်ရ မြင့်တက်လာခဲ့ပြီး ခြုံပြောရလျှင် သိသာခဲ့သောကြောင့် အမြတ်အစွန်းများအတွက် ဖိအားပေးမှုတိုးလာခဲ့ပြီး ပျမ်းမျှရောင်းဈေးများမှာ ထပ်မံကျဆင်းလာခဲ့သည်။

အနာဂတ်ဆီကို မျှော်ကြည့်လျှင် အောက်တိုဘာလတွင် ကုမ္ပဏီများက လာမည့် တစ်နှစ်တွင်း ထုတ်လုပ်မှု တိုးလာမည်ဟု ယုံကြည်မြဲ ယုံကြည်နေကြသည်။ အကောင်းမြင်မှုမှာ ဇန်နဝါရီလမှစပြီး အမြင့်ဆုံး ဖြစ်ခဲ့ပြီး စစ်တမ်း၏ ရေရှည် ပျမ်းမျှထက် မသိမသာ နိမ့်နေပါသည်။

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြသွားရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper ပြောကြားသွားသည်မှာ-

"အောက်တိုဘာ ဒေတာက အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍထဲတွင် အကျဘက် ဦးလှည့်မှု ဆက်နေခြင်းကို မီးမောင်း ထိုးပြနေသည်။ စက်ရုံ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ဆက်လက် ကျဆင်းလာနေသည့် အကြားမှာ လုပ်ကိုင်မှု အခြေအနေများ ရှစ်လဆက်တိုက် ဆုတ်ယုတ်လာခဲ့ပြီး ကျဆင်းမှု နှုန်းမှာ ယခင်လထက် မသိမသာ အားနည်းလာသည်။

"ဤအတောအတွင်း ဝယ်လိုအား ပျော့လာပြီး ကုန်ထုတ်စွမ်းအားဖိစီးမှုများ အားနည်းနေ၍ ကုမ္ပဏီများသည် လုပ်သား ဦးရေကို ဆက်ပြီး ဖြတ်တောက်လာကြရသည်။ အလုပ်နေရာ လျှော့ချမှု နှုန်းးမှာ ယခင်လနှင့်စာလျှင် အနည်းငယ် ပြောင်းလဲခဲ့ပြီး ခြုံပြောရလျှင် ထင်ရှားပါသည်။

"အောက်တိုဘာလတွင် တစ်ခုတည်းသော အပြုသဘော လက္ခဏာမှာ အနာဂတ် ကုန်ထုတ်လုပ်မှု အညွှန်း ဖြစ်ပြီး ၅၀.၀ အမှတ် အထက်တွင် ဆက်လက်ရှိနေခြင်းက လာမည့် ၁၂-လ အတွင်း ထုတ်လုပ်မှု တစ်ရပ်လုံးကို အကောင်းမြင်ကြောင်း အချက်ပြမှုဖြစ်သည်။ ထို့အပြင် အကောင်းမြင်စိတ် အဆင့်မှာ ဇန်နဝါရီလမှစပြီး အမြင့်ဆုံး ဖြစ်ခဲ့လျက် ကုမ္ပဏီများက ရေတိုကာလအတွင်း ပြန်လည် နာလန်ထူလာမည်ဟု ယုံကြည်ကြကြောင်း ထင်ရှားသည်။

"သို့သော် ဒေတာက ထိုသို့ပြန်လည် နာလန်ထူလာနေကြောင်း လက္ခဏာများကို ပြသပေးရန် လိုနေသေးပြီး တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်များ ချမှတ်လာနေရရာ၊ ဒုတိယလှိုင်း လော့ဒေါင်းများက စီးပွားရေး ပြန်ဦမော့လာမှုကို ကြန့်ကြာစေနိုင်ပါသည်။"

 

 

 

Industry Reviews Read 342 times