နည်းပညာအသစ်များနှင့်အတူ ပိုမိုကောင်းမွန်ပြည့်စုံသောဝန်ဆောင်မှုများပေးသွားနိုင်ရန်ရည်ရွယ်လျှက် AYA Bank မှ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး၊ ယခုအခါ သုံးစွဲသူများကို ပိုမိုလွယ်ကူလျှင်မြန်စွာ ဝန်ဆောင်မှုများပေးနိုင်စေရန်အတွက် AYA Bank ၏ Core Banking System အသစ်ကို ၂၀၂၀ နှစ်ကုန်၊ ၂၀၂၁ နှစ်ဆန်းမှစတင်ကာ ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ပါသည်။ (ရက်စွဲအတိအကျကို AYA Bank ၏ Facebook စာမျက်နှာမှတဆင့် ကြေငြာပေးသွားမည်ဖြစ်ပါသည်။) သို့ဖြစ်ပါသောကြောင့် AYA Bank သုံးစွဲသူမိတ်ဆွေများ ကြိုတင်သိရှိထားရန်လိုအပ်နိုင်သည့် သတင်းအချက်အလက်များကို ဖော်ပြအပ်ပါသည်။
ငွေစုစာအုပ်နံပါတ် (Account Number) များပြောင်းလဲခြင်း
ပြောင်းလဲအသုံးပြုမည့် Core Banking System တွင် Bank Account Number များ (11) လုံးသာရှိတော့မည်ဖြစ်ပြီး၊အသစ်ပြောင်းလဲမည့် လူကြီးမင်းတို့၏ Account Number များကို နီးစပ်ရာဧရာဝတီဘဏ်ခွဲများ သို့မဟုတ် Online မှတဆင့် ကြိုတင်စုံစမ်းနိုင်မည်ဖြစ်ပါသည်။ (အသေးစိတ်အချက်အလက် နှင့် ရက်စွဲများကို AYA Facebook Page မှတဆင့် ကြေငြာပေးသွားပါမည်။) ထို့အပြင် Mobile Banking သုံးစွဲသူများအနေဖြင့်လည်း System အသစ်စတင်သည့်နေ့မှစတင်ကာ မိမိတို့၏ Mobile Banking Home Page မှတဆင့် (Mobile Banking နှင့်ချိတ်ဆက်ထားသည့်) Account နံပါတ်အသစ်များကို ရရှိနိုင်မည်ဖြစ်ပါသည်။
လက်ရှိအသုံးပြုနေသော ငွေစုစာအုပ်များ (Passbook)၊ ချက်စာအုပ်များ (Cheque) နှင့် ဘဏ်ကဒ်များ (Card)
လူကြီးမင်းတို့ လက်ရှိအသုံးပြုနေသော ငွေစုစာအုပ်များ (Passbook)၊ ချက်စာအုပ်များ (Cheque) နှင့် ဘဏ်ကဒ်များ (Card) ကို ပြောင်းလဲရန်မလိုဘဲ ၊ လက်ရှိအတိုင်းဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
Mobile Banking ၊ Internet Banking နှင့် ATM
တစ်ဦးချင်းအသုံးပြုနေသော Mobile Banking ၊ Internet Banking နှင့် ATM Card များအား လက်ရှိ User Name ၊ Password များအတိုင်း အပြောင်းအလဲမရှိ ဆက်လက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ (Mobile Banking, Internet Banking များတွင် ကြိုတင်စီမံပြုလုပ်ထားသော Schedule Payment များကိုမူ Core Banking system အသစ်စတင်အသုံးပြုချိန်မှတင်ကာပြန်လည်သတ်မှတ်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
ငွေလွှဲခြင်း
ငွေလွှဲရာတွင် မိမိငွေလွှဲမည့် လုပ်ငန်း သို့မဟုတ် ငွေစာရင်းပိုင်ရှင်၏ Account နံပါတ်အသစ်များကို ကာယကံရှင်များထံမှ ဆက်သွယ်တောင်းယူထားရန်လိုအပ်ပါမည်။ ချေးငွေ နှင့် Hire Purchase (HP) ငွေစာရင်းများကိုလည်း ဘဏ်ခွဲများတွင် ကြိုတင်သွားရောက်စုံစမ်းထားနိုင်မည်ဖြစ်ပါသည်။
Corporate Internet Banking
အဖွဲ့အစည်းများတွင်အသုံးပြုနေသော Corporate Internet Banking များတွင် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ထပ်မံပါဝင်လာမည်ဖြစ်ပြီး Login ဝင်သော Information များ (User ID ၊ Company ID ၊ Password ၊ OTP) တွင် အပြောင်းအလဲအချို့ရှိလာမည်ဖြစ်ပါသောကြောင့် သက်ဆိုင်ရာ Relationship Manager များမှတဆင့် ကြိုတင်ဆက်သွယ်မေးမြန်းစုံစမ်းထားနိုင်မည်ဖြစ်ပါသည်။
System downtime
Core Banking ပြောင်းလဲမှုလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အပြီးသတ်လုပ်ငန်းစဉ်များဆောင်ရွက်မည့် ရက်အချို့အတွင်း ငွေကြေးဝန်ဆောင်မှုများဖြစ်သော Card Service များ၊ ATM များ၊ Mobile Banking ၊ Internet Banking ၊ Corporate Internet Banking ဝန်ဆောင်မှုများပါ ယာယီပြတ်တောက်ချိန်အချို့ရှိနိုင်ပါသဖြင့် နေ့ရက်၊ အချိန် အစရှိသော အသေးစိတ်အကြောင်းအရာများကို ထပ်မံကြေငြာပေးသွားမည်ဖြစ်ပါကြောင်း အနူးအညွတ်ကြိုတင်တောင်းပန်၊ အသိပေးအပ်ပါသည်။
မိမိတို့၏ အရေးကြီးသတင်းအချက်အလက်များကို အချိန်တိုင်း လျှို့ဝှက်ထားရှိပါ။
Core Banking System ပြောင်းလဲမှုနှင့်ပါတ်သက်ပြီး AYA Bank အနေဖြင့် သုံးစွဲသူများထံမှ အရေးကြီးသတင်းအချက်လက်များ၊ စာရွက်စာတမ်းများ တောင်းခံခြင်း ( User Name ၊ Password ၊ မှတ်ပုံတင် အစရှိသည်ဖြင့်)၊ ငွေကြေးတစုံတရာထပ်မံကောက်ခံခြင်းများ ပြုလုပ်မည်မဟုတ်ပါ။ သို့ဖြစ်ပါသောကြောင့် အခြားဖြစ်ပေါ်လာနိုင်သည့် သတင်အချက်အလက်များ လိမ်လည်တောင်းယူခံရခြင်း ၊ အခြားသော နည်းလမ်းများဖြင့်ငွေကြးဆိုင်ရာ မသမာမှုများပြုလုပ်လာနိုင်ခြင်းတို့ကို ကာကွယ်နိုင်ရန်အတွက် Customerများ အနေဖြင့် မိမိတို့၏ အရေးကြီးသောသတင်း၊ အချက်အလက်များကို အချိန်ပြည့်လျှို့ဝှက်ထားရှိကြပါရန်လည်း လေးစားစွာ အသိပေး တိုက်တွန်းအပ်ပါသည်။
အထွေထွေ စုံစမ်းမေးမြန်းမှုများအတွက်
အခြားသိရှိလိုသည်များအတွက် အထွေထွေစုံစမ်းမေးမြန်းမှုများကို AYA Bank ၏ Hotline Number ဖြစ်သော 01-2317777 သို့ ၂၄ နာရီ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။