အာရှဒေသ နိုင်ငံခြားသုံးငွေ အရန်ငွေများ ၆ လတာအတွင်း အကြီးအကျယ်လျော့ကျ


03 August, 2022

အာရှဒေသ နိုင်ငံခြားသုံးငွေ အရန်ငွေများ ၆ လတာအတွင်း အကြီးအကျယ်လျော့ကျ

အာရှတိုက်ရှိ နိုင်ငံခြားအရန်ငွေများ ၆ လတာအတွင်း အကြီးမားဆုံး ကျဆင်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ခိုင်မာသော အမေရိကန်ဒေါ်လာရဲ့ ဖိအားများကို ရင်ဆိုင်နေရသဖြင့် ဆက်တိုက်ကျဆင်းနေသော နိုင်ငံသုံးငွေကြေးများကို အကာအကွယ်ပေးရန် မူဝါဒချမှတ်သူများက သံန္နိဋ္ဌာန် ချပြီး လုပ်ဆောင်မှုများကြောင့် လက်ကျန် နိုင်ငံခြားသုံးငွေ အရန်ငွေ လျော့နည်းသွားပါတယ်။
၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် အရန်ငွေစုစုပေါင်းသည်  ၆ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လက်ကျန် ကန်ဒေါ်လာ ၃၇၂ ဘီလီယံ ရောက်ရှိသွားပါတယ်။
၆.၂% ဟာ ၂၀၁၆ ဇန်နဝါရီလနောက်ပိုင်းမှာ နှစ်ဝက်အတွင်း အများဆုံးကျဆင်းတဲ့နှုန်း ဖြစ်ပါတယ်။
 ထိုင်းနိုင်ငံက  ၁၀.၄% ကျဆင်းခဲ့ပြီး ဇွန်လကုန်တွင် လက်ကျန် ကန်ဒေါ်လာ ၂၀၁.၄ ဘီလီယံသို့ ရောက်ရှိသွားခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံက  ၇.၃% ကျဆင်းခဲ့ရာ ဇွန်လကုန်တွင် လက်ကျန် ကန်ဒေါ်လာ ၁၀၀.၉ ဘီလီယံသို့ ရောက်ရှိပါတယ်။
အိန္ဒိယနိုင်ငံက ၇% ကျဆင်းခဲ့ပြီး ဇွန်လကုန်တွင်ကန်ဒေါ်လာ ၅၂၉.၂ ဘီလီယံ ကျန်ရှိပါတယ်။
ဂျပန်နိုင်ငံကလည်း ၇% ကျဆင်းခဲ့ပြီး ဇွန်လကုန်တွင် ကန်ဒေါ်လာ ၁.၂ ထရီလီယံ ကျန်ရှိပါတယ်။

"တကယ်တော့ များသောအားဖြင့် အာရှနိုင်ငံ‌တွေဟာ ပို့ကုန်တင်ပို့နေတဲ့ နိုင်ငံတွေဆိုတော့ နိုင်ငံသုံးငွေ အားနည်းတာကို  သိပ်စိတ်မပူကြပါဘူး၊ ဒါပေမဲ့ အခုကတော့ အရွေ့ အရွယ်အစားက တော်တော်ကြီးပြီး စိုးရိမ်စရာဖြစ်လာပါတယ်" လို့  Oxford Economics မှ အကြီးတန်း ဘောဂဗေဒပညာရှင် Alex Holmes မှ ပြောကြားပါတယ်။
"နောက်ထပ် ကြီးမားတဲ့အကြောင်းအချက်ကတော့ နိုင်ငံအများစုဟာ အခုဆယ်စုနှစ်ရဲ့ မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်နေရတာမှာ အားနည်းတဲ့ငွေကြေးဖြစ်နေခြင်းနဲ့ ပေါင်းစပ်ထားတဲ့ ပြဿနာတစ်ခုပါပဲ” လို့ ၎င်းက ပြောကြားပါတယ်။

နိုင်ငံခြားသုံး‌ငွေလဲလှယ်နှုန်းတွင် မြန်ဆန်တဲ့ အရွေ့အတွက် မှန်းဆချက်များကို ထင်ဟပ်ပြသပေးတဲ့ Deutsche Bank Currency Volatility Index က ယခုနှစ်မှာ ၇၀% ကျော်မြင့်တက်ခဲ့ပါတယ်။

အိန္ဒိယဗဟိုဘဏ် ဖြစ်တဲ့ Reserve Bank of India (RBI) က ရူပီငွေကြေး ထိုးကျ ဆောင့်ကျတဲ့ တန်ဖိုးကျဆင်းပုံမျိုးတွေကို ဟန့်တားရန်အတွက် နိုင်ငံခြားသုံးငွေ အရန်ငွေများကို ထပ်မံထုတ်‌ရောင်းချရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ပါတယ်။ 

ရူပီကို ကာကွယ်ဖို့ အိန္ဒိယ ဗဟိုဘဏ် ဒေါ်လာ ၁၀၀ ဘီလီယံ သုံးစွဲရန် အသင့်ရှိနေ

ANZ မှ ဘောဂဗေဒပညာရှင်နှင့် နိုင်ငံခြားငွေလဲလှယ်ရေး ဗျူဟာပညာရှင် Dhiraj Nim က RBI က  အရန်ငွေများကို အလွန်လျင်မြန်စွာ သို့မဟုတ် ပြင်းထန်စွာ ကုန်မသွားဖို့ မျှော်လင့်ပါကြောင်း ပြောကြားပါတယ်။

"ဒီစက်ဝန်းရဲ့အဆုံးမှာ အမေရိကန် ပြည်ထောင်စု  ရန်ပုံငွေ သတ်မှတ်မဲ့ အတိုးနှုန်း အထွတ်အထိပ်နှုန်းက ဘယ်လောက်အထိ ရှိလိမ့်မယ်ဆိုတာ ကျွန်တော်တို့ အတိအကျ မသိရပါဘူး။ ဒီတော့ အဲဒီ မရောမသေချာမှုကြောင့် RBI က အရန်ငွေတွေ ထုတ်ရောင်းပြီး ရူပီတန်ဖိုးကျတာကို ဝင်ထိန်းတာမှာ သတိထား ဆင်ခြင်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်"

 

ငွေဖောင်းပွမှုကို တန်ပြန်ရန် ဗဟိုဘဏ်များ အတိုးနှုန်း မြှင့်တင်

 

 

အခုအခါမှာ ကုန်သွယ်ရေး လိုငွေပြလို့ နိုင်ငံခြားသုံးငွေ ပမာဏ လျော့ကျနေချိန် လက်ထဲ နိုင်ငံခြားသုံးငွေ ရောက်လာစေမယ့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ အာရှဒေသအတွင်းသို့ လုံလောက်အောင် စီးဝင်ခြင်းမရှိဘူးလို့ NatWest Markets ရဲ့ မဟာဗျူဟာမှူး Galvin Chia က ပြောကြားပါတယ်။ 

ယေဘုယျအားဖြင့် ၂၀၁၃ နှစ်လယ်ပိုင်းနှင့် ၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေးအကျပ်အတည်းတို့နောက်ပိုင်းမှာ အာရှက အခြေခိုင်ခိုင် သိသိသာသာတိုးတက်ကောင်းမွန်လာခဲ့ပါတယ်။  မူဝါဒကိုင်တွယ်သူများအနေဖြင့် ၎င်းတို့၏ အရန်ငွေများကို ဆက်လက်ထုတ်ရောင်းပေးနေရန် ‌အလုံအလောက် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
 ပူပန်စရာအနေဖြင့် အိန္ဒိယ၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့ကဲ့သို့သော ဝင်ငွေထွက်ငွေ မမျှတလို့ လိုငွေ Current Account Deficit (CAD) ပြနေတဲ့ နိုင်ငံ့စီးပွားများအဖို့ ထိခိုက်လွယ်နေစေပါတယ်။
 
#MyanmarIndustriesGuide
 Telegram Channel https://t.me/Guid4U
Source: Bangkokpost

Banking & Loan Read 3516 times