ဘတ်ငွေ ခြောက်လအတွင်း အမြင့်ဆုံးသို့ အားကောင်းလာ


15 December, 2022

ဘတ်ငွေ ခြောက်လအတွင်း အမြင့်ဆုံးသို့ အားကောင်းလာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဘတ်ငွေသည်  အမေရိကန်တစ်ဒေါ်လာလျှင် ၃၄.၅၇ ဘတ်ဖြင့် ဗုဒ္ဓဟူးနေ့ တွင် ဈေးပိတ်ခဲ့ပြီး ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၅)တွင် ၃၄.၅၃ ဖြင့် ဈေးဖွင့်ခဲ့သည်။ ခြောက်လအတွင်း အမြင့်ဆုံးသို့ အားကောင်းလာခဲ့သည်။ သို့သော် ဈေးဖွင့်ပြီး တစ်နာရီခန့်အကြာတွင် ၃၄.၇၄၅ သို့ ပြန်ကျဆင်းသည်။

ဒေါ်လာ ဈေးကျခြင်းနှင့် ရွှေ ထုတ်ရောင်းကြခြင်းသည် ဘတ်ငွေကို အားကောင်း‌ေစသည်ဟု Krungthai စျေးကွက်ဗျူဟာမှူး Poon Panichpibool က ပြောသည်။
အကယ်၍ အမေရိကန်နှင့် အာရှတို့မှ ငွေကြေးဈေးကွက်များတွင် ဆုံးရှုံးမည့်အန္တရာယ် ရှိနေသဖြင့် ထိုင်းနိုင်ငံမှ ရှယ်ယာများကို ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့က ထုတ်ရောင်းကြလျှင် ဘတ် ပြန်အားပျော့သွားနိုင်ကြောင်း ၎င်းက ပြောကြားသည်။ ဘတ်သည် တစ် ကန်ဒေါ်လာ ၃၅ ဘတ် ရေချိန်အောက်သို့ မရောက်နိုင်ဟု Poon က ပြောကြားသည်။
Source nationthailand 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 545 times