Suzuki မှ (၇) နှစ်တာ ကားအရစ်ကျပေးချေမှု ‘AYA Super Suzuki Finance’ ကိုစီစဉ်နေ


03 October, 2018

ဆူဇူကီး (မြန်မာ) မော်တာကုမ္ပဏီလီမိတက်သည် ဧရာဝတီဘဏ်နှင့်ပူးပေါင်း၍ (၇) နှစ်တာ ကားအရစ်ကျပေးချေမှု ‘AYA Super Suzuki Finance’ အစီအစဉ်ကို စက်တင်ဘာလ ၂၅ ရက်နေ့မှစတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆူဇူကီး၏ အရည်အသွေးမြင့်ကားများဖြစ သည့် ‘Suzuki Ciaz နှင့် ခုနှစ်ယောက်စီးခုံသုံးတန်းပါ ‘Suzuki ERTIGA’ တို့ကို ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ ၇ နှစ်အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

““ Suzuki နှင့် ပူးပေါင်းဆောင်ရွက်တဲ့ ယခုအရောင်းမြှင့်တင်ရေး အစီအစဉ်ကတော့ ကျွန်တော်တို့ပုံမှန်ဆောင်ရွက်ပေးနေကျ (၅) နှစ်အရစ်ကျစနစ်ကို ထပ်မံပြီး (၇) နှစ်အထိ အရစ်ကျပေးနိုင်မယ့် အစီအစဉ်ပဲဖြစ်ပါတယ်၊ ဒီအစီအစဉ်က သုံးစွဲသူများအတွက် Suzuki ကားအသစ်များကို ဝယ်ယူရာတွင် ပိုမိုလွယ်ကူသက်သာစွာပိုင်ဆိုင်နိုင်မည့် အစီအစဉ်တစ်ခုဖြစ်လာမယ်လို့ယုံကြည်ပါတယ်'' ဟု Suzuki မှ AYA Bank မှ Managing Directorn ဖြစ်သူဦးမြင့်ဇော်က ပြောသည်။

အဆိုပါ အစီအစဉ်ဖြင့် ဝယ်ယူမည်ဆိုပါက ကားတန်ဖိုး၏ ၂၅% ကို ကနဦးပေးသွင်းရမည်ဖြစ်ပြီး ပေးသွင်းရန် ကျန်ရှိသည့် ၇၅% ကို ၇ နှစ်အရစ်ကျစနစ်ဖြင့် ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

''ဒီအစီအစဉ်ဟာ ဆူဇူကီးကားဝယ်မယ့်သူတွေအတွက် လွယ်ကူသက်သာစေပါတယ်၊ ကားဝယ်ယူသူအနေနဲ့ အရစ်ကျပေးချေမှု ကာလကို (၇) နှစ်အထိ ရွေးချယ်ဝယ်ယူနိုင်ပါတယ်''ဟု ဆူဇူကီး(မြန်မာ) မော်တာ ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Keiichi Asano က ပြောသည်။

ဆူဇူကီး(မြန်မာ)မော်တာကုမ္ပဏီသည် ကောင်းမွန်သော ဝန်ဆောင်မှုကို ပေးဆောင်နိုင်ရန်နှင့် အရောင်းကိုယ်စားလှယ်များတိုးပွားလာစေရန်အတွက် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝှမ်း၌ အရောင်းပြခန်းပေါင်း ၃၇ ခုကို ဖွင့်လှစ်ထားလျက်ရှိကြောင်း သိရသည်။

 

Banking & Loan Read 846 times