နိုင်ငံသုံးငွေ ကျဆင်းမှု နှေးကွေးစေရန် အာရှရှိ ဗဟိုဘဏ်များ ဒေါ်လာဘီလီယံချီ ထုတ်ရောင်း


29 June, 2022

နိုင်ငံသုံးငွေ ကျဆင်းမှု နှေးကွေးစေရန် အာရှရှိ ဗဟိုဘဏ်များ ဒေါ်လာဘီလီယံချီ ထုတ်ရောင်း

အာရှရှိ ဗဟိုဘဏ်များသည် နိုင်ငံသုံငွေကြေးကျဆင်းမှုကို နှေးကွေးစေရန် ဘီလီယံနှင့်ချီ၍ သုံးစွဲကြသည်။

 

 

အာရှရှိ ဗဟိုဘဏ်များသည် နိုင်ငံခြားသုံးငွေ အရန်ငွေများကို နှစ်အတန်ကြာ တိုးများအောင် ပြုခဲ့ကြပြီး ယခုအခါ  အမေရိကန်ဒေါ်လာနှင့် ယှဉ်ပါက အားနည်းနေသော နိုင်ငံသုံးငွေကို အကျမမြန်စေရန် စုဆောင်းထားသော ဒေါ်လာများကို ထုတ်ရောင်းပေးနေကြသည်။

ထိုင်းဗဟိုဘဏ်တွင် နိုင်ငံခြားသုံးငွေ အရန်ငွေသည် ၂၀၂၂ ဇွန်လ ၁၇ ရက်တွင် ကန်ဒေါ်လာ ၂၂၁.၄ ဘီလျံ ကျန်ရှိသည်။ ၂ နှစ်ကျော်ကာလအတွင်း အနည်းဆုံး လက်ကျန်ပမာဏ ဖြစ်သည်။ 
အင်ဒိုနီးရှား ဗဟိုဘဏ်သည်လည်း ၂၀၂၀ နိုဝင်ဘာလနောက်ပိုင်း နိုင်ငံခြားသုံးငွေ အရန်ငွေ ပမာဏ အနည်းဆုံး ဖြစ်နေပြီ ဖြစ်သည်။
တောင်ကိုရီးယား ဗဟိုဘဏ်နှင့် အိန္ဒိယ ဗဟိုဘဏ်တို့သည်လည်း တစ်နှစ်ကျော်ကာလအတွင်း  နိုင်ငံခြားသုံးငွေ အရန်ငွေ အနည်းဆုံး ဖြစ်နေသည်။
မလေးရှားဗဟိုဘဏ်သည်လည်း ၂၀၁၅ နောက်ပိုင်း နိုင်ငံခြားသုံးငွေ အရန်ငွေ အနည်းဆုံး အခြေအနေတွင် ရှိနေသည်။

 


 "တချို့နိုင်ငံတွေက သူတို့ရဲ့ အရန်ငွေတွေကို အသုံးပြုပြီး သူတို့ရဲ့ နိုင်ငံသုံးငွေ အကျမြန်နေတာကို တည်ငြိမ်အောင် လုပ်ဆောင်ကြတယ်" ဟု 
 ဆွစ္ဇာလန်နိုင်ငံ ဂျီနီဗာရှိ GAMA Asset Management မှ ကမ္ဘာလုံးဆိုင်ရာ မက်ခရိုအစုစုမန်နေဂျာ Rajeev De Mello က ပြောကြားသည်။
 ကန်ဒေါ်လာနှင့် ယှဉ်လျှင် နိုင်ငံသုံးငွေ အားနည်းနေသည်ကို ပြောင်းပြန်လှန်ပစ်ဖို့ မဖြစ်နိုင်ကြောင်း သိထားပြီးသား ဖြစ်သော်လည်း ကျဆင်းနေသည်ကို ပြေပြေပြစ်ပြစ် ဖြစ်အောင်တော့ လုပ်ပေးနိုင်ကြောင်း Rajeev De Mello က ပြောကြားသည်။

၁၉၉၇ အာရှငွေကြေးအကျပ်အတည်းတွင် ရရှိခဲ့သော သင်ခန်းစာများအရ အာရှရှိ ဗဟိုဘဏ်တို့သည် ဈေးကွက်တွင် ဈေးကျဆင်းနေသည့်ကာလတွင်   ဒေါ်လာများ ထုတ်ရောင်းပြီးမိမိတို့၏ နိုင်ငံသုံးငွေကို ကာကွယ်ရန်  ဒေါ်လာများ စုဆောင်းထားကြသည်။
ယခုနှစ်တွင် အမေရိကန်၏ ဗဟိုဘဏ်အဖြစ် ရပ်တည်သည့်  Federal Reserve က ဓေါ်လာ အားကောင်းအောင် ဆောင်ရွက်လိုက်သည်ဖြစ်ရာ ဗဟိုဘဏ်များသည် ဒေါ်လာ ဝယ်ခြင်းအစား ရောင်းချခြင်းကို ဆောင်ရွက်ကြရသည်။ ထိုင်းနှင့် အင်ဒိုနီးရှားတို့က နိုင်ငံသုံးငွေ မတည်မငြိမ်ဖြင့် ဈေးကျနေသည်ကို အရှိန်လျှော့ချရန် ဆောင်ရွက်လျက် ရှိသည်။ ဖိလစ်ပိုင် ဗဟိုဘဏ် Bangko Sentral ng Pilipinas က ဖိလစ်ပိုင် နိုင်ငံသုံးငွေ ပီဆို၏ ကန်ဒေါ်လာနှင့် လဲလှယ်နှုန်းကို ဈေးကွက်က ဆုံးဖြတ်ခွင့် ပေးထားမယ်။ ဈေးနှုန်း မတည်မငြိမ်ဖြစ်ခြင်းကိုသာ ထိန်းကွပ်မည်ဟု ပြောကြားသည်။ ဖိလစ်ပိုင် ပီဆိုသည် ၂၀၀၅ နောက်ပိုင်း အနိမ့်ကျဆုံးသို့ ဇွန်လ ၂၇ ရက်တွင် ကျဆင်းခဲ့သည်။ 

#MyanmarIndustryGuide
 Telegram Channel
https://t.me/Guid4U

Banking & Loan Read 8249 times