ပြည်ပသွင်းကုန်၊ပို့ကုန်များအတွက် Asia World ဆိပ်ကမ်း၏ ကုန်တင်၊ကုန်ချစွမ်းဆောင်ရည် ၃၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ရန် ကုန်တင်၊ကုန်ချပြုလုပ်သည့် စက် ၁၄ ခုတပ်ဆင်ခဲ့ကြောင်း Asia WorldPort Management ကုမ္ပဏီကသတင်းထုတ်ပြန်ခဲ့ပါသည်။
Asia World ဆိပ်ကမ်းသည် ပြည်ပပို့ကုန်၊ သွင်းကုန် ကွန်တိန် နာများကို အတင်အချပြုနိုင်သည့် ပြည်တွင်းရှိ ဆိပ်ကမ်း ငါးခုအနက် တစ်ခုဖြစ်ပြီး ၂၀၁၇ တွင် ဈေးကွက် ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် ဆိပ်ကမ်းဖြစ်သည်ဟု အဆိုပါကုမ္ပဏီက ထုတ်ပြန်ထားသည်။
လုပ်ငန်းတိုးချဲ့ခြင်းသည် မြန်မာနိုင်ငံ၌ လာမည့်နှစ်အနည်းငယ် အတွင်း ကွန်တိန်နာတင်ချလုပ် ငန်း တွင်ကျယ်လာမည်ဖြစ်သော ကြောင့်ဟု ကုမ္ပဏီကဆိုသည်။
ပြီးခဲ့သည့်နှစ်တွင် အဆိုပါ ဆိပ်ကမ်းမှ ကွန်တိန်နာအလုံးရေ ၄၂၀,၀၀၀ ကျော် အတင်အချပြုလုပ်နိုင်ခဲ့ကြောင်း၊ ကွန်တိန်နာအများစု သည်သင်္ဘောလိုင်းများ ပေါ်မူတည်၍ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယနိုင်ငံများသို့ တင်ပို့နေကြောင်း ၎င်းကဆက် လက်ပြောကြားသည်။
ပို့ကုန်၊ သွင်းကုန်ရဲ့ ပင်လယ်ရေကြောင်းကဏ္ဍမှာ ၉၀ ရာခိုင်နှုန်းအထက်က ရန်ကုန်ကုန်းတွင်းဆိပ်ကမ်းနဲ့ သီလဝါမှာရှိပြီး ကွန်တိန်နာကိုင်နိုင်တဲ့ ဆိပ်ကမ်းကြီးက လောလောဆယ်ငါးခုသာ ရှိသေးသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ပါသည်။
၂၀၁၇ အတွင်း ဆိပ်ကမ်းများ တွင်ကွန်တိန်နာအလုံးရေ ၁ ဒသမ၄၃ သန်းကျော် အတင်အချပြုလုပ်နိုင်ခဲ့ပြီး ကုန်းတွင်းဆိပ်ကမ်း လေးခုက ကိုးသိန်းခန့်အတင်အချပြုလုပ်နိုင်ခဲ့သည်ဟု ဝန်ကြီးကပြောသည်။
ကုမ္ပဏီမှ ယခုတပ်ဆင်သည့် စက်ယန္တရားတစ်ခုလျှင် ကန်ဒေါ် လာတစ်သန်းကျော် တန်ဖိုးရှိသည် ဟု ဝန်ကြီးကပြောသည်။
Asia World ဆိပ်ကမ်းသည် ပို့ကုန်၊ သွင်းကုန်များအတွက် အတင်အချ လုပ်ဆောင်ပေးရသည့် ဆိပ်ကမ်းဖြစ်သည်။ အဆိုပါဆိပ်ကမ်းကို Asia World ကုမ္ပဏီက၁၉၉၆ တွင် ၁ဒသမ၃ ဧကဖြင့် စတင်လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင်မြေ ၆၆ ဧက ကျော်ရှိကြောင်း သိရပါသည်။
7 day daily