တရုတ် - မြန်မာ နှစ်နိုင်ငံမှ လုပ်ငန်းရှင်များ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ ဆွေးနွေ


08 March, 2019

တရုတ်နိုင်ငံ Guangdong CCPIT က Deputy Governor ဆိုတဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို လာမယ့် မတ်လ ၁၂ ရက်နေ့မှာ လာရောက်ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။


Deputy Governor နဲ့အတူ စီးပွားရေးလုပ်ငန်းရှင် ၄၅ ဦး ပါဝင်ပြီး ဒီ “ China (Guangdong) - Myanmar Trade and Investment Cooperation Conference ” ကို လာမယ့် ၁၂ ရက်၊ အင်္ဂါနေ့ WYNDHAM Hotel, 3rd Floor, Amarapura Grand Ballroom၊ Yangon မှာ ပြုလုပ် ကျင်းပသွားမှာပါ။

လာရောက် ဆွေးနွေးမယ့် တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေထဲမှာ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းပညာရပ်များ၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် မော်တော်ယာဉ်လုပ်ငန်းများ၊ ရေထွက်ပို့ကုန်နှင့် စိုက်ပျိုးရေး ဆက်စပ်လုပ်ငန်းများက လုပ်ငန်းရှင်တွေ ပါဝင်ပါတယ်။


ဒါ့အပြင် ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ အိမ်ခြံမြေ၊ အကြံပေးနှင့် ဘဏ်ဝန်ဆောင်မှုများ၊ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ၊ ဆောက်လုပ်ရေး နှင့် အိမ်တွင်းအလှဆင်ခြင်း လုပ်ငန်း စတဲ့ ကဏ္ဍမျိုးစုံက စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်း အမျိုးမျိုး၊ စက်မှုကဏ္ဍအသီးသီးက လုပ်ငန်းရှင်တွေအနေနဲ့ တက်ရောက်ပြီး ဆွေးနွေးသင့်တဲ့ B2B Business Matching ပွဲကောင်းတစ်ခု ဖြစ်ပါတယ်။

တက်ရောက်လိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ https://bit.ly/2H7LOmI ဒီလင့်ခ်ကနေတစ်ဆင့် နာမည်စာရင်း ပေးသွင်းနိုင်ရသလို နိုင်ငံတကာဆက်ဆံရေးဌာန အီးမေးလ်ဖြစ်တဲ့ [email protected] ကနေလည်း ပေးပို့လို့ ရပါတယ်။


UMFCCI

Myanmar Industry Directory

Export, Import Local News Read 623 times