ဒေါ်လာ မာသဖြင့် ဘတ် အားပျော့ 


29 August, 2022

ဒေါ်လာ မာသဖြင့် ဘတ် အားပျော့ 

ထိုင်းဘတ် အမေရိကန်ဒေါ်လာ ငွေလဲနှုန်း သောကြာနေ့ (ဩဂုတ် ၂၈) အပိတ်ဈေး 36.03 ဖြစ်ခဲ့ပြီး တနက်္လာနေ့တွင် 36.29 ဖြင့် ဈေးဖွင့်သည်။

ထိုင်းဘတ်ငွေ တစ်ပတ်တာအတွင်း 35.80 နှင့် 36.40 အတွင်း ရှိလိမ့်မည်ဟု Krungthai ဈေးကွက် မဟာဗျူဟာမှူး Poon Panichpibool က တင်ကြိုခန့်မှန်းထားသည်။

ဒေါ်လာ မာသည့်အလျောက် ဘတ်က အားပျော့နိုင်ဖွယ်ရှိပြီး ရွှေဈေးနှုန်း ဦးစိုက်မည်ဟု Poon က ပြောကြားသည်။

နောက်လ စက်တင်ဘာလအတွင်း အမေရိကန်နိုင်ငံ ဗဟိုဘဏ်ဖြစ‌်သော ပြည်ထောင်စု အရန်ငွေ  Federal Reserve က  အတိုးနှုန်း ၉.၇၅% ထပ်တိုးလိမ့်ဦးမည်ဟု  စျေးကွက်က မျှော်လင့်ထားသောကြောင့် ဒေါ်လာသည် မာနေသည်။  အမေရိကန်အလုပ်သမားဆိုင်ရာ ဒေတာက ထင်ထားကြသည်ထက် သာလွန်ကောင်းမွန်နေပါက ဒေါ်လာ ပိုအားကောင်းးသွားလိမ့်မည်။

အတိုးနှုန်းတိုးမြှင့်ခြင်းဖြင့် ယူရိုကို အထောက်အကူ ဖြစ်စေနိုင်ပြီး ဒေါ်လာ၏အားကောင်းမှုကို နှေးကွေးစေနိုင်ကြောင်း ဥရောပဗဟိုဘဏ်က အရိပ်အမြွက် ပြောဆိုထားသဖြင့် အီးယူတွင်လည်း အတိုးနှုန်း မြှင့်ဖွယ် ရှိသည်ဟု ၎င်းက ပြောကြားသည်။ 
#MyanmarIndustriesGuide 
Source THE NATION
Telegram Channel https://t.me/Guid4U

Banking & Loan Read 23804 times