ဧရာဝတီဘဏ်က စတင်ကောက်ခံလျက်ရှိသော ဝန်ဆောင်ခအချို့ ယခင်အတိုင်း အခမဲ့ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်း အသိပေးကြညာ


06 January, 2021

ဧရာတီဘဏ်က ဘဏ်ခွဲများတွင် အကောင့်မှတစ်ဆင့် ငွေထုတ်ယူခြင်း၊ မြို့နယ်တူ ငွေစာရင်းအချင်းချင်း ပေးပို့လွှဲပြောင်းခြင်းတို့အတွက် ယခင်က အခမဲ့ ဝန်ဆောင်မှုများ ပေးခဲ့ရာမှ ဝန်ဆောင်ခများကို  KBZ  ကဲ့သို့သော အခြားပုဂ္ဂလိကဘဏ်များနည်တူ စတင်ကောက်ခံခဲ့ပြီးနောက် ယခုအခါ ယခင်အတိုင်း အခမဲ့ ဝန်ဆောင်မှု ပြန်ပေးတော့မည် ဖြစ်ကြောင်း အသိပေးကြေညာထားပါသည်။

ဘဏ်ခွဲများတွင် အကောင့်မှတစ်ဆင့် ငွေထုတ်ယူခြင်;အတွက် ကျပ် ၅၀၀ နှင့် မြို့နယ်တူ ငွေစာရင်းအချင်းချင်း ပေးပို့လွှဲပြောင်းခြင်းအတွက် ကျပ် ၂၀၀ ကောက်ခံခဲ့သည်ဟု သိရပါသည်။

ဧရာဝတီဘဏ်အနေဖြင့် ဘဏ်ခွဲများမှ Account မှတစ်ဆင့် ငွေထုတ်ယူရာတွင်လည်းကောင်း၊ မြို့နယ်တူ ငွေစာရင်းအချင်းချင်း ပေးပို့လွှဲပြောင်းရာတွင်လည်းကောင်း ယခင်အတိုင်း အခမဲ့ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါကြောင်း အသုံးပြုသူ မိဘပြည်သူများအား ရိုသေလေးစားစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်။
ဧရာဝတီဘဏ် သုံးစွဲသူများ စိတ်အနှောင့်အယှက် ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း အနူးအညွတ် တောင်းပန်အပ်ပါသည်။
အသေးစိတ် သိရှိလိုပါက
Contact Centre ဖုန်းနံပါတ် 01 - 2317777 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
ဧရာဝတီဘဏ်ကို အစဥ်အမြဲ နားလည် အားပေး အသုံးပြုသူ မိဘပြည်သူများအား ကျေးဇူးတင်ရှိပါသည်။

  

 

Banking & Loan Read 536 times