အာရှပါဝါအညွှန်းကိန်းအရ အမေရိကန်နှင့် တရုတ်တို့က အာရှကို ကြီးစိုးထားဆဲ


06 December, 2021

အာရှပါဝါအညွှန်းကိန်းအရ အမေရိကန်နှင့် တရုတ်တို့က အာရှကို ကြီးစိုးထားဆဲ

Lowy Institute မှ ၂၀၁၈ ခုနှစ်တွင် စတင်ထုတ်ပြန်ခဲ့သော နှစ်စဉ် Asia Power Index သည် အာရှရှိ တိုင်းပြည်များ၏ နှိုင်းရဩဇာတိက္ကမကို အဆင့်သတ်မှတ်ရန် အရင်းအမြစ်များနှင့် သြဇာလွှမ်းမိုးမှုကို တိုင်းတာပါသည်။ လက်ရှိ တည်ရှိနေသည့်  ပါဝါဖြန့်ပုံ အရ ရပ်တည်ပုံကို ဖော်ပြပေးသည့်အပြင် အချိန်ကာလအလျောက် ပါဝါချိန်ခွင်လျှာ အရွေ့အပြောင်းကိုလည်း ဖော်ပြပေးသည်။
အညွှန်းကိန်းသည် နိုင်ငံနှင့် နယ်မြေပိုင်နက် ၂၆ ခုကို ပြင်ပဝန်းကျင်အပေါ် ပုံဖော်ပေးနိုင်စွမ်းအရ အဆင့် သတ်မှတ်ပေးသည်။ အကျုံးဝင်သည်တို့မှာ အနောက်သို့လားသော် ပါကစ္စတန်၊ မြောက်သို့ လားသော် ရုရှား၊ ပစိဖိတ်တွင် ဩစတေးလျ၊ နယူးဇီလန်ဦ အမေရိကန်တို့အထိ ဖြစ်သည်။

Asia Power Index သည် စီးပွားရေးစွမ်းရည်၊ စစ်ရေးစွမ်းရည်၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး၊ ကာကွယ်ရေးကွန်ရက်၊ သံခင်းတမန်ခင်း၊ ယဉ်ကျေးမှု ဩဇာလွှမ်းခြင်း စသည့် အချက်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုင်းတာထားသည်။

၂၀၂၁ တွင် အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်သည် အင်အားအကြီးဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေခဲ့ပြီး တရုတ်နိုင်ငံသည် ဒုတိယနေရာသို့ ရောက်ရှိလာသည်။ 

အာရှအတွက် ကိုဗစ်ထိုးဆေးလှူဒါန်းရာတွင် အမေရိကန်က ကြိမ်ရေ သန်း ၉၀ အတွက် ပေးကမ်းခဲ့သည်ဖြစ်ပြီး တရုတ်နိုင်ငံမှ လှူဒါန်းသည်ထက် ကြိမ်ရေနှစ်ဆပမာဏ ဖြစ်သည်။
 
အာရှ ပစိဖိတ်ဒေသတွင် အမေရိကန်နှင့် တရုတ်တို့သည် မဟာအင်အားကြီး နိုင်ငံများ အဖြစ် ရပ်တည်နေကြပြီး ဂျပန်သည် အဓိကအင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နေသည်။ အိန္ဒိယသည် စတုတ္ထနေရာတွင် ရှိသည်။ 

 


မြန်မာနိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှုများ၊ ပြည်တွင်းမငြိမ်မသက်မှုများနှင့် ကပ်ရောဂါတို့ ပေါင်းစုံကြပြီး နိုင်ငံ၏ အမျိုးသားအရင်းအမြစ်များနှင့် နိုင်ငံတကာ သြဇာလွှမ်းမိုးမှုအပေါ် သိသာထင်ရှားသော ထိခိုက်မှုဖြစ်စေသည်။

မြန်မာနိုင်ငံက ကုန်သွယ်မှု အများဆုံးလုပ်သော နိုင်ငံ၊ ဒေသများ

 

 ဒေသတွင်းမှ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအပေါ် အားထားမှုရာခိုင်နှုန်း

 


 

 

Global News Read 463 times