စိုက်ပျိုးရေးကဏ္ဍများတွင် အာရှနိုင်ငံများဦးဆောင်နေ


13 February, 2018

စိုက်ပျိုးရေးကဏ္ဍများ၏ GDP ညွှန်းကိန်းများအရဦးဆောင်နေသော နိုင်ငံများတွင် အာရှနိုင်ငံများ အများအပြားပါ၀င်လျက်ရှိပြီး ၎င်းနိုင်ငံများကို အောက်တွင်ဖော်ပြပေးလိုက်ပါသည်။

ထိုင်းနိုင်ငံ

GDP တိုးတက်မှုနှုန်း ၁၃%

GDP တိုးတက်မှုပမာဏ ဒေါ်လာ ၅၁၉၄၉ သန်း

ထိုင်းနိုင်ငံသည် ကမ္ဘာ့စီးပွားရေးလောက၌ အဆင့် ၂၀တွင် ရပ်တည်လျက်ရှိပြီး၊ GDP နှိုင်းယှဉ်မှုတွင် အဆင့် ၂၇ နေရာ၌ ရပ်တည်လျက်ရှိပါသည်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် ထိုင်းနိုင်ငံ၏ GDP မောင်းနှင်ရာတွင် အဓိကနေရာတွင် ရပ်တည်လျက်ရှိပြီး ၎င်းကဏ္ဍသည် ယှဉ်ပြိုင်မှုအမြင့်ဆုံးနှင့် အများဆုံးထုတ်ကုန်များထွက်ရှိရာ ကဏ္ဍတစ်ခုလည်းဖြစ်ပါသည်။

အလုပ်သမားဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်ဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိပြီး နိုင်ငံ့အကျယ်အဝန်း၏ ၂၈ ရာခိုင်နှုန်းမှာစိုက်ပျိုးမြေများဖြစ်၍ စိုက်ပျိုးမြေ၏ ၅၅ ရာခိုင်နှုန်းမှာ ဆန်စပါးစိုက်ပျိုးလျက်ရှိပါသည်။

ဆန်စပါးသည်နိုင်ငံ၏ အရေးပါဆုံး စိုက်ပျိုးသီးနှံဖြစ်ပြီး နိုင်ငံခြားသို့တင်ပိုရာတွင်လည်း ပထမတန်းဦးစားပေး တင်ပို့မှုအဖြစ် ရပ်တည်လျက်ရှိပါသည်။

ပီလော၊ ပြောင်း၊ ရော်ဘာနှင့် သကြား စသည်တို့သည်လည်း ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များဖြစ်ပြီး ရေလုပ်ငန်းထုတ်ကုန်များဖြစ်သော ငါးများ၊ ပုဇွန်နှင့် တူနာငါးများသည်လည်း နိုင်ငံ၏တင်ပို့ကုန်များထဲတွင် ပါ၀င်လျက်ရှိပြီးကြက်သားနှင့် လူသုံးကုန်ပစ္စည်း တင်ပို့ရာတွင်လည်း ထိပ်တန်းမှဦးဆောင်လျက်ရှိပါသည်။

ဂျပန်နိုင်ငံ

GDP တိုးတက်မှုနှုန်း ၁.၂%

GDP တိုးတက်မှုပမာဏ ဒေါ်လာ ၅၆၇၆၄ သန်း

ဂျပန်နိုင်ငံသည် ကမ္ဘာ့တတိယမြောက် စီးပွားရေးအကြီးမားဆုံးအဖြစ် ရပ်တည်နေကြောင်း GDP ညွန်းကိန်းများအရ သိရပါသည်။

ဂျပန်နိုင်ငံသည် ပို့ကုန်၊ သွင်းကုန် ကဏ္ဍများတွင်လည်း အဆင့်၄ နေရာတွင် ရပ်တည်လျက်ရှိပြီး စိုက်ပျိုးမွေးမြူကဏ္ဍများဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများမှာလည်း နိုင်ငံ၏အရေးပါသော အခန်းကဏ္ဍတွင်ရပ်တည်လျက်ရှိပါသည်။

နိုင်ငံအကျယ်အဝန်း၏ ၂၀ ရာခိုင်နှုန်းခန့်သာလျှင် စိုက်ပျိုးမွေးမြူရေးအတွက် အသုံးပြုနိုင်သလို အစိုးရအနေဖြင့်လည်း အကြီးစားစိုက်ပျိုးမြေများထက် အသေးစားစိုက်ပျိုးများကိုသာ ဖော်ထုတ်ပေးလျက်ရှိပါသည်။

လယ်ယာလုပ်ငန်းများအတွက် အဓိကပြဿနာတစ်ရပ်မှာ ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးနိုင်သူများ ရှားပါးလာခြင်း၊ စိုက်ပျိုးထုတ်လုပ်ချင်သူများကို မစွဲဆောင်နိုင်ခြင်းနှင့် အကျိုးအမြတ် အများအပြား မကျန်ခြင်းတို့ပင် ဖြစ်ပါသည်။

ဆန်စပါး၊ ဂျုံ၊ အာလူးနှင့် ဘာလီ စသည်တို့မှာ စိုက်ပျိုးရေးကဏ္ဍ၏ ထုတ်ကုန်များဖြစ်ပြီး ဆန်စပါးစိုက်ပျိုးမြေမှာ အများဆုံးဖြစ်သည်။

ဂျပန်နိုင်ငံ၏ ငါးဖမ်းလုပ်ငန်းများမှာလည်း ကမ္ဘာ့အကြီးဆုံးများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာ့ငါးဖမ်းလုပ်ငန်းများ၏ ၁၅ ရာခိုင်နှုန်းနီးပါးရှိပါသည်။

အင်ဒိုနီးရှားနိုင်ငံ

GDP တိုးတက်မှုနှုန်း ၁၄.၃%

GDP တိုးတက်မှုပမာဏ ဒေါ်လာ ၁၃၄၅၅၆ သန်း

အင်ဒိုနီးရှားနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် အကြီးမားဆုံးဖြစ်ပြီး စိုက်ပျိုးရေးများကို အစိုးရ၊ ပုဂ္ဂလိကနှင့် အသေးစားစည်ဖြင့် အမျိုးအစားများကိုတွေ့ရှိရပါသည်။

စိုက်ပျိုးရာတွင် လူသုံးကုန်ပစ္စည်းများအတွက် အဓိထားစိုက်ပျိုးလေ့ရှိပြီး စားအုန်းဆီ၊ ရာဘာတို့ဖြစ်၍ အသေးစားစိုက်ပျိုးသူများကမူ ဆန်စပါး၊ ပဲပိစပ်၊ ပြောင်းဖူး၊ ဟင်းသီးဟင်းရွက်များစိုက်ပျိုးလေ့ရှိကြပါသည်။

ဆန်စပါးစိုက်ပျိုးရေးသည် အဓိကဖြစ်ပြီး ပြောင်း၊ ပီလော၊ ပဲပုပ်၊ မြေပဲ၊ ကန်စွန်းဥတို့သည်လည်း အင်ဒိုနီရှားနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များဖြစ်ကြပါသည်။

စားသောက်ကုန်များတင်ပို့ရာတွင် ရော်ဘာ၊ စားအုန်းဆီ၊ ကော်ဖီ၊ ကိုကိုးနှင့် ဟင်းခတ်အမွှေးအကြိုင်များသည် နိုင်ငံ၏အဓိကတင်ပို့ကုန်များ ဖြစ်ကြပါသည်။

အိန္ဒိယနိုင်ငံ

GDP တိုးတက်မှုနှုန်း ၁၇.၄%

GDP တိုးတက်မှုပမာဏ ဒေါ်လာ ၃၉၁၆၇၂ သန်း

နိုင်ငံ၏ဝန်ဆောင်မှုကဏ္ဍသည် GDP ညွန်းကိန်း၏ ၅၅ ရာခိုင်နှုန်းကျော်ရှိပြီး၊ စက်မှုလက်မှုဆိုင်ရာကဏ္ဍ ၂၆ ဒသမ ၃ ရာခိုင်နှုန်းနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ၁၈ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးရှိကြပါသည်။

အခြားကဏ္ဍများဖြစ်သော ငါးဖမ်းလုပ်ငန်းများနှင့် သစ်တောလုပ်ငန်းများသည်လည်း အိန္ဒိယနိုင်ငံ စီးပွားရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ရပ်တည်လျက်ရှိပါသည်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍသည်လည်း အိန္ဒိယနိုင်ငံ၏ စားနပ်ရိက္ခာအတွက် ကြီးမားစွာထောက်ပံ့ပေးလျက်ရှိပြီး ကျေးလတ်နေအိမ်ထောင်စုများ၏ ၅၈ ရာခိုင်နှုန်းကျော်သည်လည်း စိုက်ပျိုးမွေးမြူရေးပေါ်တွင် မှီခိုလျက်ရှိပါသည်။

အိန္ဒိယနိုင်ငံ၏ ဟင်းခတ်အမွှေးအကြိုင်ထုတ်လုပ်မှုသည် အကြီးမားဆုံးဖြစ်ပြီး သစ်သီးဝလံထုတ်လုပ်မှုသည်လည်း ဒုတိယမြောက် အကြီးဆုံးထုတ်ကုန်အဖြစ် ရပ်တည်လျက်ရှိပါသည်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် တတိယမြောက်နေရာတွင် ရပ်တည်လျက်ရှိပြီး ကမ္ဘာပေါ်တွင် ဂျုံနှင့် ဆန်စပါး ထုတ်လုပ်မှုတွင်လည်း ဒုတိယမြောက်နေရာတွင် ရပ်တည်လျက်ရှိပါသည်။

စက်မှုကဏ္ဍတွင်လည်း နို့ထွက်ပစ္စည်း၊ အစားအစာ၊ အေးခဲ အစားအစာ၊ အသား၊ ကြက်၊ဘဲနှင့် ငါးလုပ်ငန်းများ စသည်တို့ ထုတ်လုပ်လျက်ရှိသည်။

စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်လာခြင်းကြောင့်လည်း အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် နှစ်အနည်းငယ်အတွင်း တိုးတက်လာနိုင်ခြေရှိပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

GDP တိုးတက်မှုနှုန်း ၈.၆%

GDP တိုးတက်မှုပမာဏ ဒေါ်လာ ၉၆၄၇၇၂ သန်း

တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ကမ္ဘာ့အကြီးဆုံးအဖြစ် ရပ်တည်လျက်ရှိပြီး ကုန်ပစ္စည်းများတင်သွင်းမှုတွင်လည်း ဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်။

တရုတ်နိုင်ငံ၏ စိုက်ပျိုးမြေသည် နိုင်ငံအကျယ်အဝန်း၏ ၅၄ ဒသမ ၈၁ ရာခိုင်နှုန်းကျော်ရှိပြီး နိုင်ငံ GDP ညွှန်းကိန်း၏ ၁၂ ရာခိုင်နှုန်းကျော်ရှိပါသည်။

လူပေါင်းသန်း ၃၀၀ ကျော်သည် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိပြီး ၎င်းသည် တရုတ်နိုင်ငံ အလုပ်သမားဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်ရှိပါသည်။

စိုက်ပျိုးထုတ်လုပ်ရာတွင် ဂျုံ၊ လူး၊ ဆပ်၊ နှံစားပြောင်း၊ ဆန်စပါး၊ အာလူး၊ ၀ါဂွမ်း စသည်တို့အပြင် အများအပြား ထုတ်လုပ်လျက်ရှိပါသည်။

တရုတ်နိုင်ငံ၏ စားသောက်ကုန်ထုတ်လုပ်မှုသည် ကမ္ဘာ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော်ရှိပြီး သီးနှံစိုက်ပျိုးဖြစ်ထွန်းမှုမှာ ကမ္ဘာပေါ်တွင် ၁၀ ရာခိုင်နှုန်းကျော်ရှိပါသည်။

ဆန်စပါးစိုက်ပျိုးမှုသည် အဓိကဖြစ်ပြီး ဂျုံစိုက်ပျိုးမှုသည် ဒုတိယနေရာတွင်အစဉ်လိုက် ရပ်တည်လျက်ရှိပါသည်။

တရုတ်နိုင်ငံသည် ပဲပိစပ် တင်ပို့မှုကိုအမြောက်အများပြုလုပ်လျက်ရှိပြီး ငါးတင်ပို့မှုတွင်လည်း တတိယနေရာတွင် ရပ်တည်လျက်ရှိပါသည်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍ GDP ညွန်းကိန်းများအရ ဦးဆောင်နေသော နိုင်ငံများ-------

၁။ တရုတ်

၂။ အိန္ဒိယ

၃။ အမေရိကန်

၄။ အင်ဒိုနီရှား

၅။ ဘရာဇီး

၆။ နိုက်ဂျီးရိီးယား

၇။ တူရကီ

၈။ ဂျပန်

၉။ အာဂျင်တီးနား

၁၀။ ထိုင်း

Global News Read 2920 times