ဧရာဝတီဘဏ်ကို အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီ အဖြစ် ပြောင်းလဲမည်


29 November, 2022

ဧရာဝတီဘဏ်ကို အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီ အဖြစ် ပြောင်းလဲမည်

 

ဧရာဝတီဘဏ်ကို အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း  ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြန်တမ်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက် 
(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်)


မြန်မာနိုင်ငံကုမ္ပဏီဥပဒေပုဒ်မ-၅၈ (ခ) အရ ကြေညာ

ဧရာဝတီဘဏ်လီမိတက်၊ အမှတ်-၄၁၆၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသည် အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီအဖြစ်မှ အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီအဖြစ်သို့ အမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံသို့ တင်ပြပြီးဖြစ်ကြောင်းနှင့် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီက တင်ပြသည့်လျှောက်ထားမှုကို ကျေနပ်လက်ခံပြီး တရားရုံး၏ အမိန့်တစ်ရပ်ရပ်အရ တားမြစ်ခြင်းမရှိလျှင် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ပြောင်းလဲပေးမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာလိုက်သည်။

Banking & Loan Read 357 times