အာရှငွေကြေးအများစု ဒုတိယမြောက်အနုတ်ပြသည့်နှစ် ဖြစ်ခဲ့


03 January, 2022

အာရှငွေကြေးအများစု ဒုတိယမြောက်အနုတ်ပြသည့်နှစ် ဖြစ်ခဲ့

အာရှနိုင်ငံအသီးသီးရဲ့ နိုင်ငံသုံးငွေများတွင် အများစုသည် Covid-19 ကပ်ရောဂါကြောင့် အနုတ်ပြသည့် ဒုတိယမြောက်နှစ်ကို ဖြတ်သန်းခဲ့ကြရသည်။

အိမ်နီးနားချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ စီးပွားရေးသည် ခရီးသွားလုပ်ငန်းကို အားထားသဖြင့် ခရီးသွားလာမှုများကုိ ကန့်သတ်ပိတ်ပင်မှုများကြောင့် ထိခိုက်နေဆဲဖြစ်သည်။
ထိုင်းဘတ်ငွေသည် ၂၀၀၀ နောက်ပိုင်း အဆိုးဝါးဆုံးနှစ်အဖြစ် ၂၀၂၁ ကို ဖြတ်သန်းခဲ့သည်။ တန်ဖိုး  ၁၁.၄% ကျဆင်းသည်။
တောင်ကိုရီးယား ဝမ်ငွေသည် ၂၀၀၈ နောက်ပိုင်း အဆိုးဝါးဆုံးနှစ်အဖြစ် ၂၀၂၁ ကို ဖြတ်သန်းခဲ့သည်။ ငွေတန်ဖိုး ၉% ကျဆင်းခဲ့သည်။
အိန္ဒိယ ရူပီငွေ အားပျော့ပြီး တန်ဖိုးကျဆင်းသည့် လမ်းကြောင်းပေါ်ရောက်နေသည်မှာ ၂၀၂၁ သည် စတုတ္ထမြောက်နှစ်ဖြစ်သည်။ တန်ဖိုး ၁.၇% ကျဆင်းသည်။

ဖိလစ်ပိုင် ပီဆိုငွေသည် ၁% ကျဆင်းပြီး မလေးရှား ရင်းဂစ်ငွေသည် ၆% ကျဆင်းသည်။

မာနေခဲ့သည့် အာရှငွေကြေးနှစ်မျိုးမှာ တိုင်ဝမ်ဒေါ်လာနှင့် တရုတ်ယွမ်တို့ ဖြစ်သည်။ ၂၀၂၁ တွင် တန်ဖိုး ၂% တက်ခဲ့သည်။ ယွမ်သည် ဒုတိယမြောက်နှစ်အဖြစ် တန်ဖိုးတက်ခြင်း ဖြစ်သည်။

Banking & Loan Read 408 times