၁၅.၂.၂၀၂၁ မှာ စတင်ပြောင်းလဲမယ့် Core Banking System အသစ်အတွက် အဆင်ပြေချောမွေ့မှုများရှိအောင် AYA Bank မှ ဆောင်ရွက်လျက်ရှိပါတယ်။
Core Banking System အသစ်တွင် AYA Bank Account များအားလုံး ၁၁လုံး နံပါတ်အသစ်များသို့ ပြောင်းလဲသွားမည်ဖြစ်ပါသည်။
မိမိတို့ Account နံပါတ်အသစ်များကို ကြိုတင်မှတ်သားထားနိုင်ပြီး၊ ၁၅.၂.၂၀၂၁ မှသာလျှင် စတင် အသုံးပြုသွားရမည်ဖြစ်ပါသည်။
လက်ရှိအသုံးပြုနေသော ၁၆လုံး Account နံပါတ်များကို ၁၁.၂.၂၀၂၁ အထိ ဆက်လက်သုံးစွဲသွားမည် ဖြစ်ပါသည်။
Core Banking System အသစ် အသုံးပြုချိန်မှစပြီး AYA Bank Account များ နံပါတ် ၁၆လုံးမှ နံပါတ် အသစ် ၁၁ လုံးသို့ ပြောင်းလဲအသုံးပြုသွားမည်ဖြစ်သည့်အလျောက်၊ Account နံပါတ်အသစ် ၁၁လုံးကို Customer များ ယခုကတည်းက ကြိုတင်သိရှိထားရန် လိုအပ်ခဲ့ပါက အဆင်ပြေနိုင်စေရန် ဆောင်ရွက်ထားရှိပေးထားပါသည်။
Account နံပါတ်အသစ်များကို ကြိုတင်သိရှိနိုင်ရန်အတွက် AYA Bank ဘဏ်ခွဲများတွင် ကိုယ်တိုင် သွားရောက်စုံစမ်းနိုင်သလို၊ ဘဏ်ခွဲများသို့သွားရောက်ရန်မလိုဘဲ Online Self Service Portal ကို https://accounts.ayabank.com မှတစ်ဆင့် ဝင်ရောက်ပြီးလည်း လွယ်ကူစွာ ကြိုတင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Online Self Service Portal အသုံးပြုနည်းကိုလည်း Customer များ ပိုမိုရှင်းလင်းစွာသိရှိနိုင်စေရန် ရည်ရွယ်ပြီး ယခု Post မှာ (ပုံများနှင့်တကွ) အသုံးပြုနည်း အဆင်ဆင့်ကို ဖော်ပြပေးအပ်ပါတယ်။
ဖုန်းအသုံးပြုပါက ဖုန်းစခရင်တွင်လည်း အလားတူပင် ပေါ်မည် ဖြစ်ပါသည်။ လုပ်ဆောင်ရမည့် အဆင့်ဆင့်မှာလည်း အတူတူပင် ဖြစ်ပါသည်။
AYA Bank ၏ Core Banking System အသစ် အပြောင်းအလဲနှင့် ပတ်သက်သောအကြောင်းအရာများကို AYA Bank ၏ Website ဖြစ်သော www.ayabank.com ရှိ "New Core Banking Info" တွင် English၊ မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြပေးထားသလို၊ အခြားသိရှိလိုသည်များအတွက်လည်း AYA Bank ၏ Contact Centre 01-2317777 သို့ ၂၄နာရီ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။