မြန်မာစက်မှုဇုန်တွင် ထိုင်း မဟာကော်ပိုရေးရှင်းစုကြီး B.Grimm Group လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်


04 December, 2020

ထိုင်းနိုင်ငံမှ ကြီးမားသော လုပ်ငန်းစုကြီး ၄ ခုဖြစ်သည့် B.Grimm Group၊ Amata ကော်ပိုရေးရှင်း၊ PTT နှင့် Global Power Synergy တို့သည် မြန်မာနိုင်ငံတွင်စတုရန်းကီလိုမီတာ ၈၀၀ ရှိသော စက်မှုဇုန်တည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့ကြသည်။

နားလည်မှုစာချွန်လွှာကို နောက်နှစ်အစတွင် လက်မှတ်ထိုးမည်ဟု မျှော်လင့်ရသည်ဟု B.Grimm ဥက္ကဋ္ဌ Harald Link က ပြောကြားသည်။

မစ္စတာလင့်ခ်က ပြောကြားသည်မှာ B.Grimm ၏ ပူးပေါင်းပါ၀င်မှုသည် စက်မှုဇုန်ရှိလျှပ်စစ်ဓာတ်အားပေးစက်ရုံအား လုပ်ကိုင်လည်ပတ်ရန် ဖြစ်ပြီး ရရှိသည့် ဓာတ်အားများကို အဓိကအားဖြင့် စက်မှုဇုန်တွင် လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးမည့်အပြင် ပိုလျှံသည့် လျှပ်စစ်ဓာတ်အားကို မြန်မာအစိုးရထံ ရောင်းချခြင်းကိုပါ ပြုလုပ်ရန်ဖြစ်သည်။

သူက စီမံကိန်းနှင့်ပတ်သက်၍ နောက်ထပ်အသေးစိတ်အချက်အလက်များကို ပြောပြရန် ငြင်းဆန်ခဲ့သည်။

B.Grimm Group ၏စွမ်းအင်လုပ်ငန်းအကြောင်းကိုသာ မစ္စတာလင့်ခ်က ပြောကြားသည်မှာ B.Grimm Group ၏ စွမ်းအင်လုပ်ငန်းသည် ၂၀၂၈ ခုနှစ်တွင် စုစုပေါင်းဝင်ငွေ ဘတ် ၁၅၀ ဘီလီယံအထိ ရရှိရန် ရည်ရွယ်ထားသည်။ လာမည့်ရှစ်နှစ်တာကာလအတွင်း B.Grimm Group ၏ စွမ်းအင်လုပ်ငန်းသည် ၀င်ငွေအဓိကသော့ချက်ဖြစ်သည်။

ယခုနှစ်တွင် စုစုပေါင်းစီမံကိန်း၏ ၀ င်ငွေ ၇၀ ရာခိုင်နှုန်း (ဘတ် ၆၀ ဘီလီယံ) သည် ၎င်း၏စွမ်းအင်လက်တံမှ B.Grimm Power Plc မှ ရရှိသည်။ B.Grimm သည် ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်လုပ်ငန်းများကို လုပ်ကိုင်နေပြီး ကမ္ဘောဒီးယားတွင် ဓာတ်အားပို့လွှတ်စနစ်နှင့်အတူ လုပ်ကိုင်သည်။

လျှပ်စစ်စွမ်းအင် ရောင်းဝယ်ရေးအတွက် နောက်ခံပြုပေးသည့် စွမ်းအင်သိုလှောင်ခြင်း၊ စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင် အစရှိသည်တို့ကို လုပ်ကိုင်လျက် ရှိရာ လုပ်ငန်းစွမ်းရည်ပမာဏသည် စုစုပေါင်းစွမ်းရည် ၃,၀၁၉ မဂ္ဂါဝပ် ရှိသည်။
ထို့ပြင် လုပ်ကိုင်ဆဲ စီမံကိန်းများတွင် ၁,၂၀၀ မဂ္ဂါဝပ် ပမာဏ ရှိနေပြီး လေစွမ်းအင် ၁၆ မဂ္ဂါဝပ်နှင့် ရေအားလျှပ်စစ် ၉၅ မဂ္ဂါဝပ်တို့ပါ၀င်သည်။

သူက ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံတွင် အပိုဆောင်း 3000,000 မဂ္ဂါဝပ် ဖြစ်နိုင်ချေနှင့် အမေရိကန်ကုမ္ပဏီတစ်ခုနှင့် 2,000 MW အတွက် ပူးပေါင်လုပ်ကိုင်းရန် လေ့လာနေသည်ဟု ပြောကြားခဲ့သည်။

B.Grimm သည် သဘာဝဓာတ်ငွေ့သုံးဓာတ်ငွေ့ (LNG) ထပ်တိုးစီမံကိန်းများအတွက် မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ရာ ထုတ်လုပ်မှုပမာဏ ၃,၀၀၀ မဂ္ဂါဝပ် ရှိမည် ဖြစ်သည်။

ဗီယက်နမ်သည် အလားအလာကောင်းသည့်ဈေးကွက်တစ်ခုဖြစ်ကြောင်း Mr Link မှ ပြောကြားခဲ့သည်။ "ကျနော်တို့က အဲဒီမှာအကြီးဆုံးစွမ်းအင်အော်ပရေတာဖြစ်တယ်။ မဂ္ဂါဝပ် ၁,၀၀၀ ကနေ ၃,၀၀၀ ကြားအထိ စီမံကိန်းတွေရှိတယ်။ ဗီယက်နမ်ကနေ နှစ်စဉ် LNG တန်ချိန် ၆၅၀,၀၀၀ တင်သွင်းဖို့ လိုင်စင်ရရှိထားတယ်" ဟု သူက ပြောသည်။

ကော်ပိုရေးရှင်းစုကြီး အနေဖြင့် လက်ရှိစက်ရုံများနှင့် စက်ရုံအသစ်များအတွက် စက်မှုဇုန်နယ်မြေများရှိ စွမ်းအင်သိုလှောင်မှုစနစ် လုပ်ကိုင်ရန် အစီအစဉ်များ ရှိသည်။ ထို့ပြင် မလေးရှားနိုင်ငံတွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတစ်ခုတည်ဆောက်ရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။

သဘာဝပတ်ဝန်းကျင် မထိခိုက်သော အစိမ်းရောင်စွမ်းအင်စီမံကိန်းများဖြစ်သည့် ဟိုက်ဒရိုဂျင်၊ နေအိမ်ခေါင်မိုးများနှင့် ရေပေါ် နေရောင်ခြည်စွမ်းအင်သုံး ရေနွေးငွေ့ပါဝါ လျှပ်စစ်စွမ်းအင် စီမံကိန်းများ လုပ်ဆောင်ရန် အစီအစဉ် ရှိသည်။

“သဘာဝ ကုန်ကြမ်းဖြစ်တဲ့ ပင်လယ်ရေမှော်ဆီ ထုတ်လုပ်ရန် ဖြစ်နိုင်ခြေကို လေ့လာရန်အတွက် တောင်ကိုရီးယားနှင့်ကျွန်တော်တို့ ပူးပေါင်းလုပ်ကိုင်နေပါတယ်။ အဲဒီနည်းပညာက ဖြစ်နိုင်မလားဆိုတာကို လေ့လာနေတာပါ"

ကော်ပိုရေးရှင်းစုကြီးတွင် လေအေးပေးစက်လုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများလည်း ရှိသေးသည်။ ယခုမှ အစပျိုး လုပ်ကိုင်သည့်အဆင့်တွင် ဖြစ်သည်။

 

msn.com/

Local News Read 1145 times