သြစတြေးလျရေနံကုမ္ပဏီတစ်ခုမှ ဧရာဝတီကမ်းလွန်တွင် ရေနံတူးဖော်မည်


28 May, 2018

ဩစတြေးလျရေနံ ကုမ္ပဏီ Woodside က ဧရာဝတီ ကမ်းလွန်ရှိ A-7 လုပ်ကွက်၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ ရေးတွင်းကို မေလ ၂၉ ရက်တွင် စတင်တူးဖော်မည်ဟု အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါသည်။

ထိုလုပ်ကွက်အနီးတွင် မေ လ ၂၉ ရက်မှ ဇွန်လ ၂၉ ရက်အထိ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်းနှင့် ငါးဖမ်းဆီးခြင်းများမပြုရန် အသိပေးကြေညာထားကြောင်း သိရပါသည်။

ရခိုင်ကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရှာဖွေ ရေးလုပ်ငန်းများတွင် ကနဦး ရလဒ်ကောင်းများ ထွက်ပေါ်လာ မှု မရှိခြင်းကြောင့် Woodside က မြန်မာနိုင်ငံရှိ ရေနံကမ်းလွန် လုပ်ကွက်အချို့တင်ဒါတင်သွင်း မှုကို ၂၀၁၈ အထိရွှေ့ဆိုင်းခဲ့ သည်။ ဧရာဝတီကမ်းလွန်ရှိ ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် များဖြစ်သည့် A-7 နှင့် AD-5 လုပ်ကွက်များကို ၂၀၁၈ အတွင်း သဘာဝဓာတ်ငွေ့တူးဖော်မည်ဟု Woodside Energy ကုမ္ပဏီက ၂၀၁၇ ဩဂုတ် ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ လုပ်ကွက်နှစ်ခု သည် ဧရာဝတီတိုင်းနှင့်ကပ်လျက် ရှိသည့် ကမ်းတွင်တစ်ဆက်တည်း တည်ရှိနေပြီး A-7 လုပ်ကွက် သည် ဧရာဝတီကမ်းခြေမှ ၁၅ မိုင်အကွာနှင့် AD-5 လုပ်ကွက် သည် ကမ်းခြေမှ ၅၆ မိုင်အကွာတွင်ရှိပြီး A-7 လုပ်ကွက်ကို Woodside ကုမ္ပဏီကရှယ်ယာ ၄၅ ရာခိုင်နှုန်း၊ BG Asia Pacific ကုမ္ပဏီက ၄၅ ရာခိုင်နှုန်းနှင့် Myanmar Petroleum E&P ကုမ္ပဏီက ၁၀ ရာခိုင်နှုန်းအကျိုးတူပိုင်ဆိုင်ကြောင်း သိရပါသည်။

Woodside ကုမ္ပဏီသည် ၂၀၁၇ဇူလိုင်လကုန်က A-6 လုပ် ကွက်တွင်လည်း သဘာဝဓာတ် ငွေ့သိုက်တွေ့ရှိထားပြီး စီးပွား ဖြစ်ထုတ်လုပ်နိုင်သည့် လုပ်ကွက် ဖြစ်ကြောင်း ကုမ္ပဏီကကြေညာ ထားသည်။ ထိုလုပ်ကွက်တွင် MPRL E&P ကုမ္ပဏီက စွန့်စား ရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင်နှုန်း၊ ဩစတြေးလျ ရေနံကုမ္ပဏီ Woodside Energy နှင့် Total Myanmar E&P က ၄၀ ရာခိုင် နှုန်းစီပါဝင်ကြောင်း သိရပါသည်။

 7 Day Daily

Local News Read 471 times