ဧရာဘဏ် ဝန်ဆောင်မှုများ ဇူလိုင် ၁၉ ည အထိ ယာယီရပ်နားထားမည်။


16 July, 2021

ဧရာဘဏ် ဝန်ဆောင်မှုများ ဇူလိုင် ၁၉ ည အထိ ယာယီရပ်နားထားမည်။
 
ဧရာဘဏ် ဝန်ဆောင်မှုများ အားလုံး (ATM, iBanking, Mobile banking, credit card, debit card)
ယနေ့ ဇူလိုင် ၁၆ ည သန်းခေါင်မှ
ဇူလိုင် ၁၉ ည အထိ

ဝန်ဆောင်မှု ယာယီရပ်နားထားမှာဖြစ်ပြီး Core Banking System အသစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ စတင်အသုံးပြုသွားဖို့ ရှိပါတယ်။
၁၇ မှ ၁၉ အထိဟာ ဆက်တိုက်ဘဏ်ပိတ်ရက်များ ဖြစ်ပါတယ်။ 
ဒီကာလအတွင်း ငွေထုတ်ခြင်း၊ ငွေလွှဲပြောင်းခြင်း၊ ငွေလက်ခံခြင်း၊ ဘေပေးဆောင်ခြင်း အပါအဝင် ဝန်ဆောင်မှုများ အားလုံးကို ယာယီ ရပ်နားထားမှာ ဖြစ်ပါတယ်။

ဇူလိုင် ၂၀မှာ 
အကောင့်နံပါတ် အသစ် စသုံးတော့မှာ ဖြစ်ပါတယ်။
Mobile Banking အက်ပ် ဗာရှင်း 2.0 version ကိုသာ သုံးစွဲတော့မှာ ဖြစ်ပါတယ်။
 
Mobile Banking နှင့် ATM စက်များတွင် ငွေကြေးဝန်ဆောင်မှုများပြုလုပ်လိုသည့်အခါတွင်လည်း (အထူးသဖြင့် အခြားသူများသို့ ငွေလွှဲလိုသည့်အခါ) Account Number အသစ်များကို အသုံးပြုရမည်ဖြစ်သည့်အတွက် ကြိုတင်စုံစမ်းထားရမှာ ဖြစ်ပါတယ်။

အကောင့်အသစ်ကြည့်ရန်
ဝက်ဘ်ဆိုက်မှာ နံပါတ်ဟောင်းနဲ့ ဝင်ကြည့်ရင် sms ပို့ပေးပါတယ်။
https://accounts.ayabank.com
ဘဏ်ခွဲရွေးချယ်တာမှာ ဘဏ်စာအုပ်မှာ ဖော်ပြထားတာနဲ့ တိုက်စစ်ပြီး ကိုက်ညီတာကို ရွေးပါ။
နိုင်ငံသားကတ်နံပါတ် မှာ စီ C ကို ရွေးသင့်ပါတယ်။ N လို့ သုံးတာ တရားဝင်သတ်မှတ်ချက် မဟုတ်လို့ပါ။

 
AYA Mobile Banking 1.0 ကို ဇူလိုင်လ ၁၆ ရက်နေ့ညမှ စတင်ပြီး ဝန်ဆောင်မှု လုံးဝ ရပ်ဆိုင်းမှာဖြစ်ပြီး 2.0 version ဖြင့်သာ ဆက်လက်ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။
အခြေအနေ တည်တည်တံ့တံ့ဖြစ်မှ ပြန်လည် သုံးစွဲသင့်ပါတယ်။
 
 Mobile Banking တွင် 20.Jul.2021မှစတင်ပြုလုပ်သော Transaction History များကိုသာ စတင်ပြသပေးမည်ဖြစ်သောကြောင့်  16.Jul.2021 မတိုင်ခင်ရှိ သော Transaction History များကို ရယူထားလိုပါက ibanking ၏ Payment Function အောက်ရှိ “iBanking Transaction History” မှ ကြိုတင်သိမ်းဆည်းထားနိုင်ပါတယ်။

ဘဏ်ကတ်များ၊ ငွေစုစာအုပ်များ၊ ချက်စာအုပ်များ အသစ် လဲလှယ်ရန် မလိုအပ်ပါ။
 
အက်ပ် ရယူရန် လင့်
AYA mBanking 2.0 
Android app download

http://bit.ly/ayambankingandriod
  
AYA mBanking 2.0 
iOS app download
http://bit.ly/ayambankingios
  
AYA mBanking 2.0 
Huawei AppGallery download
https://appgallery.cloud.huawei.com/ag/n/app/C101771299?channelId=web&detailType=0
 
 
Version 1.0 ကို အသုံးပြုနေသူများအနေဖြင့် လက်ရှိအသုံးပြုနေသော မိမိ၏ User Name၊ Password ဖြင့်ပင် Version 2.0 ကို ဆက်လက် အသုံးပြုနိုင်ပါသည်။

Banking & Loan Read 544 times